အိုဒီဂတ်အပြောင်းအရွှေ့အတွက် ရီးရဲလ်နှင့်ဆွေးနွေးသွားမည်ဟု အာဆင်နယ်နည်းပြအာတီတာအတည်ပြု

မီခေးလ်အာတီတာကအာဆင်နယ်မှာမာတင်အိုဒီဂတ်အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးလာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းတွင်ရီးရဲလ်မက်ဒရစ်နှင့်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။

အသက်၂၂နှစ်ရှိနော်ဝေလက်ရွေးစင်ကွင်းလယ်ဖန်တီးရှင်ဟာဇန်နဝါရီအပြောင်းအရွှေ့တွင်ရီးရဲလ်မက်ဒရစ်မှအငှားဖြင့်ရောက်လာပြီးနောက်အာဆင်နယ်အတွက်ပွဲ၂၀အထိကစားခဲ့သူဖြစ်ပါတယ်။

သူဟာယခုရာသီတွင်အာဆင်နယ်အသင်းရလဒ်ဆိုးရွားသော်လည်းခြေစွမ်းပြကစားနိုင်တဲ့အာဆင်နယ်ကစားသမားအနည်းငယ်ထဲမှတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့်အသင်းဟောင်းရီးရဲလ်မက်ဒရစ်သို့ပြန်ရတော့မှာလည်းဖြစ်ပါတယ်။

ဒါပေမယ့်အာဆင်နယ်နည်းပြအာတီတာဟာအိုဒီဂတ်အားဆက်လက်ခေါ်ယူလိုနေပါတယ်။အပြောင်းအရွှေ့မှာဖြစ်လာရန်မသေချာသော်လည်းအာဆင်နယ်ဘက်ကအစွမ်းကုန်ကြိုးပမ်းလာဖို့ ရှိနေပါတယ်။

အာတီတာက “ကျွန်တော်တို့ဘာလုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းလုပ်ထားပြီးပါပြီ။သူကကျွန်တော်တို့ကစားသမားမဟုတ်ပါဘူး။လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာဆွေးနွေးမှုလုပ်သွားပါမယ်။ဒါပေမယ့်ပထမဆုံးအနေနဲ့ကျွန်တော်တို့သတိပြုရမယ့်အချက်ကတော့သူကရီးရဲလ်မက်ဒရစ်ကစားသမားဆိုတာပါ။ကျွန်တော်တို့ဟာအသင်းမှာသူအကောင်းဆုံးကစားနိုင်ဖို့အစွမ်းကုန်လုပ်ခဲ့ကြပါတယ်။သူကလည်းကျွန်တော်တို့ကစားဟန်မှာတကယ်ဘဲအံဝင်ပါတယ်။ဒါကြောင့်ဒီနေရာကသူ့အတွက်အကောင်းဆုံးနေရာဖြစ်တယ်ဆိုတာသူခံစားရဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာရီးရဲလ်မက်ဒရစ်မှ၂နှစ်ရာသီအငှားဖြင့်လာရောက်ကစားနေတဲ့စီဘယ်လို့စ်ကိုတော့ပြန်လည်လက်လွှတ်သွားပါမယ်။စီဘယ်လို့စ်ဟာယခုရာသီမှာအာဆင်နယ်အတွက်ပွဲ၄၀ကစားခဲ့ရပေမယ့်ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

ZawGyi

အိုဒီဂတ္အေျပာင္းအေ႐ႊ႕အတြက္ ရီးရဲလ္ႏွင့္ေဆြးေႏြးသြားမည္ဟု အာဆင္နယ္နည္းျပအာတီတာအတည္ျပဳ

မီေခးလ္အာတီတာကအာဆင္နယ္မွာမာတင္အိုဒီဂတ္အေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးလာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္းတြင္ရီးရဲလ္မက္ဒရစ္ႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္းအတည္ျပဳလိုက္ပါတယ္။

အသက္၂၂ႏွစ္ရွိေနာ္ေဝလက္ေ႐ြးစင္ကြင္းလယ္ဖန္တီးရွင္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ရီးရဲလ္မက္ဒရစ္မွအငွားျဖင့္ေရာက္လာၿပီးေနာက္အာဆင္နယ္အတြက္ပြဲ၂၀အထိကစားခဲ့သူျဖစ္ပါတယ္။

သူဟာယခုရာသီတြင္အာဆင္နယ္အသင္းရလဒ္ဆိုး႐ြားေသာ္လည္းေျခစြမ္းျပကစားႏိုင္တဲ့အာဆင္နယ္ကစားသမားအနည္းငယ္ထဲမွတစ္ဦးလည္းျဖစ္ပါတယ္။

သူဟာစာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္အသင္းေဟာင္းရီးရဲလ္မက္ဒရစ္သို႔ျပန္ရေတာ့မွာလည္းျဖစ္ပါတယ္။

ဒါေပမယ့္အာဆင္နယ္နည္းျပအာတီတာဟာအိုဒီဂတ္အားဆက္လက္ေခၚယူလိုေနပါတယ္။အေျပာင္းအေ႐ႊ႕မွာျဖစ္လာရန္မေသခ်ာေသာ္လည္းအာဆင္နယ္ဘက္ကအစြမ္းကုန္ႀကိဳးပမ္းလာဖို႔ ရွိေနပါတယ္။

အာတီတာက “ကြၽန္ေတာ္တို႔ဘာလုပ္မယ္ဆိုတာနဲ႔ပတ္သက္ၿပီးရွင္းရွင္းလင္းလင္းလုပ္ထားၿပီးပါၿပီ။သူကကြၽန္ေတာ္တို႔ကစားသမားမဟုတ္ပါဘူး။လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္းမွာေဆြးေႏြးမႈလုပ္သြားပါမယ္။ဒါေပမယ့္ပထမဆုံးအေနနဲ႔ကြၽန္ေတာ္တို႔သတိျပဳရမယ့္အခ်က္ကေတာ့သူကရီးရဲလ္မက္ဒရစ္ကစားသမားဆိုတာပါ။ကြၽန္ေတာ္တို႔ဟာအသင္းမွာသူအေကာင္းဆုံးကစားႏိုင္ဖို႔အစြမ္းကုန္လုပ္ခဲ့ၾကပါတယ္။သူကလည္းကြၽန္ေတာ္တို႔ကစားဟန္မွာတကယ္ဘဲအံဝင္ပါတယ္။ဒါေၾကာင့္ဒီေနရာကသူ႔အတြက္အေကာင္းဆုံးေနရာျဖစ္တယ္ဆိုတာသူခံစားရဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာရီးရဲလ္မက္ဒရစ္မွ၂ႏွစ္ရာသီအငွားျဖင့္လာေရာက္ကစားေနတဲ့စီဘယ္လို႔စ္ကိုေတာ့ျပန္လည္လက္လႊတ္သြားပါမယ္။စီဘယ္လို႔စ္ဟာယခုရာသီမွာအာဆင္နယ္အတြက္ပြဲ၄၀ကစားခဲ့ရေပမယ့္ဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိပါဘူး။