အိုမန်အပန်းဖြေခရီးတွင် ရေကူးကန်မတော်မဆမှုကြောင့် ချစ်သူရှေ့တွင်ပင် ဆွစ်ဇာလန်ကစားသမားတစ်ဦးသေဆုံး

ဆွစ်ဇာလန်ဘောလုံးသမားအီလီယာအလက်စ်ဆန်ဒရီနီဟာရေကူးကန်မတော်တဆမှုဖြင့်အသက်၂၅နှစ်အရွယ်မှာဘဲကွယ်လွန်သွားခဲ့ပါတယ်။

ယန်းဘွိုင်းအကယ်ဒမီကစားသမားဟောင်းဟာ Stade Lausanne-Ouchy တွင်ကစားနေသူဖြစ်ပြီးသောကြာနေ့တုန်းကအိုမန်ရှိ မူဆကက်အပန်းဖြေခရီးတွင်မတော်တဆမှုကြောင့်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သူဟာရေကူးနေစဉ်ဖြစ်ပျက်သွားခဲ့တာဖြစ်ပြီးသူ့ချစ်သူရှေ့မှောက်တွင်ပင်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

၎င်းတို့ဟာအပန်းဖြေခရီးစဉ်ပြီးဆုံးကာဆွစ်ဇာလန်သို့ပြန်ရန်နာရီအနည်းငယ်ခန့်အလိုတွင်အထက်ပါဖြစ်ရပ်ဆိုးဖြစ်ပျက်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ယင်းကစားသမားဟာဘယ်လိုအကြောင်းကြောင့်သေဆုံးသွားသလဲဆိုတာကိုတော့မသိရသေးပါဘူး။

သူဟာဆွစ်ဇာလန်လက်ရွေးစင်အသင်းကြီးအတွက်ကစားခွင့်မရသေးပေမဲ့ဆွစ်ဇာလန်ယူ-၁၅မှယူ-၂၀အသင်းသို့အထိပွဲ၂၀ကစားခဲ့သူဖြစ်ပါတယ်။

ZawGyi






