အိုလံပီယာကို့စ်အတွက် ဂိုးသွင်းပြီးနောက် ချစ်သူငယ်ချင်း ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ SIU ဖြင့် အောင်ပွဲခံခဲ့တဲ့ မာဆယ်လို

မာဆယ်လိုဟာဗုဒ္ဓဟူးနေ့ညတုန်းကအိုလံပီယာကို့စ်အတွက်ဂိုးသွင်းယူပြီးတဲ့နောက်ချစ်သူငယ်ချင်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့SIU ဖြင့်ဂိုးသွင်းအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

မာဆယ်လိုဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူရီးရဲလ်မက်ဒရစ်ရဲ့ကြီးကျယ်ခမ်းနားလှတဲ့အောင်မြင်မှုများတွင်အတူပါဝင်ခဲ့ကြသူများဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာရီးရဲလ်မက်ဒရစ်တွင်၉နှစ်ကြာအတူတွဲကစားခဲ့စဉ်အတွင်းချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးခဲ့ကြပါတယ်။မာဆယ်လိုဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ရီးရဲလ်မက်ဒရစ်အတွက်သွင်းဂိုး၄၅၀ဂိုးမှအများစုကိုဖန်တီးပေးခဲ့သူလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်းမာဆယ်လိုဟာပြီးခဲ့တဲ့နှစ်နွေရာသီမှာဘာနေဗျူးမှထွက်ခွာကာဂရိထိပ်သီးအိုလံပီယာကို့စ်သို့ပြောင်းခဲ့ပါတယ်။

သူဟာဗုဒ္ဓဟူးနေ့တုန်းက Atromitosနှင့် Greek Cupပွဲတွင်ဂိုးသွင်းယူနိုင်ပြီးတဲ့နောက်ကစားဖော်ဟောင်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့နာမည်ကျော်အောင်ပွဲခံမှုဖြစ်တဲ့ SIU ဖြင့်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

အိုလံပီယာကို့စ်ဟာAtromitosနှင့်နှစ်ဂိုးစီသရေကျပေမဲ့လည်းနှစ်ကျော့ပေါင်းရလဒ်၆-၃ဖြင့်အနိုင်ရရှိကာနောက်တဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

မာဆယ်လိုဟာအိုလံပီယာကို့စ်သို့ရောက်ပြီးတဲ့နောက်ကြံ့ခိုင်မှုပြဿနာများနှင့်ရင်ဆိုင်ရမှုနဲ့အတူ ပြောင်းပြီးနှစ်လအကြာမှာဘဲစာချုပ်ဖျက်သိမ်းခံရမယ်လို့သတင်းထွက်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့သူဟာအကောင်းဆုံးပုံစံပြန်လည်ရရှိအောင်ကြိုးပမ်းကာအခြေအနေအားလုံးအလှည့်အပြောင်းဖြစ်လာအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။သူဟာအိုလံပီယာကို့စ်အတွက်၁၀ပွဲကစားထားရာမှာ၃ဂိုးသွင်းထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

အိုလံပီယာကို႔စ္အတြက္ ဂိုးသြင္းၿပီးေနာက္ ခ်စ္သူငယ္ခ်င္း ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ SIU ျဖင့္ ေအာင္ပြဲခံခဲ့တဲ့ မာဆယ္လို

မာဆယ္လိုဟာဗုဒၶဟူးေန႔ညတုန္းကအိုလံပီယာကို႔စ္အတြက္ဂိုးသြင္းယူၿပီးတဲ့ေနာက္ခ်စ္သူငယ္ခ်င္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕SIU ျဖင့္ဂိုးသြင္းေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

မာဆယ္လိုဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အတူရီးရဲလ္မက္ဒရစ္ရဲ႕ႀကီးက်ယ္ခမ္းနားလွတဲ့ေအာင္ျမင္မႈမ်ားတြင္အတူပါဝင္ခဲ့ၾကသူမ်ားျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးဟာရီးရဲလ္မက္ဒရစ္တြင္၉ႏွစ္ၾကာအတူတြဲကစားခဲ့စဥ္အတြင္းခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးခဲ့ၾကပါတယ္။မာဆယ္လိုဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ရီးရဲလ္မက္ဒရစ္အတြက္သြင္းဂိုး၄၅၀ဂိုးမွအမ်ားစုကိုဖန္တီးေပးခဲ့သူလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ေဟာင္းမာဆယ္လိုဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီမွာဘာေနဗ်ဴးမွထြက္ခြာကာဂရိထိပ္သီးအိုလံပီယာကို႔စ္သို႔ေျပာင္းခဲ့ပါတယ္။

သူဟာဗုဒၶဟူးေန႔တုန္းက Atromitosႏွင့္ Greek Cupပြဲတြင္ဂိုးသြင္းယူႏိုင္ၿပီးတဲ့ေနာက္ကစားေဖာ္ေဟာင္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕နာမည္ေက်ာ္ေအာင္ပြဲခံမႈျဖစ္တဲ့ SIU ျဖင့္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

အိုလံပီယာကို႔စ္ဟာAtromitosႏွင့္ႏွစ္ဂိုးစီသေရက်ေပမဲ့လည္းႏွစ္ေက်ာ့ေပါင္းရလဒ္၆-၃ျဖင့္အႏိုင္ရရွိကာေနာက္တဆင့္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

မာဆယ္လိုဟာအိုလံပီယာကို႔စ္သို႔ေရာက္ၿပီးတဲ့ေနာက္ႀကံ့ခိုင္မႈျပႆနာမ်ားႏွင့္ရင္ဆိုင္ရမႈနဲ႔အတူ ေျပာင္းၿပီးႏွစ္လအၾကာမွာဘဲစာခ်ဳပ္ဖ်က္သိမ္းခံရမယ္လို႔သတင္းထြက္ခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့သူဟာအေကာင္းဆုံးပုံစံျပန္လည္ရရွိေအာင္ႀကိဳးပမ္းကာအေျခအေနအားလုံးအလွည့္အေျပာင္းျဖစ္လာေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။သူဟာအိုလံပီယာကို႔စ္အတြက္၁၀ပြဲကစားထားရာမွာ၃ဂိုးသြင္းထားႏိုင္ၿပီျဖစ္ပါတယ္။