
ချီလီနှင့်ပီရူးဟာဖီဖာကအီကွေဒေါရဲ့ဘိုင်ရွန်ကာစတဲလ်လိုအားအီကွေဒေါအတွက်ကစားခွင့်ရှိတယ်လို့ဖီဖာကဆုံးဖြတ်လာမှုအပေါ်အားကစားသမာဓိခုံရုံးတွင်အယူခံဝင်လာကြပါတယ်။
ပီရူးဘောလုံးအဖွဲ့ချုပ်ဟာအီကွေဒေါကိုကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်ပြီး၎င်းတို့အားအစားထိုးပေးရန်တောင်းဆိုနေတာလည်းဖြစ်ပါတယ်။
ချီလီဘောလုံးအဖွဲ့ချုပ်ဟာကာစတဲလ်လိုမှာအီကွေဒေါနိုင်ငံသားမဟုတ်မှုနှင့်အတူ သူကစားတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတိုင်းကို၃-၀ဂိုးဖြင့်အရှုံးပေးရန်ဖီဖာထံလျှောက်ထားခဲ့ပါတယ်။
အသက်၂၃နှစ်ရှိကာစတဲလ်လိုဟာကိုလံဘီယာနိုင်ငံသားဖြစ်ပြီးအီကွေဒေါရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ၁၈ပွဲတွင်၈ပွဲအားပါဝင်ကစားခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအစောပိုင်းတုန်းကကာစတဲလ်လိုကိုယ်တိုင်က၎င်းမှာဘောလုံးကစားသမားဘဝအခွင့်အရေးပေါ်ပေါက်လာစေရန်အတွက်ကိုလံဘီယာမှအီကွေဒေါသို့ခိုးဝင်ရောက်လာခဲ့တာကြောင်းဝန်ခံထားတဲ့အသံဖိုင်နှင့်စာရွက်စာတမ်းသက်သေအထောက်အထားထွက်ပေါ်ခဲ့ပါတယ်။
အီကွေဒေါဟာတောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲဇုန်တွင်အဆင့်၄နေရာတွင်ရပ်တည်ကာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။
ချီလီနှင့်ပီရူးတို့ကအမှုဖွင့်လာကြပေမဲ့ဖီဖာကစစ်ဆေးမှုများပြုလုပ်ပြီးနောက် ကာစတဲလ်လိုကိုအီကွေဒေါအတွက်ကစားခွင့်ရှိနေတယ်ဆိုပြီးဆုံးဖြတ်ခဲ့ကြပါတယ်။
တကယ်လို့များအားကစားသမာဓိခုံရုံးကချီလီနှင့်ပီရူးတို့ရဲ့အယူခံကိုလက်ခံအနိုင်ပေးလိုက်မည်ဆိုပါက ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုပြန်လည်ကစားလာရမယ့်အခြေအနေမျိုးမှာရှိနေပါတယ်။
ကာစတဲလ်လိုပါဝင်ကစားတဲ့အီကွေဒေါပွဲတိုင်းကို၃-၀ဖြင့်အနိုင်ပေးလိုက်မည်ဆိုပါကပီရူးမှာအဆင့်၄နေရာသို့ရောက်လာမှာဖြစ်ပြီးတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်လာပါမယ်။ချီလီမှာလည်းအဆင့်၅နေရာသို့တက်လှမ်းလာပါကပလေးအော့ဖ်ကစားခွင့်ရလာပါမယ်။ပီရူးဟာပလေးအော့ဖ်တွင်ရှုံးနိမ့်ကာကမ္ဘာ့ဖလားခြေစစ်ပွဲကျတဲ့အသင်းဖြစ်ပါတယ်။
အီကွေဒေါဟာကမ္ဘာ့ဖလားအုပ်စု(က)တွင်နယ်သာလန်၊အိမ်ရှင်ကာတာ၊ဆီနီဂေါတို့နှင့်အတူတစ်အုပ်စုတည်းကျရောက်နေပါတယ်။
ZawGyi
အီေကြေဒါကို ကမာၻ႔ဖလားမွ ထုတ္ပယ္ရန္အတြက္ ခ်ီလီႏွင့္ပီ႐ူးအယူခံဝင္လာ
ခ်ီလီႏွင့္ပီ႐ူးဟာဖီဖာကအီေကြေဒါရဲ႕ဘိုင္႐ြန္ကာစတဲလ္လိုအားအီေကြေဒါအတြက္ကစားခြင့္ရွိတယ္လို႔ဖီဖာကဆုံးျဖတ္လာမႈအေပၚအားကစားသမာဓိခုံ႐ုံးတြင္အယူခံဝင္လာၾကပါတယ္။
ပီ႐ူးေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအီေကြေဒါကိုကမာၻ႔ဖလားၿပိဳင္ပြဲမွထုတ္ပယ္ၿပီး၎တို႔အားအစားထိုးေပးရန္ေတာင္းဆိုေနတာလည္းျဖစ္ပါတယ္။
ခ်ီလီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကာစတဲလ္လိုမွာအီေကြေဒါႏိုင္ငံသားမဟုတ္မႈႏွင့္အတူ သူကစားတဲ့ကမာၻ႔ဖလားေျခစစ္ပြဲတိုင္းကို၃-၀ဂိုးျဖင့္အရႈံးေပးရန္ဖီဖာထံေလွ်ာက္ထားခဲ့ပါတယ္။
အသက္၂၃ႏွစ္ရွိကာစတဲလ္လိုဟာကိုလံဘီယာႏိုင္ငံသားျဖစ္ၿပီးအီေကြေဒါရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲ၁၈ပြဲတြင္၈ပြဲအားပါဝင္ကစားခဲ့သူျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လအေစာပိုင္းတုန္းကကာစတဲလ္လိုကိုယ္တိုင္က၎မွာေဘာလုံးကစားသမားဘဝအခြင့္အေရးေပၚေပါက္လာေစရန္အတြက္ကိုလံဘီယာမွအီေကြေဒါသို႔ခိုးဝင္ေရာက္လာခဲ့တာေၾကာင္းဝန္ခံထားတဲ့အသံဖိုင္ႏွင့္စာ႐ြက္စာတမ္းသက္ေသအေထာက္အထားထြက္ေပၚခဲ့ပါတယ္။
အီေကြေဒါဟာေတာင္အေမရိကကမာၻ႔ဖလားေျခစစ္ပြဲဇုန္တြင္အဆင့္၄ေနရာတြင္ရပ္တည္ကာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့ပါတယ္။
ခ်ီလီႏွင့္ပီ႐ူးတို႔ကအမႈဖြင့္လာၾကေပမဲ့ဖီဖာကစစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ ကာစတဲလ္လိုကိုအီေကြေဒါအတြက္ကစားခြင့္ရွိေနတယ္ဆိုၿပီးဆုံးျဖတ္ခဲ့ၾကပါတယ္။
တကယ္လို႔မ်ားအားကစားသမာဓိခုံ႐ုံးကခ်ီလီႏွင့္ပီ႐ူးတို႔ရဲ႕အယူခံကိုလက္ခံအႏိုင္ေပးလိုက္မည္ဆိုပါက ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကိုျပန္လည္ကစားလာရမယ့္အေျခအေနမ်ိဳးမွာရွိေနပါတယ္။
ကာစတဲလ္လိုပါဝင္ကစားတဲ့အီေကြေဒါပြဲတိုင္းကို၃-၀ျဖင့္အႏိုင္ေပးလိုက္မည္ဆိုပါကပီ႐ူးမွာအဆင့္၄ေနရာသို႔ေရာက္လာမွာျဖစ္ၿပီးတိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္လာပါမယ္။ခ်ီလီမွာလည္းအဆင့္၅ေနရာသို႔တက္လွမ္းလာပါကပေလးေအာ့ဖ္ကစားခြင့္ရလာပါမယ္။ပီ႐ူးဟာပေလးေအာ့ဖ္တြင္ရႈံးနိမ့္ကာကမာၻ႔ဖလားေျခစစ္ပြဲက်တဲ့အသင္းျဖစ္ပါတယ္။
အီေကြေဒါဟာကမာၻ႔ဖလားအုပ္စု(က)တြင္နယ္သာလန္၊အိမ္ရွင္ကာတာ၊ဆီနီေဂါတို႔ႏွင့္အတူတစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။