အိုးထရက်ဖို့ဒ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုအား အထူးအစီအစဉ်ဖြင့် စပါယ်ရှယ်ကြိုဆိုသွားမယ့် သရဲနီ

မန်ချက်စတာယူနိုက်တက်ဟာလာမယ့်စနေနေ့မှာအိုးထရက်ဖို့ဒ်ကွင်းမှာကစားမယ့်နယူးကာဆယ်နှင့်ပွဲစဉ်တွင်တကျော့ပြန်ခရစ္စတီယာနိုရော်နယ်ဒိုအားအထူးအစီအစဉ်ပြုလုပ်ကာကြိုဆိုမှုပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

မန်ယူဟာနယူးကာဆယ်နှင့်ပွဲမတိုင်မီခရစ္စတီယာနိုရော်နယ်ဒိုရဲ့အမည်ကိုကြေညာကာကွင်းလယ်စက်ဝိုင်းသို့တစ်ကိုယ်တည်းလမ်းလျှောက်ဝင်စေပြီးပရိသတ်များကိုနှုတ်ဆက်စေမှာလည်းဖြစ်ပါတယ်။

မန်ယူဟာဩဂုတ်လ၁၄ရက်နေ့တုန်းကလိဒ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်မီတုန်းကလည်းရာဖေးလ်ဗာရိန်းကိုကွင်းအလယ်သို့လမ်းလျှောက်ဝင်ရောက်စေကာမိတ်ဆက်ပေးခဲ့ဖူးပါတယ်။

ဒါပေမယ့်မန်ယူပရိသတ်များအတွက်ဗာရိန်းရောက်လာတုန်းကအနေအထားနှင့်ရော်နယ်ဒိုရောက်လာစဉ်တုန်းကအနေအထားကမတူပါဘူး။

မန်ယူပရိသတ်များဟာခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူကစားသမားအဖြစ်တကျော့ပြန်မြင်တွေ့ရမယ့်အခွင့်အရေးကြီးအပေါ်အလွန်စိတ်လှုပ်ရှားနေပါတယ်။မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကျောနံပါတ်၇ပါအင်္ကျီရောင်းမလောက်အောင်ရောင်းချနေရပြီး၁၂နာရီအတွင်းတွင်ပင်ပေါင်၃၂.၅သန်းအထိရောင်းချခဲ့ရကြောင်းသိရပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပထမဆုံးမန်ယူပွဲဖြစ်လာဖို့ရှိနေတဲ့နယူးကာဆယ်နှင့်ပွဲအတွက်လက်မှတ်ဈေးနှုန်းမှာပေါင်၂၅၀၀အထိမြင့်တက်နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဗြိတိန်သို့ရောက်ချိန်တွင်ကွာရန်တင်းငါးရက်ဝင်နေရမှုကြောင့်မန်ယူနှင့်တစ်ရက်တည်းသာလေ့ကျင့်ခန်းဆင်းရမည်ဖြစ်ရာနယူးကာဆယ်နှင့်ပွဲမှာအရန်ခုံတွင်သာထိုင်နေဖို့ရှိနေပါတယ်။ဒါပေမယ့်သူဟာလာမယ့်အင်္ဂါနေ့မှာယန်းဘွိုင်းနှင့်ကစားမယ့်ချန်ပီယံလိဂ်ပွဲမှာတော့ပွဲထွက်ကစားလာဖို့သေချာနေပါတယ်။

ZawGyi

အိုးထရက္ဖို႔ဒ္တြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုအား အထူးအစီအစဥ္ျဖင့္ စပါယ္ရွယ္ႀကိဳဆိုသြားမယ့္ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္ဟာလာမယ့္စေနေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းမွာကစားမယ့္နယူးကာဆယ္ႏွင့္ပြဲစဥ္တြင္တေက်ာ့ျပန္ခရစၥတီယာႏိုေရာ္နယ္ဒိုအားအထူးအစီအစဥ္ျပဳလုပ္ကာႀကိဳဆိုမႈျပဳလုပ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

မန္ယူဟာနယူးကာဆယ္ႏွင့္ပြဲမတိုင္မီခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အမည္ကိုေၾကညာကာကြင္းလယ္စက္ဝိုင္းသို႔တစ္ကိုယ္တည္းလမ္းေလွ်ာက္ဝင္ေစၿပီးပရိသတ္မ်ားကိုႏႈတ္ဆက္ေစမွာလည္းျဖစ္ပါတယ္။

မန္ယူဟာဩဂုတ္လ၁၄ရက္ေန႔တုန္းကလိဒ္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မတိုင္မီတုန္းကလည္းရာေဖးလ္ဗာရိန္းကိုကြင္းအလယ္သို႔လမ္းေလွ်ာက္ဝင္ေရာက္ေစကာမိတ္ဆက္ေပးခဲ့ဖူးပါတယ္။

ဒါေပမယ့္မန္ယူပရိသတ္မ်ားအတြက္ဗာရိန္းေရာက္လာတုန္းကအေနအထားႏွင့္ေရာ္နယ္ဒိုေရာက္လာစဥ္တုန္းကအေနအထားကမတူပါဘူး။

မန္ယူပရိသတ္မ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူကစားသမားအျဖစ္တေက်ာ့ျပန္ျမင္ေတြ႕ရမယ့္အခြင့္အေရးႀကီးအေပၚအလြန္စိတ္လႈပ္ရွားေနပါတယ္။မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္၇ပါအက်ႌေရာင္းမေလာက္ေအာင္ေရာင္းခ်ေနရၿပီး၁၂နာရီအတြင္းတြင္ပင္ေပါင္၃၂.၅သန္းအထိေရာင္းခ်ခဲ့ရေၾကာင္းသိရပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပထမဆုံးမန္ယူပြဲျဖစ္လာဖို႔ရွိေနတဲ့နယူးကာဆယ္ႏွင့္ပြဲအတြက္လက္မွတ္ေဈးႏႈန္းမွာေပါင္၂၅၀၀အထိျမင့္တက္ေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿဗိတိန္သို႔ေရာက္ခ်ိန္တြင္ကြာရန္တင္းငါးရက္ဝင္ေနရမႈေၾကာင့္မန္ယူႏွင့္တစ္ရက္တည္းသာေလ့က်င့္ခန္းဆင္းရမည္ျဖစ္ရာနယူးကာဆယ္ႏွင့္ပြဲမွာအရန္ခုံတြင္သာထိုင္ေနဖို႔ရွိေနပါတယ္။ဒါေပမယ့္သူဟာလာမယ့္အဂၤါေန႔မွာယန္းဘြိဳင္းႏွင့္ကစားမယ့္ခ်န္ပီယံလိဂ္ပြဲမွာေတာ့ပြဲထြက္ကစားလာဖို႔ေသခ်ာေနပါတယ္။