အိုးထရက်ဖို့ဒ်သို့ ခေါ်ဆောင်နိုင်ရေးအတွက် အာလင်းဟာလန်းအား ဆိုးလ်ရှား ဖုန်းဆက်တိုက်ခေါ်ဆိုမှုပြုလုပ်နေ

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာအာလင်းဟာလန်းအားအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်နိုင်ရေးအတွက်ဖုန်းများဆက်တိုက်ခေါ်ဆိုမှုများပြုလုပ်နေကြောင်းသိရပါတယ်။

ဟာလန်းဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဒေါ့မွန်မှထွက်ခွာဖွယ်ရှိနေပါတယ်။အထူးသဖြင့်ဒေါ့မွန်မှာလာမယ့်ရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါကအသင်းရဲ့ဘဏ္ဍာရေးအခြေအနေကြောင့်ဟာလန်းကိုရောင်းချရဖို့ရှိနေသလိုကာယကံရှင်ကိုယ်တိုင်မှာလည်းချန်ပီယံလိဂ် ဝင်ခွင့်မရလျှင်ထွက်ခွာနိုင်နေပါတယ်။

အသက်၂၀နှစ်ရှိနော်ဝေတိုက်စစ်မှူးကိုဥရောပတလွှားမှထိပ်သီးကလပ်များကစိတ်ဝင်စားလျက်ရှိနေကြပါတယ်။မန်ယူဟာအခြားကလပ်များထက်လက်ဦးမှုရယူနိုင်ရေးအတွက်အာလင်းဟာလန်းကိုဖုန်းများနေ့စဉ်ရက်ဆက်ဆိုသလိုခေါ်ကာဖျောင်းဖျမှုများပြုလုပ်နေပါတယ်။

ဆိုးလ်ရှားဟာမိုလ်ဒီအသင်းကိုကိုင်တွယ်တုန်းကဟာလန်းနှင့်လက်တွဲခဲ့ဖူးသူဖြစ်ပြီးဟာလန်းရဲ့အရည်အချင်းကိုဦးစွာသိရှိခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ၂၀၁၉ခုနှစ်နွေရာသီတွင်လူကာကူကိုရောင်းချလိုက်ပြီးနောက်ပိုင်းတွင်အန်တိုနီမာရှယ်နှင့်ကာဗာနီတို့ကိုအဓိကတိုက်စစ်မှူးအဖြစ်အသုံးပြုနေပါတယ်။လက်ရှိအချိန်တွင်မန်ယူဟာ ကာဗာနီကိုအသင်းတွင်ဆက်ထိန်းထားနိုင်ရေးမသေချာမှုနဲ့အတူတိုက်စစ်မှူးတစ်ဦးရှာဖွေနေပါတယ်။

ဟာလန်းဟာယခုရာသီမှာဒေါ့မွန်အတွက်၃၁ပွဲကစားထားရာမှာ၃၃ဂိုးအထိသွင်းယူထားပါတယ်။

ZawGyi

အိုးထရက္ဖို႔ဒ္သို႔ ေခၚေဆာင္ႏိုင္ေရးအတြက္ အာလင္းဟာလန္းအား ဆိုးလ္ရွား ဖုန္းဆက္တိုက္ေခၚဆိုမႈျပဳလုပ္ေန

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာအာလင္းဟာလန္းအားအိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္ႏိုင္ေရးအတြက္ဖုန္းမ်ားဆက္တိုက္ေခၚဆိုမႈမ်ားျပဳလုပ္ေနေၾကာင္းသိရပါတယ္။

ဟာလန္းဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေဒါ့မြန္မွထြက္ခြာဖြယ္ရွိေနပါတယ္။အထူးသျဖင့္ေဒါ့မြန္မွာလာမယ့္ရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိပါကအသင္းရဲ႕ဘ႑ာေရးအေျခအေနေၾကာင့္ဟာလန္းကိုေရာင္းခ်ရဖို႔ရွိေနသလိုကာယကံရွင္ကိုယ္တိုင္မွာလည္းခ်န္ပီယံလိဂ္ ဝင္ခြင့္မရလွ်င္ထြက္ခြာႏိုင္ေနပါတယ္။

အသက္၂၀ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးကိုဥေရာပတလႊားမွထိပ္သီးကလပ္မ်ားကစိတ္ဝင္စားလ်က္ရွိေနၾကပါတယ္။မန္ယူဟာအျခားကလပ္မ်ားထက္လက္ဦးမႈရယူႏိုင္ေရးအတြက္အာလင္းဟာလန္းကိုဖုန္းမ်ားေန႔စဥ္ရက္ဆက္ဆိုသလိုေခၚကာေဖ်ာင္းဖ်မႈမ်ားျပဳလုပ္ေနပါတယ္။

ဆိုးလ္ရွားဟာမိုလ္ဒီအသင္းကိုကိုင္တြယ္တုန္းကဟာလန္းႏွင့္လက္တြဲခဲ့ဖူးသူျဖစ္ၿပီးဟာလန္းရဲ႕အရည္အခ်င္းကိုဦးစြာသိရွိခဲ့တဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားဟာ၂၀၁၉ခုႏွစ္ေႏြရာသီတြင္လူကာကူကိုေရာင္းခ်လိုက္ၿပီးေနာက္ပိုင္းတြင္အန္တိုနီမာရွယ္ႏွင့္ကာဗာနီတို႔ကိုအဓိကတိုက္စစ္မႉးအျဖစ္အသုံးျပဳေနပါတယ္။လက္ရွိအခ်ိန္တြင္မန္ယူဟာ ကာဗာနီကိုအသင္းတြင္ဆက္ထိန္းထားႏိုင္ေရးမေသခ်ာမႈနဲ႔အတူတိုက္စစ္မႉးတစ္ဦးရွာေဖြေနပါတယ္။

ဟာလန္းဟာယခုရာသီမွာေဒါ့မြန္အတြက္၃၁ပြဲကစားထားရာမွာ၃၃ဂိုးအထိသြင္းယူထားပါတယ္။