
ဝန်နာဒါနာဟာခင်ပွန်းသည်မော်ရိုအိုင်ကာဒီနှင့်လမ်းခွဲလိုက်ပြီးနောက်သူမထက်အသက်၁၃နှစ်ငယ်တဲ့ရက်ပါ L-Gante နှင့်အနမ်းချွေနေခဲ့တာတွေ့ရပါတယ်။
အသက်၃၅နှစ်ရှိဝန်ဒါနာရာဟာပြီးခဲ့တဲ့လတုန်းကခင်ပွန်းသည်ဂါလာတာစာရေးတိုက်စစ်မှူးမော်ရိုအိုင်ကာဒီနှင့်လမ်းခွဲခဲ့သူဖြစ်ပါတယ်။
ယင်းနောက်သူမကို သူမထက်ဆယ်နှစ်ကျော်ငယ်တဲ့ အသက်၂၂နှစ်ရှိဂီတအနုပညာရှင် L-Gante အမည်ရင်းအီလီယန်အိန်ဂျယ်ဗာလန်ဇူးလာနှင့်တွေ့လာရတာလည်းဖြစ်ပါတယ်။
၎င်းတို့အကြားအသက်အရွယ်များစွာကွာဟတဲ့အပြင်ခင်ပွန်းသည်နှင့်လမ်းခွဲပြီးတစ်လကျော်မျှသာရှိသေးပေမဲ့လည်းဝန်ဒါနာရာတို့အကြားအနမ်းနှင့်ပွေ့ဖက်မှုတို့ကိုမတားဆီးနိုင်ခဲ့ပါဘူး။
ခင်ပွန်းသည်အိုင်ကာဒီကတော့ဇနီးသည်ဟောင်းရဲ့လုပ်ရပ်အပေါ်မှာစိတ်ပျက်လျက်ရှိနေပါတယ်။
ဝန်ဒါနာရာနှင့်ကလေးနှစ်ဦးရရှိခဲ့တဲ့အိုင်ကာဒီက “သူမရဲ့အပြုအမူ၊အနေအထိုင်တို့ကြောင်း တကမ္ဘာလုံးရဲ့ဟားတိုက်ရယ်တာခံနေရပြီ။ကျွန်တော်လည်းဒါမျိုးအားမပေးချင်ဘူး။အကာအကွယ်မဲ့နေတာကိုထပ်ပြီးတော့မကာကွယ်ပေးချင်တော့ဘူး”လို့ဆိုသွားပါတယ်။
ZawGyi
အိုင်ကာဒီနှင့် လမ်းခွဲလိုက်ပြီးနောက် ၁၃ နှစ်ငယ်တဲ့ ရက်ပါနှင့် အနမ်းချွေနေခဲ့တဲ့ ဝန်ဒါရာနာ