အိုဇေးလ်အား ခေါ်/မခေါ်ကို ရက်ပိုင်းအတွင်း သိရမည်ဟု ဖီနာဘာချီနည်းပြအတည်ပြု

ဖီနာဘာချီနည်းပြအာရိုးလ်ဘူလတ်က အာဆင်နယ်အလယ်တန်းတိုက်စစ်သမားမီဆတ်အိုဇေးလ်အား ခေါ်ယူ/မခေါ်ယူဖြစ်ဆိုသည်ကိုရက်ပိုင်းအတွင်းတွင်သိရမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်များတုန်းက မီဒီယာများရဲ့ဖော်ပြချက်အရမီဆတ်အိုဇေးလ်ဟာဖီနာဘာချီသို့ တစ်ပတ်လုပ်ခပေါင်၉၀၀၀၀ဖြင့်သုံးနှစ်စာချုပ်ဖြင့်ပြောင်းရန်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။

အခြားတစ်ဖက်မှာအိုဇေးလ်မှာအာဆင်နယ်တွင်တစ်ပတ်လုပ်ခပေါင်၃၅၀၀၀၀ရရှိနေပြီးလက်ကျန်စာချုပ်သက် တမ်းအတွက်ပေါင်၈.၇၅သန်းအထိရရှိမယ့်အပြင်စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိကစားမှုကြောင့်သစ္စာရှိကြေး ပါရရှိဦးမှာဖြစ်ရာအပြောင်းအရွှေ့မှာဖြစ်လာနိုင်ဖွယ်မရှိလို့လည်းယူဆရပါတယ်။

ယခုအခါဖီနာဘာချီနည်းပြက “လာမယ့်ရက်တွေမှာမီဆတ်အိုဇေးလ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးရှင်းရှင်းလင်း လင်းသိလာရပါမယ်။အခုရောက်မလာသေးတော့ပြောဖို့ကအရမ်းခက်ခဲပါတယ်”လို့ပြောကြားသွားပါတယ်။

အခြားတစ်ဖက်တွင်အမေရိကန်မေဂျာလိဂ်ကလပ်ဒီစီယူနိုက်တက်ကလည်းအိုဇေးလ်ကိုခေါ်ယူဖိုစိတ်ဝင်စားနေပါတယ်။

ZawGyi





