အိုလီဂန်းနားဆိုးလ်ရှားကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်တဲ့ သရဲနီ
မန်ချက်စတာယူနိုက်တက်ဟာစနေနေ့တုန်းကဝက်ဖို့ဒ်ကိုအရှက်တကွဲရှုံးနိမ့်ပြီးနောက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
မန်ယူဟာစနေနေ့တုန်းက Vicarage Road တွင်ကလော်ဒီယိုရေနီယာရီရဲ့ဝက်ဖို့ဒ်ကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။
မန်ယူဟာယင်းရှုံးပွဲကြောင့်ယခုရာသီတွင်ပဥ္စမြောက်ပရီးမီးယားလိဂ်ရှုံးပွဲကြုံခဲ့ရပါတယ်။ဒါ့အပြင်မန်ယူဟာယခုရာသီတွင်ငါးပွဲတည်းသာအနိုင်ရရှိခဲ့ပါတယ်။
ဆိုးလ်ရှားဟာဝက်ဖို့ဒ်အရှုံးနှင့်အတူမန်ယူနည်းပြအဖြစ်သုံးနှစ်နီးပါးတာဝန်ထမ်းဆောင်လာမှုမှာလည်းအဆုံးသတ်လိုက်ရပြီဖြစ်ပါတယ်။
မန်ယူကဆိုးလ်ရှားရဲ့အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပေးမှုများအတွက်အထူးကျေးဇူးတင်ကြောင်းကြေညာသွားပါတယ်။
ဒါ့အပြင်မန်ယူကယခုရာသီအကုန်အထိယာယီနည်းပြအဖြစ်ခန့်အပ်ရန်ရှာဖွေစဉ်အတွင်းယာယီနည်းပြအဖြစ်မိုက်ကယ်ကာရစ်ကိုခန့်အပ်သွားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
လက်ရှိအချိန်တွင်လစ်လပ်နေတဲ့မန်ယူနည်းပြရာထူးအတွက်လက်စတာနည်းပြဘရန်ဒန်ရော်ဂျာနှင့်ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။
ZawGyi
မန်ယူဟာစနေနေ့တုန်းက Vicarage Road တွင်ကလော်ဒီယိုရေနီယာရီရဲ့ဝက်ဖို့ဒ်ကို၎-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။