အိုဇေးလ်နှင့်ကိုလာစီနစ်တို့အား လုယက်ခဲ့တဲ့ လူဆိုးများ ထောင်နန်းနှစ်တစ်ရာကျော်စံမြန်းရမည်

အာဆင်နယ်စတားများဖြစ်ကြတဲ့မီဆတ်အိုဇေးလ်နှင့်ဆက်ကိုလာစီနစ်တို့အား ဓားပြတိုက်ခဲ့ကြတဲ့ဒုစရိုက်ဂိုဏ်းသားများဟာထောင်ဒဏ်နှစ်တစ်ရာကျော်ကျမှတ်ခြင်းခံခဲ့ရပါတယ်။

ဓားများအမြဲဆောင်လေ့ရှိကြတဲ့လူရှစ်ဦးပါလူဆိုးများဟာချမ်းသာကြွယ်ဝတဲ့သူသူများရဲ့ဧရိယာအတွင်းတွင်လှုပ်ရှားကာနေအိမ်ဖောက်ထွင်းခြင်း၊ကားများကိုတားဆီးကာဓားပြတိုက်ခြင်းတို့အား၂၀၁၉ခုနှစ်၊ဧပြီလမှ၂၀၂၀ခုနှစ်၊ဇူလိုင်လအထိပြုလုပ်လာခဲ့ကြသူများလည်းဖြစ်ပါတယ်။

ယင်းလူဆိုးများထဲမှဂျော်ဒန်နော့အိုဗာမှာကိုလာစီနစ်နှင့်အိုဇေးလ်တို့စီးနင်းလာတဲ့ကားကိုတားဆီးကာပေါင်၂သိန်းကျော်တန်နာရီများကိုဓားပြတိုက်ခဲ့ကြသူများဖြစ်ပါတယ်။သူနှင့်အပေါင်းပါတို့ဟာမော်တော်ဆိုင်ကယ်ဖြင့်ရောက်လာကာကိုလာစီနစ်နှင့်အိုဇေးလ်ကိုဓားပြတိုက်ခိုက်ပါတယ်။

ကိုလာစီနစ်ကတုံ့ပြန်ရန်ကြိုးပမ်းပြီးနောက်လည်ပင်းကိုစူးချွန်ဖြင့်ထိုးချိန်ခြင်းခံရကာအသက်ပေးရမယ့်အခြေအနေသို့အထိကြုံခဲ့ပါတယ်။

နော့အိုဗာနှင့်အပေါင်းပါတို့ဟာအာဆင်နယ်စတားများအပြင် အခြားအမှုပေါင်းများစွာကျူးလွန်ခဲ့ပြီးယင်းအထဲတွင်အသက်၈၀နှစ်အရွယ်အဘွားအိုတစ်ဦးကိုဓားပြတိုက်မှုလည်းပါဝင်ပါတယ်။

နော့အိုဗာဟာ၂၀၁၉ခုနှစ်၊နိုဝင်ဘာလတုန်းကသူ့အားစွပ်စွဲမှုကိုဝန်ခံခဲ့ပြီးစုစုပေါင်းထောင်ဒဏ်၁၈နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ဒါ့အပြင်၎င်းကဲ့သို့ပင်ဒုစရိုက်မှုပေါင်းများစွာကျူးလွန်ခဲ့တဲ့ပက်ထရစ်ဒီလာနေးမှာထောင်ဒဏ်၁၆နှစ်၊မာတင်ဒီလာနေးမှာထောင်ဒဏ်၁၁နှစ်၊ကီယာကန်ဒါမှာထောင်ဒဏ်၁၄နှစ်၊ရိုင်ယန်လော်မှာထောင်ဒဏ်၉နှစ်၊စတီဗင်ဘာတန်မှာထောင်ဒဏ်နှစ်၂၀၊ချီယန်နီကာတိုနှင့်ဝက်စ်ဟမ်းစတက်တို့မှာထောင်ဒဏ်၁၅နှစ်အသီးသီးချမှတ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ေအးဂ်င့္စရိတ္အသုံးျပဳမႈအနည္းဆုံးအသင္းကဗီ႐ိုနာအသင္းျဖစ္ၿပီးယူ႐ို၃.၉သန္းဘဲအသုံးျပဳခဲ့ပါတယ္။

အိုေဇးလ္ႏွင့္ကိုလာစီနစ္တို႔အား လုယက္ခဲ့တဲ့ လူဆိုးမ်ား ေထာင္နန္းႏွစ္တစ္ရာေက်ာ္စံျမန္းရမည္

အာဆင္နယ္စတားမ်ားျဖစ္ၾကတဲ့မီဆတ္အိုေဇးလ္ႏွင့္ဆက္ကိုလာစီနစ္တို႔အား ဓားျပတိုက္ခဲ့ၾကတဲ့ဒုစ႐ိုက္ဂိုဏ္းသားမ်ားဟာေထာင္ဒဏ္ႏွစ္တစ္ရာေက်ာ္က်မွတ္ျခင္းခံခဲ့ရပါတယ္။

ဓားမ်ားအၿမဲေဆာင္ေလ့ရွိၾကတဲ့လူရွစ္ဦးပါလူဆိုးမ်ားဟာခ်မ္းသာႂကြယ္ဝတဲ့သူသူမ်ားရဲ႕ဧရိယာအတြင္းတြင္လႈပ္ရွားကာေနအိမ္ေဖာက္ထြင္းျခင္း၊ကားမ်ားကိုတားဆီးကာဓားျပတိုက္ျခင္းတို႔အား၂၀၁၉ခုႏွစ္၊ဧၿပီလမွ၂၀၂၀ခုႏွစ္၊ဇူလိုင္လအထိျပဳလုပ္လာခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။

ယင္းလူဆိုးမ်ားထဲမွေဂ်ာ္ဒန္ေနာ့အိုဗာမွာကိုလာစီနစ္ႏွင့္အိုေဇးလ္တို႔စီးနင္းလာတဲ့ကားကိုတားဆီးကာေပါင္၂သိန္းေက်ာ္တန္နာရီမ်ားကိုဓားျပတိုက္ခဲ့ၾကသူမ်ားျဖစ္ပါတယ္။သူႏွင့္အေပါင္းပါတို႔ဟာေမာ္ေတာ္ဆိုင္ကယ္ျဖင့္ေရာက္လာကာကိုလာစီနစ္ႏွင့္အိုေဇးလ္ကိုဓားျပတိုက္ခိုက္ပါတယ္။

ကိုလာစီနစ္ကတုံ႔ျပန္ရန္ႀကိဳးပမ္းၿပီးေနာက္လည္ပင္းကိုစူးခြၽန္ျဖင့္ထိုးခ်ိန္ျခင္းခံရကာအသက္ေပးရမယ့္အေျခအေနသို႔အထိႀကဳံခဲ့ပါတယ္။

ေနာ့အိုဗာႏွင့္အေပါင္းပါတို႔ဟာအာဆင္နယ္စတားမ်ားအျပင္ အျခားအမႈေပါင္းမ်ားစြာက်ဴးလြန္ခဲ့ၿပီးယင္းအထဲတြင္အသက္၈၀ႏွစ္အ႐ြယ္အဘြားအိုတစ္ဦးကိုဓားျပတိုက္မႈလည္းပါဝင္ပါတယ္။

ေနာ့အိုဗာဟာ၂၀၁၉ခုႏွစ္၊ႏိုဝင္ဘာလတုန္းကသူ႔အားစြပ္စြဲမႈကိုဝန္ခံခဲ့ၿပီးစုစုေပါင္းေထာင္ဒဏ္၁၈ႏွစ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။ဒါ့အျပင္၎ကဲ့သို႔ပင္ဒုစ႐ိုက္မႈေပါင္းမ်ားစြာက်ဴးလြန္ခဲ့တဲ့ပက္ထရစ္ဒီလာေနးမွာေထာင္ဒဏ္၁၆ႏွစ္၊မာတင္ဒီလာေနးမွာေထာင္ဒဏ္၁၁ႏွစ္၊ကီယာကန္ဒါမွာေထာင္ဒဏ္၁၄ႏွစ္၊႐ိုင္ယန္ေလာ္မွာေထာင္ဒဏ္၉ႏွစ္၊စတီဗင္ဘာတန္မွာေထာင္ဒဏ္ႏွစ္၂၀၊ခ်ီယန္နီကာတိုႏွင့္ဝက္စ္ဟမ္းစတက္တို႔မွာေထာင္ဒဏ္၁၅ႏွစ္အသီးသီးခ်မွတ္ျခင္းခံခဲ့ရပါတယ္။