အိုလီဂန်းနားဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် ဘရန်ဒန်ရော်ဂျာကို ဆက်သွယ်မှုပြုလုပ်ထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာအိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်လိုက်ပြီးနောက်လက်စတာနည်းပြဘရန်ဒန်ရော်ဂျာကိုဆက်သွယ်မှုပြုလုပ်ထားကြောင်းသိရပါတယ်။

သရဲနီဟာဘရန်ဒန်ရော်ဂျာကိုခန့်အပ်နိုင်ရေးအတွက်သူ့ရဲ့ကလပ် လက်စတာကိုစာချုပ်လျော်ကြေးပေါင်၈သန်းပေးရန်အသင့်ရှိနေပါတယ်။

မန်ယူဟာဆိုးလ်ရှားကိုထုတ်ပယ်မှုအတွက်တစ်နှစ်လုပ်ခပေါင်၇.၅သန်း လျော်ကြေးပေးခဲ့ရပြီးလည်းဖြစ်ပါတယ်။

လီဗာပူးနည်းပြဟောင်းဘရန်ဒန်ရော်ဂျာရဲ့လက်စတာနှင့်စာချုပ်အတွင်းတွင်သူ့ကိုထိပ်သီးကလပ်များကဆက်သွယ်လာပါကလွတ်လပ်စွာဆွေးနွေးနိုင်မယ့်အချက်ထည့်သွင်းထားပါတယ်။

အသက်၄၈နှစ်ရှိဆိုးလ်ရှားဟာမန်ယူကိုသုံးနှစ်နီးပါးကိုင်တွယ်ပြီးနောက် တနင်္ဂနွေနေ့နံနက်ပိုင်းကထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။မန်ယူဘုတ်အဖွဲ့ဟာစနေနေ့တုန်းကဝက်ဖို့ဒ်ကိုရှုံးနိမ့်ပြီးနောက်မိနစ်၃၀အကြာတွင်ဆိုးလ်ရှားကိုထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

မန်ယူဟာပြီးခဲ့တဲ့လကတည်းကဆိုးလ်ရှားနေရာတွင်အစားထိုးမယ့်သူ့ကိုရှာဖွေလာခဲ့တာဖြစ်ပြီးသူတို့ရဲ့လျာထားစာရင်းတွင်ဘရန်ဒန်ရော်ဂျာကထိပ်ဆုံးမှပါဝင်ကာဇီဒန်း၊အဲရစ်တင်ဟက်၊ပိုချက်တီနိုတို့ပါဝင်ပါတယ်။

မန်ယူအတွက်သတင်းကောင်းတစ်ခုကတော့ဘရန်ဒန်ရော်ဂျာရဲ့အေးဂျင့်ကလက်စတာနည်းပြကိုခန့်အပ်နိုင်မယ့်အခြေအနေမျိုးရှိကြောင်းအကြောင်းပြန်မှုရရှိထားတာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်မန်ယူဟာလစ်လပ်နေတဲ့နည်းပြရာထူးမှယာယီနည်းပြအဖြစ်လက်ထောက်နည်းပြမိုက်ကယ်ကာရစ်ကိုခန့်အပ်ထားပါတယ်။

ZawGyi

အိုလီဂန္းနားဆိုးလ္ရွားကို ထုတ္ပယ္ၿပီးေနာက္ ဘရန္ဒန္ေရာ္ဂ်ာကို ဆက္သြယ္မႈျပဳလုပ္ထားတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာအိုလီဂန္းနားဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္လိုက္ၿပီးေနာက္လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာကိုဆက္သြယ္မႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

သရဲနီဟာဘရန္ဒန္ေရာ္ဂ်ာကိုခန႔္အပ္ႏိုင္ေရးအတြက္သူ႔ရဲ႕ကလပ္ လက္စတာကိုစာခ်ဳပ္ေလ်ာ္ေၾကးေပါင္၈သန္းေပးရန္အသင့္ရွိေနပါတယ္။

မန္ယူဟာဆိုးလ္ရွားကိုထုတ္ပယ္မႈအတြက္တစ္ႏွစ္လုပ္ခေပါင္၇.၅သန္း ေလ်ာ္ေၾကးေပးခဲ့ရၿပီးလည္းျဖစ္ပါတယ္။

လီဗာပူးနည္းျပေဟာင္းဘရန္ဒန္ေရာ္ဂ်ာရဲ႕လက္စတာႏွင့္စာခ်ဳပ္အတြင္းတြင္သူ႔ကိုထိပ္သီးကလပ္မ်ားကဆက္သြယ္လာပါကလြတ္လပ္စြာေဆြးေႏြးႏိုင္မယ့္အခ်က္ထည့္သြင္းထားပါတယ္။

အသက္၄၈ႏွစ္ရွိဆိုးလ္ရွားဟာမန္ယူကိုသုံးႏွစ္နီးပါးကိုင္တြယ္ၿပီးေနာက္ တနဂၤေႏြေန႔နံနက္ပိုင္းကထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။မန္ယူဘုတ္အဖြဲ႕ဟာစေနေန႔တုန္းကဝက္ဖို႔ဒ္ကိုရႈံးနိမ့္ၿပီးေနာက္မိနစ္၃၀အၾကာတြင္ဆိုးလ္ရွားကိုထုတ္ပယ္ရန္ဆုံးျဖတ္ခဲ့ပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့လကတည္းကဆိုးလ္ရွားေနရာတြင္အစားထိုးမယ့္သူ႔ကိုရွာေဖြလာခဲ့တာျဖစ္ၿပီးသူတို႔ရဲ႕လ်ာထားစာရင္းတြင္ဘရန္ဒန္ေရာ္ဂ်ာကထိပ္ဆုံးမွပါဝင္ကာဇီဒန္း၊အဲရစ္တင္ဟက္၊ပိုခ်က္တီႏိုတို႔ပါဝင္ပါတယ္။

မန္ယူအတြက္သတင္းေကာင္းတစ္ခုကေတာ့ဘရန္ဒန္ေရာ္ဂ်ာရဲ႕ေအးဂ်င့္ကလက္စတာနည္းျပကိုခန႔္အပ္ႏိုင္မယ့္အေျခအေနမ်ိဳးရွိေၾကာင္းအေၾကာင္းျပန္မႈရရွိထားတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူဟာလစ္လပ္ေနတဲ့နည္းျပရာထူးမွယာယီနည္းျပအျဖစ္လက္ေထာက္နည္းျပမိုက္ကယ္ကာရစ္ကိုခန႔္အပ္ထားပါတယ္။