အိုးထရက်ဖို့ဒ်ကွင်းသို့ ရောက်နေပြီးမှ လိဒ်နှင့်ပွဲကို ရုပ်သံကနေကြည့်ခဲ့တဲ့ မန်ယူကစားသမားသစ်

မန်ယူစတားသစ်ရာဖေးလ်ဗာရိန်းဟာလိဒ်အားအနိုင်ရရှိတဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်အိုးထရက်ဖို့ဒ်ကွင်းသို့ရောက်နေခဲ့ပေမယ့်ပွဲကိုရုပ်သံကနေဘဲကြည့်ခဲ့ပါတယ်။

အသက်၂၈နှစ်ရှိပြင်သစ်လက်ရွေးစင်ဟာလိဒ်နှင့်ပွဲမတိုင်မီအိုးထရက်ဖို့ဒ်ကွင်းတွင်မန်ယူကစားသမားသစ်အဖြစ်မိတ်ဆက်ခဲ့ပြီးနောက်ပွဲကိုပွဲကြည့်စင်မှအချိန်အနည်းငယ်သာကြည့်ခဲ့ကာအိုးထရက်ဖို့ဒ်ကွင်းရှိသီးသန့်အခန်းထဲတွင်ကြည့်ခဲ့ပါတယ်။

မန်ယူဟာလိဒ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်၅-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းပွဲစဉ်တွင်မန်ယူအသင်းအတွက်ဂိုးများကိုဘရူနိုဖာနန်ဒက်စ်(ဟက်ထရစ်)၊မေဆင်ဂရင်းဝုဒ်၊ဖရက်တို့ကသွင်းယူခဲ့ကြပါတယ်။

ဗာရိန်းဟာမန်ယူအသင်းနှင့်လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

ZawGyi

အိုးထရက္ဖို႔ဒ္ကြင္းသို႔ ေရာက္ေနၿပီးမွ လိဒ္ႏွင့္ပြဲကို ႐ုပ္သံကေနၾကည့္ခဲ့တဲ့ မန္ယူကစားသမားသစ္

မန္ယူစတားသစ္ရာေဖးလ္ဗာရိန္းဟာလိဒ္အားအႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္အိုးထရက္ဖို႔ဒ္ကြင္းသို႔ေရာက္ေနခဲ့ေပမယ့္ပြဲကို႐ုပ္သံကေနဘဲၾကည့္ခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ဟာလိဒ္ႏွင့္ပြဲမတိုင္မီအိုးထရက္ဖို႔ဒ္ကြင္းတြင္မန္ယူကစားသမားသစ္အျဖစ္မိတ္ဆက္ခဲ့ၿပီးေနာက္ပြဲကိုပြဲၾကည့္စင္မွအခ်ိန္အနည္းငယ္သာၾကည့္ခဲ့ကာအိုးထရက္ဖို႔ဒ္ကြင္းရွိသီးသန႔္အခန္းထဲတြင္ၾကည့္ခဲ့ပါတယ္။

မန္ယူဟာလိဒ္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္၅-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယင္းပြဲစဥ္တြင္မန္ယူအသင္းအတြက္ဂိုးမ်ားကိုဘ႐ူႏိုဖာနန္ဒက္စ္(ဟက္ထရစ္)၊ေမဆင္ဂရင္းဝုဒ္၊ဖရက္တို႔ကသြင္းယူခဲ့ၾကပါတယ္။

ဗာရိန္းဟာမန္ယူအသင္းႏွင့္ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။