အိုဒီဂတ်အား ပေါင် ၃၄ သန်းဖြင့် အာဆင်နယ်ခေါ်ယူ၊ ဗီဇာပြဿနာကြောင့် ချဲလ်ဆီးနှင့်ပွဲတွင် ပါဝင်မည်မဟုတ်

အာဆင်နယ်ဟာရီးရဲလ်မက်ဒရစ်မှနော်ဝေကွင်းလယ်ဖန်တီးရှင်မာတင်အိုဒီဂတ်အားအပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာလာပါတယ်။

အာဆင်နယ်ဟာအသက်၂၂နှစ်ရှိမာတင်အိုဒီဂတ်အတွက်ပြောင်းရွှေ့ကြေးပေါင်၃၄သန်းပေးခဲ့ရပြီး၂၀၂၆ခုနှစ်အထိငါးနှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။အာဆင်နယ်သို့ဒုတိယအကြိမ်ပြောင်းရွှေ့လာခဲ့တဲ့မာတင်အိုဒီဂတ်ဟာအာဆင်နယ်သို့ဒုတိယအကြိမ်ပြန်ရောက်လာချိန်မှာကျောနံပါတ်၈ကိုဝတ်ဆင်ကစားသွားပါမယ်။

အာဆင်နယ်ရဲ့ကျောနံပါတ်၈ကအစဉ်အလာကြီးမားတဲ့ကျောနံပါတ်များထဲမှတစ်ခုဖြစ်ပြီးအီရန်ရိုက်စ်၊အေရွန်ရမ်ဆေး၊ဖရက်ဒီယွန်းဘတ်၊လက်ရှိနည်းပြအာတီတာတို့ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်ဖြစ်ပြီးအိုဒီဂတ်ဟာယင်းစံပြကစားသမားများကဲ့သို့အောင်မြင်မှုများရယူနိုင်ရန်မျှော်လင့်နေပါတယ်။

အိုဒီဂတ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအာဆင်နယ်သို့ရာသီဝက်အငှားဖြင့်လာရောက်ကစားခဲ့ဖူးသူဖြစ်ပြီးပွဲ၂၀ကစားခဲ့ရာမှာ၂ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

သူဟာပရီးမီးယားလိဂ်မှာ၁၁ပွဲပွဲထွက်ကစားခဲ့ပြီးသူကစားခဲ့တဲ့၁၁ပွဲမှာ၇ပွဲအနိုင်ရရှိကာလီဗာပူးနှင့်မန်စီးတီးတို့ကိုသာရှုံးနိမ့်ခဲ့ပါတယ်။

သူဟာဗီဇာပြဿနာအခက်အခဲရှိနေမှုကြောင့်တနင်္ဂနွေနေ့တွင်ချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရမယ့်လန်ဒန်ဒါဘီပွဲစဉ်မှာပါဝင်လာဦးမှာမဟုတ်သေးပါဘူး။

အာဆင်နယ်ဟာယခုနွေရာသီမှာမာတင်အိုဒီဂတ်မတိုင်မီနူနိုတာဗာရက်စ်၊အယ်ဘတ်ဆမ်ဘီလိုကွန်ဂို၊ဘင်ဝှိုက်တို့အားခေါ်ယူထားပါတယ်။

အာတီတာက “ပြီးခဲ့တဲ့ရာသီတုန်းကအသင်းသို့သူဟာအများကြီးယူဆောင်လာခဲ့ပါတယ်။သူ့ကြောင့်ကျွန်တော်တို့ပိုပြီးတော့ကောင်းမွန်ခဲ့ပါတယ်။ကျွန်တော်တို့မှာရွေးချယ်စရာတွေအများကြီးလိုအပ်ပါတယ်။ဖန်တီးမှုတွေ၊ကွဲပြားခြားသူတွေအများကြီးလိုအပ်နေပါတယ်။ကလပ်ဘက်ကဒါကိုလုပ်ဆောင်လိုက်နိုင်လို့ဝမ်းသာပါတယ်။အခုမာတင်ရောက်လာပါပြီ”လို့ပြောကြားသွားပါတယ်။

ZawGyi

အိုဒီဂတ္အား ေပါင္ ၃၄ သန္းျဖင့္ အာဆင္နယ္ေခၚယူ၊ ဗီဇာျပႆနာေၾကာင့္ ခ်ဲလ္ဆီးႏွင့္ပြဲတြင္ ပါဝင္မည္မဟုတ္

အာဆင္နယ္ဟာရီးရဲလ္မက္ဒရစ္မွေနာ္ေဝကြင္းလယ္ဖန္တီးရွင္မာတင္အိုဒီဂတ္အားအၿပီးသတ္ေခၚယူလိုက္ၿပီျဖစ္ေၾကာင္းထုတ္ျပန္ေၾကညာလာပါတယ္။

အာဆင္နယ္ဟာအသက္၂၂ႏွစ္ရွိမာတင္အိုဒီဂတ္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၃၄သန္းေပးခဲ့ရၿပီး၂၀၂၆ခုႏွစ္အထိငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။အာဆင္နယ္သို႔ဒုတိယအႀကိမ္ေျပာင္းေ႐ႊ႕လာခဲ့တဲ့မာတင္အိုဒီဂတ္ဟာအာဆင္နယ္သို႔ဒုတိယအႀကိမ္ျပန္ေရာက္လာခ်ိန္မွာေက်ာနံပါတ္၈ကိုဝတ္ဆင္ကစားသြားပါမယ္။

အာဆင္နယ္ရဲ႕ေက်ာနံပါတ္၈ကအစဥ္အလာႀကီးမားတဲ့ေက်ာနံပါတ္မ်ားထဲမွတစ္ခုျဖစ္ၿပီးအီရန္႐ိုက္စ္၊ေအ႐ြန္ရမ္ေဆး၊ဖရက္ဒီယြန္းဘတ္၊လက္ရွိနည္းျပအာတီတာတို႔ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္ျဖစ္ၿပီးအိုဒီဂတ္ဟာယင္းစံျပကစားသမားမ်ားကဲ့သို႔ေအာင္ျမင္မႈမ်ားရယူႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

အိုဒီဂတ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအာဆင္နယ္သို႔ရာသီဝက္အငွားျဖင့္လာေရာက္ကစားခဲ့ဖူးသူျဖစ္ၿပီးပြဲ၂၀ကစားခဲ့ရာမွာ၂ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။

သူဟာပရီးမီးယားလိဂ္မွာ၁၁ပြဲပြဲထြက္ကစားခဲ့ၿပီးသူကစားခဲ့တဲ့၁၁ပြဲမွာ၇ပြဲအႏိုင္ရရွိကာလီဗာပူးႏွင့္မန္စီးတီးတို႔ကိုသာရႈံးနိမ့္ခဲ့ပါတယ္။

သူဟာဗီဇာျပႆနာအခက္အခဲရွိေနမႈေၾကာင့္တနဂၤေႏြေန႔တြင္ခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ကစားရမယ့္လန္ဒန္ဒါဘီပြဲစဥ္မွာပါဝင္လာဦးမွာမဟုတ္ေသးပါဘူး။

အာဆင္နယ္ဟာယခုေႏြရာသီမွာမာတင္အိုဒီဂတ္မတိုင္မီႏူႏိုတာဗာရက္စ္၊အယ္ဘတ္ဆမ္ဘီလိုကြန္ဂို၊ဘင္ဝႈိက္တို႔အားေခၚယူထားပါတယ္။

အာတီတာက “ၿပီးခဲ့တဲ့ရာသီတုန္းကအသင္းသို႔သူဟာအမ်ားႀကီးယူေဆာင္လာခဲ့ပါတယ္။သူ႔ေၾကာင့္ကြၽန္ေတာ္တို႔ပိုၿပီးေတာ့ေကာင္းမြန္ခဲ့ပါတယ္။ကြၽန္ေတာ္တို႔မွာေ႐ြးခ်ယ္စရာေတြအမ်ားႀကီးလိုအပ္ပါတယ္။ဖန္တီးမႈေတြ၊ကြဲျပားျခားသူေတြအမ်ားႀကီးလိုအပ္ေနပါတယ္။ကလပ္ဘက္ကဒါကိုလုပ္ေဆာင္လိုက္ႏိုင္လို႔ဝမ္းသာပါတယ္။အခုမာတင္ေရာက္လာပါၿပီ”လို႔ေျပာၾကားသြားပါတယ္။