အိုမီခရွန်ကြောင့် ယန်းဘွိုင်းနှင့်ချန်ပီယံလိဂ်ပွဲကို ကြားကွင်းတွင် ကစားရဖို့ ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ရဲ့ယန်းဘွိုင်းနှင့်ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကိုအိုမီခရွန်ကိုဗစ်ရောဂါပိုးသစ်ကြောင့်အိုးထရက်ဖို့ဒ်တွင်ကစားရဖို့မရှိပါဘူး။

ဆွစ်ဇာလန်တွင်ဗြိတိန်မှလာရောက်သူများကိုကိုဗစ်ကန့်သတ်မှုများပြုလုပ်ထားပါတယ်။ဆွစ်ဇာလန်အစိုးရဟာအိုမီခရွန်ရောဂါသစ်ကြောင့်ကိုဗစ်စည်းကမ်းပြန်လည်မြှင့်တင်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်ယန်းဘွိုင်းအနေဖြင့်အိုးထရက်ဖို့ဒ်သို့သွားရောက်ကာချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲကစားပြီးပါကဆွစ်ဇာလန်နှင့်ပြန်ဝင်ချိန်တွင်ကွာရန်တင်းဝင်ရပါမယ်။

ဒါကြောင့်လည်းအိုးထရက်ဖို့ဒ်တွင်ကစားရမယ့်ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကိုဥရောပနိုင်ငံတစ်ခုတွင်ကစားသွားရဖို့ရှိနေပါတယ်။

လက်ရှိအချိန်တွင်ယူအီးအက်ဖ်အေဟာယန်းဘွိုင်းအနေဖြင့်အိုးထရက်ဖို့ဒ်သို့ချန်ပီယံလိဂ်ပွဲသွားမကစားမီ ကွာရန်တင်းဝင်ရန်လိုအပ်/မလိုအပ်အား ဆွစ်ဇာလန်အာဏာပိုင်များကိုမေးမြန်းထားပါတယ်။

အကယ်၍ဆွစ်ဇာလန်ကယူအီးအက်ဖ်အေကတောင်းဆိုမှုကိုလက်ခံပါက ယန်းဘွိုင်းအနေဖြင့်အိုးထရက်ဖို့ဒ်သို့လာရောက်ကစားနိုင်မှာဖြစ်ပြီးလက်မခံပါကကြားကွင်းတွင်ကစားရပါမယ်။

ယူနိုက်တက်ဟာဆွစ်ဇာလန်သို့သွားရောက်ကာယန်းဘွိုင်းနှင့်ချန်ပီယံလိဂ်အုပ်စုအဝေးကွင်းပွဲကစားထားခဲ့ရာမှာ၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမယ့်ယူနိုက်တက်ဟာဗီလာရီးရဲလ်ကိုအနိုင်ရရှိပြီးနောက်ရမှတ်၁၀မှတ်ဖြင့်ချန်ပီယံလိဂ်၁၆သင်းအဆင့်သို့အုပ်စုဗိုလ်အဖြစ်တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

အကယ်၍ယူနိုက်တက်အနေဖြင့်ယန်းဘွိုင်းနှင့်ပွဲကိုကြားကွင်းတွင်ကစားရမည်ဆိုပါကလက်မှတ်ဖိုးနှင့်အခြားဝင်ငွေများလျှော့ကျလာတော့မှာဖြစ်သလိုကြားကွင်းတွင်ကစားမှုကြောင့်လေယာဉ်စရိတ်အပါအဝင်အခြားကုန်ကျစရိတ်မြင့်မားလာပါမယ်။

ZawGyi

အိုမီခ႐ြန္ေၾကာင့္ ယန္းဘြိဳင္းႏွင့္ခ်န္ပီယံလိဂ္ပြဲကို ၾကားကြင္းတြင္ ကစားရဖို႔ ရွိေနတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ယန္းဘြိဳင္းႏွင့္ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္ကိုအိုမီခ႐ြန္ကိုဗစ္ေရာဂါပိုးသစ္ေၾကာင့္အိုးထရက္ဖို႔ဒ္တြင္ကစားရဖို႔မရွိပါဘူး။

ဆြစ္ဇာလန္တြင္ၿဗိတိန္မွလာေရာက္သူမ်ားကိုကိုဗစ္ကန႔္သတ္မႈမ်ားျပဳလုပ္ထားပါတယ္။ဆြစ္ဇာလန္အစိုးရဟာအိုမီခ႐ြန္ေရာဂါသစ္ေၾကာင့္ကိုဗစ္စည္းကမ္းျပန္လည္ျမႇင့္တင္လာခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ယန္းဘြိဳင္းအေနျဖင့္အိုးထရက္ဖို႔ဒ္သို႔သြားေရာက္ကာခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲကစားၿပီးပါကဆြစ္ဇာလန္ႏွင့္ျပန္ဝင္ခ်ိန္တြင္ကြာရန္တင္းဝင္ရပါမယ္။

ဒါေၾကာင့္လည္းအိုးထရက္ဖို႔ဒ္တြင္ကစားရမယ့္ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္ကိုဥေရာပႏိုင္ငံတစ္ခုတြင္ကစားသြားရဖို႔ရွိေနပါတယ္။

လက္ရွိအခ်ိန္တြင္ယူအီးအက္ဖ္ေအဟာယန္းဘြိဳင္းအေနျဖင့္အိုးထရက္ဖို႔ဒ္သို႔ခ်န္ပီယံလိဂ္ပြဲသြားမကစားမီ ကြာရန္တင္းဝင္ရန္လိုအပ္/မလိုအပ္အား ဆြစ္ဇာလန္အာဏာပိုင္မ်ားကိုေမးျမန္းထားပါတယ္။

အကယ္၍ဆြစ္ဇာလန္ကယူအီးအက္ဖ္ေအကေတာင္းဆိုမႈကိုလက္ခံပါက ယန္းဘြိဳင္းအေနျဖင့္အိုးထရက္ဖို႔ဒ္သို႔လာေရာက္ကစားႏိုင္မွာျဖစ္ၿပီးလက္မခံပါကၾကားကြင္းတြင္ကစားရပါမယ္။

ယူႏိုက္တက္ဟာဆြစ္ဇာလန္သို႔သြားေရာက္ကာယန္းဘြိဳင္းႏွင့္ခ်န္ပီယံလိဂ္အုပ္စုအေဝးကြင္းပြဲကစားထားခဲ့ရာမွာ၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ဒါေပမယ့္ယူႏိုက္တက္ဟာဗီလာရီးရဲလ္ကိုအႏိုင္ရရွိၿပီးေနာက္ရမွတ္၁၀မွတ္ျဖင့္ခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔အုပ္စုဗိုလ္အျဖစ္တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။

အကယ္၍ယူႏိုက္တက္အေနျဖင့္ယန္းဘြိဳင္းႏွင့္ပြဲကိုၾကားကြင္းတြင္ကစားရမည္ဆိုပါကလက္မွတ္ဖိုးႏွင့္အျခားဝင္ေငြမ်ားေလွ်ာ့က်လာေတာ့မွာျဖစ္သလိုၾကားကြင္းတြင္ကစားမႈေၾကာင့္ေလယာဥ္စရိတ္အပါအဝင္အျခားကုန္က်စရိတ္ျမင့္မားလာပါမယ္။