အိုဒီဂတ်နှင့်မက်ဒီဆင်တို့အားမခေါ်ယူနိုင်မှသာလျှင် အူအာကို အငှားဖြင့်ခေါ်ယူရန် အာဆင်နယ်စဉ်းစားမည်

အာဆင်နယ်ဟာ၎င်းတို့ရဲ့အခြားပစ်မှတ်များအားခေါ်ယူရန်မဖြစ်နိုင်တော့မှသာလျှင်ဟူဆမ်အူအာအားအငှားဖြင့်ခေါ်ယူရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာကွင်းလယ်ဖန်တီးမှုအားနည်းနေမှုနဲ့အတူပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကရီးရဲလ်မက်ဒရစ်မှအငှားဖြင့်လာရောက်ကစားခဲ့တဲ့မာတင်အိုဒီဂတ်နှင့်လက်စတာစတားဂျိမ်းစ်မက်ဒီဆင်အားခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

ဟူဆမ်အူအာမှာပြီးခဲ့တဲ့အပြောင်းအရွှေ့နှစ်ခုဆက်တိုက်အာဆင်နယ်သို့ပြောင်းမယ်လို့သတင်းထွက်လာခဲ့သူဖြစ်ပါတယ်။

၂၀၂၀ခုနှစ်နွေရာသီတုန်းကအာဆင်နယ်ဟာအူအာကိုပေါင်သန်း၄၀ဖြင့်ကမ်းလှမ်းခဲ့ပေမယ့်လိုင်ယန်ရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်ပြီးခဲ့တဲ့ရာသီတုန်းကလိုင်ယွန်မှာချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့မှုနဲ့အတူအူအာရဲ့ပြောင်းရွှေ့ကြေးမှာလည်းပေါင်၂၅သန်းသို့လျှော့ကျသွားခဲ့ပါတယ်။

အာဆင်နယ်ဟာနယူးကာဆယ်သို့ပြောင်းရွှေ့သွားခဲ့တဲ့ဂျိုးဝဲလ်လော့ခ်ရဲ့နေရာတွင်အစားထိုးရန်အတွက်အူအာကိုအငှားဖြင့်ခေါ်ယူလိုနေပါတယ်။

တစ်ဖက်တွင်၎င်းတို့ဟာသူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့မာတင်အိုဒီဂတ်နှင့်ဂျိမ်းစ်မက်ဒီဆင်တို့အားခေါ်ယူရန်ကြိုးပမ်းနေပါတယ်။အာဆင်နယ်ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးမိနစ်တွင်မှအူအာကိုအငှားဖြင့်ခေါ်ယူရေးလုပ်ဆောင်သွားဖို့ရှိပါတယ်။

သို့ရာတွင်ရီးရဲလ်မက်ဒရစ်နည်းပြမာတင်အိုဒီဂတ်ကိုရောင်းချလိုခြင်းမရှိသလိုလက်စတာကလည်းမက်ဒီဆင်အတွက်ပေါင်သန်း၁၀၀အထိရရှိလိုနေမှုကအာဆင်နယ်အတွက်အခက်တွေ့စရာဖြစ်နေပါတယ်။

ZawGyi

အိုဒီဂတ္ႏွင့္မက္ဒီဆင္တို႔အားမေခၚယူႏိုင္မွသာလွ်င္ အူအာကို အငွားျဖင့္ေခၚယူရန္ အာဆင္နယ္စဥ္းစားမည္

အာဆင္နယ္ဟာ၎တို႔ရဲ႕အျခားပစ္မွတ္မ်ားအားေခၚယူရန္မျဖစ္ႏိုင္ေတာ့မွသာလွ်င္ဟူဆမ္အူအာအားအငွားျဖင့္ေခၚယူရန္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အာဆင္နယ္နည္းျပအာတီတာဟာကြင္းလယ္ဖန္တီးမႈအားနည္းေနမႈနဲ႔အတူၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကရီးရဲလ္မက္ဒရစ္မွအငွားျဖင့္လာေရာက္ကစားခဲ့တဲ့မာတင္အိုဒီဂတ္ႏွင့္လက္စတာစတားဂ်ိမ္းစ္မက္ဒီဆင္အားေခၚယူရန္ႀကိဳးပမ္းေနပါတယ္။

ဟူဆမ္အူအာမွာၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ႏွစ္ခုဆက္တိုက္အာဆင္နယ္သို႔ေျပာင္းမယ္လို႔သတင္းထြက္လာခဲ့သူျဖစ္ပါတယ္။

၂၀၂၀ခုႏွစ္ေႏြရာသီတုန္းကအာဆင္နယ္ဟာအူအာကိုေပါင္သန္း၄၀ျဖင့္ကမ္းလွမ္းခဲ့ေပမယ့္လိုင္ယန္ရဲ႕ပယ္ခ်ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ၿပီးခဲ့တဲ့ရာသီတုန္းကလိုင္ယြန္မွာခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့မႈနဲ႔အတူအူအာရဲ႕ေျပာင္းေ႐ႊ႕ေၾကးမွာလည္းေပါင္၂၅သန္းသို႔ေလွ်ာ့က်သြားခဲ့ပါတယ္။

အာဆင္နယ္ဟာနယူးကာဆယ္သို႔ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ဂ်ိဳးဝဲလ္ေလာ့ခ္ရဲ႕ေနရာတြင္အစားထိုးရန္အတြက္အူအာကိုအငွားျဖင့္ေခၚယူလိုေနပါတယ္။

တစ္ဖက္တြင္၎တို႔ဟာသူတို႔ရဲ႕အဓိကပစ္မွတ္ျဖစ္တဲ့မာတင္အိုဒီဂတ္ႏွင့္ဂ်ိမ္းစ္မက္ဒီဆင္တို႔အားေခၚယူရန္ႀကိဳးပမ္းေနပါတယ္။အာဆင္နယ္ဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးမိနစ္တြင္မွအူအာကိုအငွားျဖင့္ေခၚယူေရးလုပ္ေဆာင္သြားဖို႔ရွိပါတယ္။

သို႔ရာတြင္ရီးရဲလ္မက္ဒရစ္နည္းျပမာတင္အိုဒီဂတ္ကိုေရာင္းခ်လိုျခင္းမရွိသလိုလက္စတာကလည္းမက္ဒီဆင္အတြက္ေပါင္သန္း၁၀၀အထိရရွိလိုေနမႈကအာဆင္နယ္အတြက္အခက္ေတြ႕စရာျဖစ္ေနပါတယ္။