အိုင်ဗရီကို့စ်အသင်းရဲ့ပထမဆုံးအကြိမ်အဖြစ်ရွေးချယ်ခြင်းခံရတဲ့ မန်ယူပါရမီရှင်အာမက်ဒီရယ်လို

မန်ယူလူငယ်ပါရမီရှင်အာမက်ဒီရယ်လိုဟာအိုင်ဗရီကို့စ်လက်ရွေးစင်အသင်းရဲ့ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

အာမက်ဒီရယ်လိုဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အတ္တလန္တာမှပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။သူဟာအစောပိုင်းတုန်းကမန်ယူယူ-၂၃အသင်းတွင်သာကစားခဲ့ရသော်လည်းယခုအခါမန်ယူပထမအသင်း တွင်ပုံမှန်ပါဝင်ခွင့်ရရှိနေပါတယ်။

အသက်၁၈နှစ်ရှိတောင်ပံတိုက်စစ်သမားဟာမန်ယူတွင်ခြေစွမ်းပြကစားနိုင်မှုနှင့်အတူအိုင်ဗရီကို့စ်နည်းပြ ပါထရစ်ဘူမယ်လီရဲ့ရွေးချယ်ခြင်းခံလာခဲ့ရပြီဖြစ်ပါတယ်။

အေမက်ဒီရယ်လိုဟာအိုင်ဗရီကို့စ်ရဲ့အာဖရိကဖလားခြေစစ်ပွဲများအတွက်မန်ယူကစားဖော်ဘိုင်လီနှင့်အတူရွေးချယ်ခြင်းခံရတာလည်းဖြစ်ပါတယ်။

အိုင်ဗရီကို့စ်ဟာလာမယ့်သောကြာနေ့မှာနီဂါနှင့်ရင်ဆိုင်ကစားရမှာဖြစ်ပြီးအုပ်စုထိပ်ဆုံးနေရာတွင်ဆက် လက်ရပ်တည်ရေးအတွက်အနိုင်ရရှိရန်လိုအပ်နေပါတယ်။

ZawGyi

အိုင္ဗရီကို႔စ္အသင္းရဲ႕ပထမဆုံးအႀကိမ္အျဖစ္ေ႐ြးခ်ယ္ျခင္းခံရတဲ့ မန္ယူပါရမီရွင္အာမက္ဒီရယ္လို

မန္ယူလူငယ္ပါရမီရွင္အာမက္ဒီရယ္လိုဟာအိုင္ဗရီကို႔စ္လက္ေ႐ြးစင္အသင္းရဲ႕ပထမဆုံးအႀကိမ္အျဖစ္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

အာမက္ဒီရယ္လိုဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အတၱလႏၲာမွေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။သူဟာအေစာပိုင္းတုန္းကမန္ယူယူ-၂၃အသင္းတြင္သာကစားခဲ့ရေသာ္လည္းယခုအခါမန္ယူပထမအသင္း တြင္ပုံမွန္ပါဝင္ခြင့္ရရွိေနပါတယ္။

အသက္၁၈ႏွစ္ရွိေတာင္ပံတိုက္စစ္သမားဟာမန္ယူတြင္ေျခစြမ္းျပကစားႏိုင္မႈႏွင့္အတူအိုင္ဗရီကို႔စ္နည္းျပ ပါထရစ္ဘူမယ္လီရဲ႕ေ႐ြးခ်ယ္ျခင္းခံလာခဲ့ရၿပီျဖစ္ပါတယ္။

ေအမက္ဒီရယ္လိုဟာအိုင္ဗရီကို႔စ္ရဲ႕အာဖရိကဖလားေျခစစ္ပြဲမ်ားအတြက္မန္ယူကစားေဖာ္ဘိုင္လီႏွင့္အတူေ႐ြးခ်ယ္ျခင္းခံရတာလည္းျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္ဟာလာမယ့္ေသာၾကာေန႔မွာနီဂါႏွင့္ရင္ဆိုင္ကစားရမွာျဖစ္ၿပီးအုပ္စုထိပ္ဆုံးေနရာတြင္ဆက္ လက္ရပ္တည္ေရးအတြက္အႏိုင္ရရွိရန္လိုအပ္ေနပါတယ္။