အိုးထရက်ဖို့ဒ်တွင် အိပ်မက်ဆိုးကြုံနေရပေမယ့် မန်ယူစတားတိုင်းရဲ့ချစ်ခြင်းရရှိနေတဲ့ ဗန်ဒီဘိခ်

လုခ်ရှောကမန်ချက်စတာယူနိုက်တက်ကစားသမားတိုင်းက အသင်းတွင်နေရာပျောက်နေတဲ့ဒွန်နီဗန်ဒီဘိခ်ကိုချစ်ခင်ကြောင်းနှင့်သူ့အခြေအနေကို နားလည်ကြကြောင်းဖွင့်ဟပြောကြားလာပါတယ်။

နယ်သာလန်စတားဗန်ဒီဘိခ်ဟာလွန်ခဲ့တဲ့၁၅လတုန်းကအေဂျက်စ်မှပေါင်၄၇သန်းဖြင့်ပြောင်းလာပြီးနောက်ပွဲကစားခွင့်ရရှိရန်ရုန်းကန်လာခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာနွေရာသီတုန်းကအဲဗာတန်သို့ပြောင်းရန်ကြိုးပမ်းခဲ့ပေမယ့်ဆိုးလ်ရှားကပွဲကစားခွင့်ရရှိမယ်လို့ကတိပြုမှုကြောင့်ဆက်နေခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာယခုရာသီမှာမန်ယူအတွက်ပရီးမီးယားလိဂ်တွင်၆မိနစ်တည်းသာကစားခွင့်ရထားပါတယ်။

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အာဆင်နယ်ကသူ့ကိုခေါ်ယူရေးကြိုးပမ်းလာမယ့်အပြင်ဘာစီလိုနာ၊အဲဗာတန်နှင့်နယူးကာဆယ်တို့ကလည်းစိတ်ဝင်စားနေကြောင်းသိရပါတယ်။

လုခ်ရှောက “ဒွန်နီရဲ့အခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်တို့အားလုံးနားလည်ကြပါတယ်။သူကလူကောင်းတစ်ယောက်ပါ။ချစ်စရာကောင်းတဲ့ကောင်လေးပါ။ကျွန်တော်တို့အားလုံးသူ့ကိုချစ်ကြတယ်။သူကထိပ်တန်းပရော်ဖက်ရှင်နယ်တစ်ဦးပါ။သူပွဲကစားခွင့်မရလို့ စိတ်ပျက်တယ်၊စိတ်မကောင်းအနည်းဆုံးဖြစ်ရတယ်ဆိုရင်လည်းအံ့ဩစရာမရှိပါဘူး။ဒါပေမယ့်သူကအမြဲတမ်းကြိုးစားသလိုလေ့ကျင့်ခန်းလည်းကောင်းကောင်းလုပ်ပါတယ်။ပြီးတော့အမြဲတမ်းခေါင်းမော့ရင်ကော့ထားပါတယ်။သူသာဒီအတိုင်းဆက်သွားမယ်ဆိုရင်အခွင့်အရေးရလာမှာမလွဲပါဘူး”လို့ပြောကြားသွားပါတယ်။

ဗန်ဒီဘိခ်ဟာကြားရက်တုန်းကအတ္တလန္တာနှင့်၂ဂိုးစီသရေကျတဲ့ပွဲမှာဒုတိယပိုင်းမှာလူစားဝင်ရောက်ကစားလာပြီးနောက်အထူးကြိုးစားအားထုတ်ကစားသွားခဲ့တာတွေ့ရပါတယ်။

သူဟာမန်ယူအတွက်စုစုပေါင်းပွဲ၄၀(အများစုကအရန်အဖြစ်)ကစားထားရာမှာ၁ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားပါတယ်။

ZawGyi

အိုးထရက္ဖို႔ဒ္တြင္ အိပ္မက္ဆိုးႀကဳံေနရေပမယ့္ မန္ယူစတားတိုင္းရဲ႕ခ်စ္ျခင္းရရွိေနတဲ့ ဗန္ဒီဘိခ္

လုခ္ေရွာကမန္ခ်က္စတာယူႏိုက္တက္ကစားသမားတိုင္းက အသင္းတြင္ေနရာေပ်ာက္ေနတဲ့ဒြန္နီဗန္ဒီဘိခ္ကိုခ်စ္ခင္ေၾကာင္းႏွင့္သူ႔အေျခအေနကို နားလည္ၾကေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

နယ္သာလန္စတားဗန္ဒီဘိခ္ဟာလြန္ခဲ့တဲ့၁၅လတုန္းကေအဂ်က္စ္မွေပါင္၄၇သန္းျဖင့္ေျပာင္းလာၿပီးေနာက္ပြဲကစားခြင့္ရရွိရန္႐ုန္းကန္လာခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာေႏြရာသီတုန္းကအဲဗာတန္သို႔ေျပာင္းရန္ႀကိဳးပမ္းခဲ့ေပမယ့္ဆိုးလ္ရွားကပြဲကစားခြင့္ရရွိမယ္လို႔ကတိျပဳမႈေၾကာင့္ဆက္ေနခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာယခုရာသီမွာမန္ယူအတြက္ပရီးမီးယားလိဂ္တြင္၆မိနစ္တည္းသာကစားခြင့္ရထားပါတယ္။

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အာဆင္နယ္ကသူ႔ကိုေခၚယူေရးႀကိဳးပမ္းလာမယ့္အျပင္ဘာစီလိုနာ၊အဲဗာတန္ႏွင့္နယူးကာဆယ္တို႔ကလည္းစိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

လုခ္ေရွာက “ဒြန္နီရဲ႕အေျခအေနနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔အားလုံးနားလည္ၾကပါတယ္။သူကလူေကာင္းတစ္ေယာက္ပါ။ခ်စ္စရာေကာင္းတဲ့ေကာင္ေလးပါ။ကြၽန္ေတာ္တို႔အားလုံးသူ႔ကိုခ်စ္ၾကတယ္။သူကထိပ္တန္းပေရာ္ဖက္ရွင္နယ္တစ္ဦးပါ။သူပြဲကစားခြင့္မရလို႔ စိတ္ပ်က္တယ္၊စိတ္မေကာင္းအနည္းဆုံးျဖစ္ရတယ္ဆိုရင္လည္းအံ့ဩစရာမရွိပါဘူး။ဒါေပမယ့္သူကအၿမဲတမ္းႀကိဳးစားသလိုေလ့က်င့္ခန္းလည္းေကာင္းေကာင္းလုပ္ပါတယ္။ၿပီးေတာ့အၿမဲတမ္းေခါင္းေမာ့ရင္ေကာ့ထားပါတယ္။သူသာဒီအတိုင္းဆက္သြားမယ္ဆိုရင္အခြင့္အေရးရလာမွာမလြဲပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဗန္ဒီဘိခ္ဟာၾကားရက္တုန္းကအတၱလႏၲာႏွင့္၂ဂိုးစီသေရက်တဲ့ပြဲမွာဒုတိယပိုင္းမွာလူစားဝင္ေရာက္ကစားလာၿပီးေနာက္အထူးႀကိဳးစားအားထုတ္ကစားသြားခဲ့တာေတြ႕ရပါတယ္။

သူဟာမန္ယူအတြက္စုစုေပါင္းပြဲ၄၀(အမ်ားစုကအရန္အျဖစ္)ကစားထားရာမွာ၁ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးထားပါတယ္။