အိုလံပီယာကို့စ်သို့ ပြောင်းပြီး နှစ်လအကြာတွင်ပင် ထွက်ခွာတော့မယ့် မာဆယ်လို

မာဆယ်လိုဟာအိုလံပီယာကို့စ်သို့ပြောင်းရွှေ့လာခဲ့တာနှစ်လအကြာမျှသာရှိသေးပေမဲ့လည်းကြံ့ခိုင်မှုပိုင်းပြဿနာ၊ကွင်းတွင်းခြေစွမ်းတို့ကြောင့်ဂရိကလပ်မှထွက်ခွာတော့မှာဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိမာဆယ်လိုဟာရီးရဲလ်မက်ဒရစ်တွင်၁၅နှစ်ကြာကစားပြီးနောက်စက်တင်ဘာလတုန်းကအိုလံပီယာကို့စ်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာပရီးမီးယားလိဂ်ကလပ်လက်စတာရဲ့ကမ်းလှမ်းမှုရရှိခဲ့ပေမဲ့လည်းအိုလံပီယာကို့စ်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ဂရိကလပ်ဟာမာဆယ်လိုမှာပွဲတစ်ပွဲလျှင်မိနစ်၃၀သာကစားနိုင်တဲ့ကြံ့ခိုင်မှုသာရှိနေမှုနှင့်အတူလမ်းခွဲရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

သူဟာအိုလံပီယာကို့စ်တွင်ကစားတဲ့နှစ်လအတွင်းတွင်၅ပွဲတည်းသာကစားထားနိုင်ပြီးယင်း၅ပွဲလုံးကိုအရန်အဖြစ်သာဝင်ကစားခဲ့တာဖြစ်ပါတယ်။

တဖက်တွင်အိုလံပီယာကို့စ်ဟာမာဆယ်လိုဘက်ကကြံ့ခိုင်မှုပိုင်းပိုမိုကောင်းမွန်ရေးလုပ်ဆောင်မှုပျက်ကွက်နေမှုနှင့်အတူလမ်းခွဲရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းမာဆယ်လိုဟာကစားသမားဘဝမှအနားယူလာနိုင်ပြီး ရီးရဲလ်မက်ဒရစ်သို့တစ်ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်ပြန်လာဖို့ရှိနေပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလား၅ကြိမ်အထိဆွတ်ခူးနိုင်ခဲ့ကာ၅၄၆ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။

ZawGyi

အိုလံပီယာကို႔စ္သို႔ ေျပာင္းၿပီး ႏွစ္လအၾကာတြင္ပင္ ထြက္ခြာေတာ့မယ့္ မာဆယ္လို

မာဆယ္လိုဟာအိုလံပီယာကို႔စ္သို႔ေျပာင္းေ႐ႊ႕လာခဲ့တာႏွစ္လအၾကာမွ်သာရွိေသးေပမဲ့လည္းႀကံ့ခိုင္မႈပိုင္းျပႆနာ၊ကြင္းတြင္းေျခစြမ္းတို႔ေၾကာင့္ဂရိကလပ္မွထြက္ခြာေတာ့မွာျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိမာဆယ္လိုဟာရီးရဲလ္မက္ဒရစ္တြင္၁၅ႏွစ္ၾကာကစားၿပီးေနာက္စက္တင္ဘာလတုန္းကအိုလံပီယာကို႔စ္သို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာပရီးမီးယားလိဂ္ကလပ္လက္စတာရဲ႕ကမ္းလွမ္းမႈရရွိခဲ့ေပမဲ့လည္းအိုလံပီယာကို႔စ္ကိုေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ဂရိကလပ္ဟာမာဆယ္လိုမွာပြဲတစ္ပြဲလွ်င္မိနစ္၃၀သာကစားႏိုင္တဲ့ႀကံ့ခိုင္မႈသာရွိေနမႈႏွင့္အတူလမ္းခြဲရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

သူဟာအိုလံပီယာကို႔စ္တြင္ကစားတဲ့ႏွစ္လအတြင္းတြင္၅ပြဲတည္းသာကစားထားႏိုင္ၿပီးယင္း၅ပြဲလုံးကိုအရန္အျဖစ္သာဝင္ကစားခဲ့တာျဖစ္ပါတယ္။

တဖက္တြင္အိုလံပီယာကို႔စ္ဟာမာဆယ္လိုဘက္ကႀကံ့ခိုင္မႈပိုင္းပိုမိုေကာင္းမြန္ေရးလုပ္ေဆာင္မႈပ်က္ကြက္ေနမႈႏွင့္အတူလမ္းခြဲရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္းမာဆယ္လိုဟာကစားသမားဘဝမွအနားယူလာႏိုင္ၿပီး ရီးရဲလ္မက္ဒရစ္သို႔တစ္ကမာၻလုံးဆိုင္ရာသံတမန္အျဖစ္ျပန္လာဖို႔ရွိေနပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလား၅ႀကိမ္အထိဆြတ္ခူးႏိုင္ခဲ့ကာ၅၄၆ပြဲကစားေပးခဲ့သူျဖစ္ပါတယ္။