အိုဆူဆူနာနှင့်ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မယ့် ရီးရဲလ်မက်ဒရစ်ရဲ့ကာဗာဂျယ်

ရီးရဲလ်မက်ဒရစ်ညာနောက်ခံလူဒါနီကာဗာဂျယ်ဟာငါးကြိမ်မြောက်အဝါကတ်ကြောင့်လာမယ့်အပတ်မှာအိုဆာဆူနာအားအဝေးကွင်းသို့သွားရောက်ကစားရမယ့်ပွဲကိုလွဲချော်တော့မှာဖြစ်ကြောင်းသိရပါတယ်။

စပိန်လက်ရွေးစင်နောက်ခံလူဟာမနေ့တုန်းက၂၀၂၁ခုနှစ်ရဲ့ပထမဆုံးရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်ဖြစ်တဲ့ဆဲလ်တာဗီဂိုအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအဝါကတ်ပြသခံခဲ့ရပါတယ်။

ယင်းအဝါကတ်မှာကာဗာဂျယ်အတွက်ငါးကြိမ်မြောက်အဝါကတ်ဖြစ်ပြီးတစ်ပွဲပယ်ပြစ်ဒဏ်ခံရတော့မှာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာဇီဒန်းအတွက်ကာဗာဂျယ်အဝါကတ်ကြောင့်တစ်ပွဲပယ်ခံရမှုကသတင်းကောင်းတစ်ခုလည်းဖြစ်နေပါတယ်။

ဇီဒန်းရဲ့ရီးရဲလ်မက်ဒရစ်ဟာလာမယ့်ပွဲကျပ်ကာလအတွက်ကာဗာဂျယ်ကိုအနားပေးလိုက်နိုင်တာလည်းဖြစ်ပါတယ်။ဇီဒန်းဟာညာနောက်ခံလူနေရာမှာဗက်ဇ်ကွက်ဇ်(သို့မဟုတ်)အီဒါမီလီတာအို(သို့မဟုတ်)အိုဒရီယိုဇိုလာတို့အား အသုံးပြုသွားပါမယ်။

ရီးရဲလ်မက်ဒရစ်အတွက်သတင်းကောင်းကတော့လာမယ့်အပတ်မှာဗယ်ဗာဒီနှင့်အေဒင်ဟာဇက်တို့မှာလည်းကြံ့ခိုင်မှုပြည့်ဝလာမယ့်အရေးဖြစ်ပါတယ်။

ZawGyi

အိုဆူဆူနာႏွင့္ပြဲစဥ္ကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္မယ့္ ရီးရဲလ္မက္ဒရစ္ရဲ႕ကာဗာဂ်ယ္

ရီးရဲလ္မက္ဒရစ္ညာေနာက္ခံလူဒါနီကာဗာဂ်ယ္ဟာငါးႀကိမ္ေျမာက္အဝါကတ္ေၾကာင့္လာမယ့္အပတ္မွာအိုဆာဆူနာအားအေဝးကြင္းသို႔သြားေရာက္ကစားရမယ့္ပြဲကိုလြဲေခ်ာ္ေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

စပိန္လက္ေ႐ြးစင္ေနာက္ခံလူဟာမေန႔တုန္းက၂၀၂၁ခုႏွစ္ရဲ႕ပထမဆုံးရီးရဲလ္မက္ဒရစ္ရဲ႕ပြဲစဥ္ျဖစ္တဲ့ဆဲလ္တာဗီဂိုအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအဝါကတ္ျပသခံခဲ့ရပါတယ္။

ယင္းအဝါကတ္မွာကာဗာဂ်ယ္အတြက္ငါးႀကိမ္ေျမာက္အဝါကတ္ျဖစ္ၿပီးတစ္ပြဲပယ္ျပစ္ဒဏ္ခံရေတာ့မွာျဖစ္ပါတယ္။

အျခားတစ္ဖက္မွာဇီဒန္းအတြက္ကာဗာဂ်ယ္အဝါကတ္ေၾကာင့္တစ္ပြဲပယ္ခံရမႈကသတင္းေကာင္းတစ္ခုလည္းျဖစ္ေနပါတယ္။

ဇီဒန္းရဲ႕ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ပြဲက်ပ္ကာလအတြက္ကာဗာဂ်ယ္ကိုအနားေပးလိုက္ႏိုင္တာလည္းျဖစ္ပါတယ္။ဇီဒန္းဟာညာေနာက္ခံလူေနရာမွာဗက္ဇ္ကြက္ဇ္(သို႔မဟုတ္)အီဒါမီလီတာအို(သို႔မဟုတ္)အိုဒရီယိုဇိုလာတို႔အား အသုံးျပဳသြားပါမယ္။

ရီးရဲလ္မက္ဒရစ္အတြက္သတင္းေကာင္းကေတာ့လာမယ့္အပတ္မွာဗယ္ဗာဒီႏွင့္ေအဒင္ဟာဇက္တို႔မွာလည္းႀကံ့ခိုင္မႈျပည့္ဝလာမယ့္အေရးျဖစ္ပါတယ္။