အိုးထရက်ဖို့ဒ်သို့ ရော်နယ်ဒို တကျော့ပြန်လာအောင် ဆာအဲလက်စ်ဖာဂူဆန် အဓိကနေရာမှလုပ်ဆောင်ပေးခဲ့

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆာအဲလက်စ်ဖာဂူဆန်ရဲ့‌ဖုန်းဆက်သွယ်ပြောဆိုမှုကြောင့်အိုးထရက်ဖို့ဒ်သို့ပြန်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

မန်ယူဂန္ထဝင်နည်းပြဖာဂူဆန်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုမြို့ခံပြိုင်ဘက်မန်စီးတီးလက်ထဲသို့ရောက်လုနီးအခြေအနေမျိုးမှလုယူခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုကိုတစ်ပတ်လုပ်ခပေါင်၄၈၀၀၀၀ဖြင့်၂နှစ်စာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိခဲ့ပါတယ်။

ဒါ့အပြင်မန်ယူကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်ဟာလည်းမန်ယူသို့ပြန်လာအောင်ခရစ္စတီယာနိုရော်နယ်ဒိုကိုဖုန်းဆက်သွယ်ပြောကြားခဲ့ပါတယ်။

မန်ယူဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်က “ဆာအဲလက်စ်ကအရေးပါတဲ့နေရာကပါဝင်ပါတယ်။ဆာအဲလက်စ်ဖာဂူဆန်နဲ့စကားမပြောဖြစ်ဘဲမန်ယူသို့ခရစ္စတီယာနိုရော်နယ်ဒိုပြန်ရောက်လာစရာအကြောင်းမရှိပါဘူး။ရှင်းရှင်းလေးပါ”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအတွက်ပြောင်းရွှေ့ကြေးပေါင်၁၂.၈၅သန်းကိုချက်ချင်းပေးရမှာဖြစ်ပြီးပေါင်၆.၈၅သန်းကိုပွဲကစားမှုနဲ့အောင်မြင်မှုအပေါ်မူတည်ကာဂျူဗင်တပ်အားပေးရပါမယ်။

အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာမန်ယူနှင့်တစ်ပတ်လုပ်ခပေါင်၄၈၀၀၀၀တန်၂နှစ်စာချုပ်အားမန်ယူနှင့်ချုပ်ဆိုသွားပါမယ်။

ရော်နယ်ဒိုဟာလက်ရှိအချိန်တွင်လစ္စဘွန်းတွင်ရှိနေပြီးယင်းတွင်ဆေးစစ်ဆေးမှုခံယူကာယခုရက်ပိုင်းတွင်မန်ချက်စတာသို့ရောက်လာပါမယ်။သူဟာလာမယ့်စက်တင်ဘာလ၁၁ရက်နေ့တွင်နယူးကာဆယ်နှင့်ပွဲတွင်မန်ယူအတွက်ပထမဆုံးပွဲကိုကစားသွားပါမယ်။သူဟာမန်ယူတွင်ကစားစဉ်တုန်းကနယူးကာဆယ်ကိုတစ်ကြိမ်မျှမရှုံးနိမ့်ဖူးတဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

အိုးထရက္ဖို႔ဒ္သို႔ ေရာ္နယ္ဒို တေက်ာ့ျပန္လာေအာင္ ဆာအဲလက္စ္ဖာဂူဆန္ အဓိကေနရာမွလုပ္ေဆာင္ေပးခဲ့

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဆာအဲလက္စ္ဖာဂူဆန္ရဲ႕‌ဖုန္းဆက္သြယ္ေျပာဆိုမႈေၾကာင့္အိုးထရက္ဖို႔ဒ္သို႔ျပန္ရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။

မန္ယူဂႏၴဝင္နည္းျပဖာဂူဆန္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးလက္ထဲသို႔ေရာက္လုနီးအေျခအေနမ်ိဳးမွလုယူခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုတစ္ပတ္လုပ္ခေပါင္၄၈၀၀၀၀ျဖင့္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိခဲ့ပါတယ္။

ဒါ့အျပင္မန္ယူကြင္းလယ္ကစားသမားဘ႐ူႏိုဖာနန္ဒက္စ္ဟာလည္းမန္ယူသို႔ျပန္လာေအာင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုဖုန္းဆက္သြယ္ေျပာၾကားခဲ့ပါတယ္။

မန္ယူဂႏၴဝင္ေနာက္ခံလူရီယိုဖာဒီနန္က “ဆာအဲလက္စ္ကအေရးပါတဲ့ေနရာကပါဝင္ပါတယ္။ဆာအဲလက္စ္ဖာဂူဆန္နဲ႔စကားမေျပာျဖစ္ဘဲမန္ယူသို႔ခရစၥတီယာႏိုေရာ္နယ္ဒိုျပန္ေရာက္လာစရာအေၾကာင္းမရွိပါဘူး။ရွင္းရွင္းေလးပါ”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၂.၈၅သန္းကိုခ်က္ခ်င္းေပးရမွာျဖစ္ၿပီးေပါင္၆.၈၅သန္းကိုပြဲကစားမႈနဲ႔ေအာင္ျမင္မႈအေပၚမူတည္ကာဂ်ဴဗင္တပ္အားေပးရပါမယ္။

အသက္၃၆ႏွစ္ရွိေရာ္နယ္ဒိုဟာမန္ယူႏွင့္တစ္ပတ္လုပ္ခေပါင္၄၈၀၀၀၀တန္၂ႏွစ္စာခ်ဳပ္အားမန္ယူႏွင့္ခ်ဳပ္ဆိုသြားပါမယ္။

ေရာ္နယ္ဒိုဟာလက္ရွိအခ်ိန္တြင္လစၥဘြန္းတြင္ရွိေနၿပီးယင္းတြင္ေဆးစစ္ေဆးမႈခံယူကာယခုရက္ပိုင္းတြင္မန္ခ်က္စတာသို႔ေရာက္လာပါမယ္။သူဟာလာမယ့္စက္တင္ဘာလ၁၁ရက္ေန႔တြင္နယူးကာဆယ္ႏွင့္ပြဲတြင္မန္ယူအတြက္ပထမဆုံးပြဲကိုကစားသြားပါမယ္။သူဟာမန္ယူတြင္ကစားစဥ္တုန္းကနယူးကာဆယ္ကိုတစ္ႀကိမ္မွ်မရႈံးနိမ့္ဖူးတဲ့သူလည္းျဖစ္ပါတယ္။