အီကွေဒေါကို အနိုင်ရရှိကာ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီးနောက် ဆီနီဂေါ တစ်နိုင်ငံလုံး အကြီးအကျယ်အောင်ပွဲခံ

ဆီနီဂေါပရိသတ်များဟာ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပြီးနောက်တစ်နိုင်ငံလုံးအကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

ဆီနီဂေါဟာမနေ့ညတုန်းက Khalifa International Stadium ကွင်းတွင်အီကွေဒေါကို၂-၁ဂိုးဖြင့်အနိုင်ရရှိပြီးနောက်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပွဲအပြီးတွင်ဆီနီဂေါနိုင်ငံမြို့တော်ဒါကာတွင်ဆီနီဂေါပရိသတ်များဟာလမ်းမအပြည့်အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

ဆီနီဂေါနိုင်ငံရဲ့မြို့တော်ဒါကာတွင်ဆီနီဂေါနှင့်အီကွေဒေါပွဲစဉ်ကိုကြီးမားတဲ့Screen ဖြင့်ပြသခဲ့ပြီးပွဲအပြီးတွင်ပရိသတ်အားလုံးဟာသီချင်းဆိုခြင်း၊ကခုန်ခြင်းတို့ပြုလုပ်ခဲ့ကြသလိုကလေးများမှာလည်းပျော်ရွှင်နေခဲ့ကြတာတွေ့ရပါတယ်။

ဆီနီဂေါဟာအုပ်စု(ခ)တွင်အုပ်စုဗိုလ်နယ်သာလန်ရဲ့အောက် အုပ်စုဒုတိယအဖြစ်ဖြင့်ရှုံးထွက်အဆင့်သို့တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ZawGyi

အီေကြေဒါကို အႏိုင္ရရွိကာ ရႈံးထြက္အဆင့္သို႔ တက္ေရာက္သြားၿပီးေနာက္ ဆီနီေဂါ တစ္ႏိုင္ငံလုံး အႀကီးအက်ယ္ေအာင္ပြဲခံ

ဆီနီေဂါပရိသတ္မ်ားဟာ၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ၿပီးေနာက္တစ္ႏိုင္ငံလုံးအႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဆီနီေဂါဟာမေန႔ညတုန္းက Khalifa International Stadium ကြင္းတြင္အီေကြေဒါကို၂-၁ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးတြင္ဆီနီေဂါႏိုင္ငံၿမိဳ႕ေတာ္ဒါကာတြင္ဆီနီေဂါပရိသတ္မ်ားဟာလမ္းမအျပည့္အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဆီနီေဂါႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ဒါကာတြင္ဆီနီေဂါႏွင့္အီေကြေဒါပြဲစဥ္ကိုႀကီးမားတဲ့Screen ျဖင့္ျပသခဲ့ၿပီးပြဲအၿပီးတြင္ပရိသတ္အားလုံးဟာသီခ်င္းဆိုျခင္း၊ကခုန္ျခင္းတို႔ျပဳလုပ္ခဲ့ၾကသလိုကေလးမ်ားမွာလည္းေပ်ာ္႐ႊင္ေနခဲ့ၾကတာေတြ႕ရပါတယ္။

ဆီနီေဂါဟာအုပ္စု(ခ)တြင္အုပ္စုဗိုလ္နယ္သာလန္ရဲ႕ေအာက္ အုပ္စုဒုတိယအျဖစ္ျဖင့္ရႈံးထြက္အဆင့္သို႔တက္ေရာက္ခဲ့တာျဖစ္ပါတယ္။