အိုဆာဆူနာနှင့်တစ်ဂိုးစီသရေကျကာ ရာနှုန်းပြည့်နိုင်ပွဲဆက်မှု ရပ်သွားတဲ့ ရီးရဲလ်မက်ဒရစ်

ကာရမ်ဘန်ဇီးမားရဲ့မိနစ် ၈၀ ပင်နယ်တီ အပေါ်ဘားထိသွားမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်ဟာယခုရာသီလာလီဂါတွင်ရာနှုန်းပြည့်နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဗီနီရှပ်စ်ရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပေမဲ့လည်းဒုတိယပိုင်းအစ၅မိနစ်တွင်ကီကီကအိုဆာဆူနာအတွက်ချေပဂိုးသွင်းခဲ့ပါတယ်။

အိုဆာဆူနာဟာဘန်ဇီးမားကိုဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်မှုကြောင့် ပင်နယ်တီပေးခဲ့ရသလိုဒေးဗစ်ဂါစီယာလည်းအထုတ်ခံရမှုကြောင့် ၁၀ဦးတည်းနဲ့ ကစားခဲ့ရပါတယ်။

ဒိုင်လူကြီးဟာကွင်းဘေးရှိမော်နီတာတွင်ကြည့်ရှုစစ်ဆေးပြီးနောက် ဂိုးသွင်းတော့မဲ့ဘန်ဇီးမားကိုနောက်ကတွန်းတယ်ဆိုပြီးဂါစီယာကိုအနီကတ်ပြကာပင်နယ်တီပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ယင်းပင်နယ်တီကိုဘန်ဇီးမားကန်ရာမှာအပေါ်ဘားထိသွားခဲ့ပါတယ်။ ဒါ့ပေမဲ့အနည်းငယ်အကြာမှာချက်ချင်းဆိုသလိုဘန်ဇီးမား ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်းလူကျွံနေတယ်ဆိုပြီးငြင်းပယ်ခံခဲ့ရပါတယ်။

ZawGyi

အိုဆာဆူနာႏွင့္တစ္ဂိုးစီသေရက်ကာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္မႈ ရပ္သြားတဲ့ ရီးရဲလ္မက္ဒရစ္

ကာရမ္ဘန္ဇီးမားရဲ႕မိနစ္ ၈၀ ပင္နယ္တီ အေပၚဘားထိသြားမႈႏွင့္အတူ ရီးရဲလ္မက္ဒရစ္ဟာယခုရာသီလာလီဂါတြင္ရာႏႈန္းျပည့္ႏိုင္ပြဲဆက္မႈရပ္တန႔္သြားခဲ့ၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဗီနီရွပ္စ္ရဲ႕ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းဒုတိယပိုင္းအစ၅မိနစ္တြင္ကီကီကအိုဆာဆူနာအတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။

အိုဆာဆူနာဟာဘန္ဇီးမားကိုဧရိယာအတြင္းျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ ပင္နယ္တီေပးခဲ့ရသလိုေဒးဗစ္ဂါစီယာလည္းအထုတ္ခံရမႈေၾကာင့္ ၁၀ဦးတည္းနဲ႔ ကစားခဲ့ရပါတယ္။

ဒိုင္လူႀကီးဟာကြင္းေဘးရွိေမာ္နီတာတြင္ၾကည့္ရႈစစ္ေဆးၿပီးေနာက္ ဂိုးသြင္းေတာ့မဲ့ဘန္ဇီးမားကိုေနာက္ကတြန္းတယ္ဆိုၿပီးဂါစီယာကိုအနီကတ္ျပကာပင္နယ္တီေပးခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ယင္းပင္နယ္တီကိုဘန္ဇီးမားကန္ရာမွာအေပၚဘားထိသြားခဲ့ပါတယ္။ ဒါ့ေပမဲ့အနည္းငယ္အၾကာမွာခ်က္ခ်င္းဆိုသလိုဘန္ဇီးမား ဂိုးသြင္းႏိုင္ခဲ့ေပမဲ့လည္းလူကြၽံေနတယ္ဆိုၿပီးျငင္းပယ္ခံခဲ့ရပါတယ္။