
အာဆင်နယ်ဟာမာတင်အိုဒီဂတ်ကိုပြောင်းရွှေ့ကြေးပေါင်၃၄သန်းဖြင့်ရီးရဲလ်မက်ဒရစ်မှခေါ်ယူလိုက်ပြီဖြစ်ကြောင်းမီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။
အာဆင်နယ်ဟာနော်ဝေလက်ရွေးစင်ကစားသမားကိုငါးနှစ်စာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိထားပြီးဖြစ်ကာတနင်္ဂနွေနေ့ကစားမယ့်ချဲလ်ဆီးနှင့်လန်ဒန်ဒါဘီပွဲစဉ်တွင်ပါဝင်လာမှာဖြစ်ကြောင်းသိရပါတယ်။
သူဟာအာဆင်နယ်နှင့်စာချုပ်ချုပ်ဆိုမှုပင်ပြုလုပ်ပြီးပြီဟုသိရပါတယ်။
သူဟာကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားဖြစ်တာနဲ့အညီအာဆင်နယ်နှင့်ချက်ချင်းပူးပေါင်းကာလေ့ကျင့်ခန်းဆင်းနိုင်ပါမယ်။
London Football ကသူဟာဗုဒ္ဓဟူးနေ့ညနေလေးနာရီတုန်းကအာဆင်နယ်ရဲ့ကိုလ်နေးလေ့ကျင့်ရေးကွင်းသို့လာရောက်ကာဆေးစစ်မှုပြုလုပ်ခဲ့ကြောင်းဖော်ပြသွားပါတယ်။
ယင်းသို့အနေအထားကြောင့်အာဆင်နယ်ဟာယနေ့တွင်မာတင်အိုဒီဂတ်ရဲ့အပြောင်းအရွှေ့ကိုကြေညာလာဖို့သေချာသလောက်ရှိနေပါတယ်။
အာဆင်နယ်ဟာယခုနွေရာသီတွင်အလယ်တန်းတိုက်စစ်သမားဂျိုးဝဲလ်လော့ခ်အားနယူးကာဆယ်သို့ပေါင်၃၅သန်းဖြင့်ရောင်းချလိုက်ပြီးနောက်အလယ်တန်းတိုက်စစ်သမားတစ်ဦးရှာဖွေနေခဲ့တာဖြစ်ပြီးယခုအခါမာတင်အိုဒီဂတ်ကိုခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
ZawGyi
အိုဒီဂတ္ကို ေပါင္ ၃၄ သန္းျဖင့္ အာဆင္နယ္ ေခၚယူလိုက္ၿပီ၊ ခ်ဲလ္ဆီးႏွင့္ပြဲတြင္ စတင္သုံးလာႏိုင္
အာဆင္နယ္ဟာမာတင္အိုဒီဂတ္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၃၄သန္းျဖင့္ရီးရဲလ္မက္ဒရစ္မွေခၚယူလိုက္ၿပီျဖစ္ေၾကာင္းမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။
အာဆင္နယ္ဟာေနာ္ေဝလက္ေ႐ြးစင္ကစားသမားကိုငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိထားၿပီးျဖစ္ကာတနဂၤေႏြေန႔ကစားမယ့္ခ်ဲလ္ဆီးႏွင့္လန္ဒန္ဒါဘီပြဲစဥ္တြင္ပါဝင္လာမွာျဖ္စေၾကာင္းသိရပါတယ္။
သူဟာအာဆင္နယ္ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုမႈပင္ျပဳလုပ္ၿပီးၿပီဟုသိရပါတယ္။
သူဟာကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးသားျဖစ္တာနဲ႔အညီအာဆင္နယ္ႏွင့္ခ်က္ခ်င္းပူးေပါင္းကာေလ့က်င့္ခန္းဆင္းႏိုင္ပါမယ္။
London Football ကသူဟာဗုဒၶဟူးေန႔ညေနေလးနာရီတုန္းကအာဆင္နယ္ရဲ႕ကိုလ္ေနးေလ့က်င့္ေရးကြင္းသို႔လာေရာက္ကာေဆးစစ္မႈျပဳလုပ္ခဲ့ေၾကာင္းေဖာ္ျပသြားပါတယ္။
ယင္းသို႔အေနအထားေၾကာင့္အာဆင္နယ္ဟာယေန႔တြင္မာတင္အိုဒီဂတ္ရဲ႕အေျပာင္းအေ႐ႊ႕ကိုေၾကညာလာဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။
အာဆင္နယ္ဟာယခုေႏြရာသီတြင္အလယ္တန္းတိုက္စစ္သမားဂ်ိဳးဝဲလ္ေလာ့ခ္အားနယူးကာဆယ္သို႔ေပါင္၃၅သန္းျဖင့္ေရာင္းခ်လိုက္ၿပီးေနာက္အလယ္တန္းတိုက္စစ္သမားတစ္ဦးရွာေဖြေနခဲ့တာျဖစ္ၿပီးယခုအခါမာတင္အိုဒီဂတ္ကိုေခၚယူလိုက္ၿပီျဖစ္ပါတယ္။