အိုက်စလန်အဖြစ်အပျက်ပြီးနောက် အင်္ဂလန်တွင် ဒုတိယအခွင့်အရေးပေးတဲ့ ဆောက်ဂိတ်ကို ဖိုဒန်ကျေးဇူးတင်

ဖီးလ်ဖိုဒန်ကပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းကအင်္ဂလန်အသင်းမှ၎င်းနှင့်မေဆင်ဂရင်းဝုဒ်တို့ထုတ်ပယ်ခြင်းခံခဲ့ရတဲ့အငြင်းပွားဖွယ်ရာအဖြစ်အပျက်ကိုအတိတ်တွင်ထားခဲ့ပြီးအင်္ဂလန်အသင်းတွင်ဒုတိယအခွင့်အရေးပေးတဲ့နည်းပြဂရေမီဆောက်ဂိတ်ကိုကျေးဇူးတင်ကြောင်းပြောကြားလာပါတယ်။

ဖီးလ်ဖိုဒန်နှင့်မေဆင်ဂရင်းဝုဒ်တို့ဟာအိုက်စလန်သို့နိုင်ငံတကာပွဲကစားရန်ရောက်ရှိနေစဉ်အတွင်းတွင်အသင်းတည်းခိုရာဟိုတယ်သို့အိုက်စလန်သူလေးများကိုခေါ်ဆောင်ခဲ့မှုအတွက်အသင်းမှထုတ်ပယ်ခဲ့ပါတယ်။

ဒါပေမယ့်ဖီးလ်ဖိုဒန်ဟာမန်စီးတီးနှင့်အတူခြေစွမ်းပြကစားနိုင်မှုနဲ့အတူအင်္ဂလန်အသင်းတွင်ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဖိုဒန်က “ကြီးမားတဲ့အမှားလုပ်ခဲ့တယ်။ငယ်ကလည်းငယ်သေးတယ်။ဒါပေမယ့်ဂါရတ်ကကောင်းကောင်းကစားနိုင်ရင်နောက်ထပ်အခွင့်အရေးရလာမယ်လို့ဆိုပါတယ်။နောက်တော့ကျွန်တော်လည်းကြိုးစားခဲ့တယ်။ဒီလိုမျိုးနောက်ထပ်အခွင့်အရေးပေးတဲ့နည်းပြများများစားစားမရှိပါဘူး။ကျွန်တော့်ကိုနောက်ထပ်အခွင့်အရေးပေးတဲ့ဂါရတ်ကိုကျေးဇူးတင်ပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ZawGyi

အိုက္စလန္အျဖစ္အပ်က္ၿပီးေနာက္ အဂၤလန္တြင္ ဒုတိယအခြင့္အေရးေပးတဲ့ ေဆာက္ဂိတ္ကို ဖိုဒန္ေက်းဇူးတင္

ဖီးလ္ဖိုဒန္ကၿပီးခဲ့တဲ့ႏွစ္စက္တင္ဘာလတုန္းကအဂၤလန္အသင္းမွ၎ႏွင့္ေမဆင္ဂရင္းဝုဒ္တို႔ထုတ္ပယ္ျခင္းခံခဲ့ရတဲ့အျငင္းပြားဖြယ္ရာအျဖစ္အပ်က္ကိုအတိတ္တြင္ထားခဲ့ၿပီးအဂၤလန္အသင္းတြင္ဒုတိယအခြင့္အေရးေပးတဲ့နည္းျပဂေရမီေဆာက္ဂိတ္ကိုေက်းဇူးတင္ေၾကာင္းေျပာၾကားလာပါတယ္။

ဖီးလ္ဖိုဒန္ႏွင့္ေမဆင္ဂရင္းဝုဒ္တို႔ဟာအိုက္စလန္သို႔ႏိုင္ငံတကာပြဲကစားရန္ေရာက္ရွိေနစဥ္အတြင္းတြင္အသင္းတည္းခိုရာဟိုတယ္သို႔အိုက္စလန္သူေလးမ်ားကိုေခၚေဆာင္ခဲ့မႈအတြက္အသင္းမွထုတ္ပယ္ခဲ့ပါတယ္။

ဒါေပမယ့္ဖီးလ္ဖိုဒန္ဟာမန္စီးတီးႏွင့္အတူေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူအဂၤလန္အသင္းတြင္ျပန္လည္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ဖိုဒန္က “ႀကီးမားတဲ့အမွားလုပ္ခဲ့တယ္။ငယ္ကလည္းငယ္ေသးတယ္။ဒါေပမယ့္ဂါရတ္ကေကာင္းေကာင္းကစားႏိုင္ရင္ေနာက္ထပ္အခြင့္အေရးရလာမယ္လို႔ဆိုပါတယ္။ေနာက္ေတာ့ကြၽန္ေတာ္လည္းႀကိဳးစားခဲ့တယ္။ဒီလိုမ်ိဳးေနာက္ထပ္အခြင့္အေရးေပးတဲ့နည္းျပမ်ားမ်ားစားစားမရွိပါဘူး။ကြၽန္ေတာ့္ကိုေနာက္ထပ္အခြင့္အေရးေပးတဲ့ဂါရတ္ကိုေက်းဇူးတင္ပါတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။