
ခရစ္စတီယာနိုရော်နယ်ဒိုဟာအိုမိုနီယာနီကိုးရှားနှင့်ပွဲတွင်ကြီးမားတဲ့အပိုင်အခွင့်အရေးဖြန်းတီးလိုက်ပြီးတဲ့နောက်ယူနိုက်တက်ပရိသတ်များရဲ့ အသုံးမကျသူ၊ ကစားသမားဘဝအဆုံးသတ်သွားပြီလို့သမုတ်ပြောဆိုခြင်းခံခဲ့ရပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာကြာသပတေးနေ့တုန်းကဆိုက်ပရပ်စ်တွင်အိုမိုနီယာနီကိုးရှားနှင့်ပွဲတွင်ပွဲထွက်ကစားခွင့်ရရှိခဲ့ပေမဲ့လည်းအကောင်းဆုံးပုံစံရရှိရန် ရုန်းကန်ခဲ့ရပါတယ်။
ယူနိုက်တက်ဟာကာရမ်အန်ဆာရီဖတ်ရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပေမဲ့လည်းလူစားဝင်လာတဲ့မားကပ်စ်ရက်ဖို့ဒ်(၂ဂိုး)နဲ့အန်တိုနီမာရှယ်(၁ဂိုး)တို့ရဲ့ဂိုးများကြောင့်အသက်ရှူချောင်ခဲ့ပါတယ်။ပွဲပြီးခါနီးမှာနီကိုလပ်စ်ပါနာယိုတူးကအိုမိုနီယာအတွက်ဒုတိယဂိုးသွင်းခဲ့လို့ယူနိုက်တက်တို့၃-၂ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာရှရစ်နှင့်ပွဲတွင်ကလပ်ကစားသမားဘဝဂိုး၆၉၉မြောက်ဂိုးအားသွင်းပြီးနောက်၇၀၀မြောက်ဂိုးအားသွင်းယူရန်အားခဲနေခဲ့ပြီးအခွင့်အရေးများစွာရရှိခဲ့ပေမဲ့လည်းအသုံးမချနိုင်ခဲ့ပါဘူး။
သူဟာပထမပိုင်းတစ်ဝက်လောက်မှာဖရီးကစ်ခဲ့ရာမှာလည်းမိုးပေါ်ထောင်သွားလို့အိမ်ရှင်ပရိသတ်တွေရဲ့လှောင်ပြောင်မှုကြုံခဲ့ရပါတယ်။သူဟာအနီးကပ်ခေါင်းတိုက်ခွင့်ရခဲ့ပေမဲ့မဝင်ခဲ့သလိုဒုတိယပိုင်းအစတွင်လည်းသူ့ကန်ချက်လွဲသွားပါတယ်။
ပွဲပြီးရန်၁၅မိနစ်အလိုမှာတော့ရော်နယ်ဒိုဟာသေချာပေါက်ဂိုးသွင်းနိုင်မယ့်အခွင့်အရေးရခဲ့ပါတယ်။ဒါပေမဲ့သူ့ကန်ချက်ဘားထိသွားမှုနှင့်အတူဂိုးမရခဲ့ပြန်ပါဘူး။
ဒါကြောင့်လည်းယူနိုက်တက်ပရိသတ်များဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့လက်ရှိဖြစ်တည်မှုနှင့်ပတ်သက်ပြီးဝေဖန်မှုပြုလုပ်လာကြပါတယ်။
ပရိသတ်တစ်ဦးက “ခရစ္စတီယာနိုကိုအမြဲတမ်းကာကွယ်လာခဲ့သူပါ။ဒါပေမဲ့ ကာကွယ်နိုင်စရာမရှိတော့ဘူး။သူ့ကစားသမားဂိတ်ဆုံးသွားမှာစိုးရိမ်မိတယ်”လို့ပြောကြားသွားပါတယ်။
အခြားတစ်ဦးကလည်း “ဒီလိုဂိုးမျိုးကိုတောင် ဝင်အောင်မကန်နိုင်တော့ဘူးလားခရစ္စတီယာနိုရေ။တကယ့်ကိုအံ့ဩရတယ်”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “မာလာစီယာ၊ဆန်ချို၊ရော်နယ်ဒိုနဲ့ကက်စ်မီရိုတို့က တကယ့်ကိုအသုံးမကျတဲ့သူတွေပါ”လို့ဆိုသွားပါတယ်။
ကျန်ယူနိုက်တက်ပရိသတ်တစ်ဦးကလည်း “ရော်နယ်ဒိုကိုအခုလိုပုံစံမျိုးနဲ့မြင်ရတော့စိတ်တောင်မကောင်းဘူး”လို့ဆိုသွားပါတယ်။
ရော်နယ်ဒိုဟာပွဲပြီးခါနီးအချိန်တွင်လည်းဂိုးသွင်းရန်အခွင့်အရေးရခဲ့သေးပေမဲ့လည်းလွဲချော်သွားခဲ့ပါသေးတယ်။သူဟာယခုရာသီမှာယူနိုက်တက်အတွက်၉ပွဲကစားထားရာမှာ၁ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။
ZawGyi
အိုမိုနီယာႏွင့္ပြဲတြင္ အပိုင္အခြင့္အေရးျဖဳန္းတီးခဲ့ၿပီးေနာက္ အသုံးမက်သူ၊ ဂိတ္ဆုံးသြားၿပီလို႔ သမုတ္ခံရတဲ့ ေရာ္နယ္ဒို
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအိုမိုနီယာနီကိုးရွားႏွင့္ပြဲတြင္ႀကီးမားတဲ့အပိုင္အခြင့္အေရးျဖန္းတီးလိုက္ၿပီးတဲ့ေနာက္ယူႏိုက္တက္ပရိသတ္မ်ားရဲ႕ အသုံးမက်သူ၊ ကစားသမားဘဝအဆုံးသတ္သြားၿပီလို႔သမုတ္ေျပာဆိုျခင္းခံခဲ့ရပါတယ္။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာၾကာသပေတးေန႔တုန္းကဆိုက္ပရပ္စ္တြင္အိုမိုနီယာနီကိုးရွားႏွင့္ပြဲတြင္ပြဲထြက္ကစားခြင့္ရရွိခဲ့ေပမဲ့လည္းအေကာင္းဆုံးပုံစံရရွိရန္ ႐ုန္းကန္ခဲ့ရပါတယ္။
ယူႏိုက္တက္ဟာကာရမ္အန္ဆာရီဖတ္ရဲ႕ဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရေပမဲ့လည္းလူစားဝင္လာတဲ့မားကပ္စ္ရက္ဖို႔ဒ္(၂ဂိုး)နဲ႔အန္တိုနီမာရွယ္(၁ဂိုး)တို႔ရဲ႕ဂိုးမ်ားေၾကာင့္အသက္ရႉေခ်ာင္ခဲ့ပါတယ္။ပြဲၿပီးခါနီးမွာနီကိုလပ္စ္ပါနာယိုတူးကအိုမိုနီယာအတြက္ဒုတိယဂိုးသြင္းခဲ့လို႔ယူႏိုက္တက္တို႔၃-၂ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာရွရစ္ႏွင့္ပြဲတြင္ကလပ္ကစားသမားဘဝဂိုး၆၉၉ေျမာက္ဂိုးအားသြင္းၿပီးေနာက္၇၀၀ေျမာက္ဂိုးအားသြင္းယူရန္အားခဲေနခဲ့ၿပီးအခြင့္အေရးမ်ားစြာရရွိခဲ့ေပမဲ့လည္းအသုံးမခ်ႏိုင္ခဲ့ပါဘူး။
သူဟာပထမပိုင္းတစ္ဝက္ေလာက္မွာဖရီးကစ္ခဲ့ရာမွာလည္းမိုးေပၚေထာင္သြားလို႔အိမ္ရွင္ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈႀကဳံခဲ့ရပါတယ္။သူဟာအနီးကပ္ေခါင္းတိုက္ခြင့္ရခဲ့ေပမဲ့မဝင္ခဲ့သလိုဒုတိယပိုင္းအစတြင္လည္းသူ႔ကန္ခ်က္လြဲသြားပါတယ္။
ပြဲၿပီးရန္၁၅မိနစ္အလိုမွာေတာ့ေရာ္နယ္ဒိုဟာေသခ်ာေပါက္ဂိုးသြင္းႏိုင္မယ့္အခြင့္အေရးရခဲ့ပါတယ္။ဒါေပမဲ့သူ႔ကန္ခ်က္ဘားထိသြားမႈႏွင့္အတူဂိုးမရခဲ့ျပန္ပါဘူး။
ဒါေၾကာင့္လည္းယူႏိုက္တက္ပရိသတ္မ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕လက္ရွိျဖစ္တည္မႈႏွင့္ပတ္သက္ၿပီးေဝဖန္မႈျပဳလုပ္လာၾကပါတယ္။
ပရိသတ္တစ္ဦးက “ခရစၥတီယာႏိုကိုအၿမဲတမ္းကာကြယ္လာခဲ့သူပါ။ဒါေပမဲ့ ကာကြယ္ႏိုင္စရာမရွိေတာ့ဘူး။သူ႔ကစားသမားဂိတ္ဆုံးသြားမွာစိုးရိမ္မိတယ္”လို႔ေျပာၾကားသြားပါတယ္။
အျခားတစ္ဦးကလည္း “ဒီလိုဂိုးမ်ိဳးကိုေတာင္ ဝင္ေအာင္မကန္ႏိုင္ေတာ့ဘူးလားခရစၥတီယာႏိုေရ။တကယ့္ကိုအံ့ဩရတယ္”လို႔ဆိုသြားပါတယ္။
အျခားတစ္ဦးကလည္း “မာလာစီယာ၊ဆန္ခ်ိဳ၊ေရာ္နယ္ဒိုနဲ႔ကက္စ္မီ႐ိုတို႔က တကယ့္ကိုအသုံးမက်တဲ့သူေတြပါ”လို႔ဆိုသြားပါတယ္။
က်န္ယူႏိုက္တက္ပရိသတ္တစ္ဦးကလည္း “ေရာ္နယ္ဒိုကိုအခုလိုပုံစံမ်ိဳးနဲ႔ျမင္ရေတာ့စိတ္ေတာင္မေကာင္းဘူး”လို႔ဆိုသြားပါတယ္။
ေရာ္နယ္ဒိုဟာပြဲၿပီးခါနီးအခ်ိန္တြင္လည္းဂိုးသြင္းရန္အခြင့္အေရးရခဲ့ေသးေပမဲ့လည္းလြဲေခ်ာ္သြားခဲ့ပါေသးတယ္။သူဟာယခုရာသီမွာယူႏိုက္တက္အတြက္၉ပြဲကစားထားရာမွာ၁ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။