အီဂျစ်တွင် မိုဟာမက်ဆာလက်အကြောင်းကို ကျောင်းစာသင်ရိုးတွင် ထည့်သွင်းသင်ကြားသွားမည်

အီဂျစ်ရှိစာသင်ကျောင်းများတွင် နိုင်ငံတွင်ရှိကလေးများ အတုယူအားကျစေရန်အတွက်မိုဟာမက်ဆာလက်အကြောင်းကိုကျောင်းစာသင်ရိုးတင်ထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၂၉နှစ်ရှိမိုဟာမက်ဆာလက်ရဲ့ကွင်းတွင်းကွင်းပြင်အောင်မြင်မှုများအကြောင်းကို အီဂျစ်ပညာရေးဌာနကကျောင်းစာတွင်ထည့်သွင်းသင်ကြားသွားမှာလည်းဖြစ်ပါတယ်။

လီဗာပူးစူပါစတားရဲ့ဘဝအကြောင်းကိုလာမယ့်နှစ်မှစတင်ကာမူလတန်းနှင့်အထက်တန်းတို့ရဲ့ကျောင်းစာသင်ရိုးတွင်ထည့်သွင်းသင်ကြားသွားပါမယ်။

ကျောင်းသားလူငယ်များဟာဆာလက်ရဲ့ကလပ်နှင့်နိုင်ငံအတွက်ကွင်းအတွင်းစွမ်းဆောင်မှုများကိုသင်ကြားရပါမယ်။

အထက်တန်းတွင်မူဆာလက်ရဲ့ကွင်းပြင်ပပရဟိတလုပ်ငန်းများလုပ်ဆောင်များကိုလည်းသင်ကြားကာယင်းကသူ့ကိုစစ်မှန်တဲ့သူရဲကောင်းဖြစ်စေကြောင်းသင်ကြားမှာလည်းဖြစ်ပါတယ်။

ဆာလက်ဟာပရီးမီးယားလိဂ်ဂိုး၁၀၇ဂိုးသွင်းယူကာပရီးမီးယားလိဂ်တွင်ဂိုးအများဆုံးသွင်းယူထားတဲ့အာဖရိကကစားသမားဖြစ်လာခဲ့ပါတယ်။သူဟာမန်ယူနှင့်ပွဲတွင်ဟက်ထရစ်သွင်းယူပြီးနောက်ဒရော့ဘာရဲ့၁၀၅ဂိုးစံချိန်ကိုကျော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

အီဂ်စ္တြင္ မိုဟာမက္ဆာလက္အေၾကာင္းကို ေက်ာင္းစာသင္႐ိုးတြင္ ထည့္သြင္းသင္ၾကားသြားမည္

အီဂ်စ္ရွိစာသင္ေက်ာင္းမ်ားတြင္ ႏိုင္ငံတြင္ရွိကေလးမ်ား အတုယူအားက်ေစရန္အတြက္မိုဟာမက္ဆာလက္အေၾကာင္းကိုေက်ာင္းစာသင္႐ိုးတင္ထည့္သြင္းသင္ၾကားသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၉ႏွစ္ရွိမိုဟာမက္ဆာလက္ရဲ႕ကြင္းတြင္းကြင္းျပင္ေအာင္ျမင္မႈမ်ားအေၾကာင္းကို အီဂ်စ္ပညာေရးဌာနကေက်ာင္းစာတြင္ထည့္သြင္းသင္ၾကားသြားမွာလည္းျဖစ္ပါတယ္။

လီဗာပူးစူပါစတားရဲ႕ဘဝအေၾကာင္းကိုလာမယ့္ႏွစ္မွစတင္ကာမူလတန္းႏွင့္အထက္တန္းတို႔ရဲ႕ေက်ာင္းစာသင္႐ိုးတြင္ထည့္သြင္းသင္ၾကားသြားပါမယ္။

ေက်ာင္းသားလူငယ္မ်ားဟာဆာလက္ရဲ႕ကလပ္ႏွင့္ႏိုင္ငံအတြက္ကြင္းအတြင္းစြမ္းေဆာင္မႈမ်ားကိုသင္ၾကားရပါမယ္။

အထက္တန္းတြင္မူဆာလက္ရဲ႕ကြင္းျပင္ပပရဟိတလုပ္ငန္းမ်ားလုပ္ေဆာင္မ်ားကိုလည္းသင္ၾကားကာယင္းကသူ႔ကိုစစ္မွန္တဲ့သူရဲေကာင္းျဖစ္ေစေၾကာင္းသင္ၾကားမွာလည္းျဖစ္ပါတယ္။

ဆာလက္ဟာပရီးမီးယားလိဂ္ဂိုး၁၀၇ဂိုးသြင္းယူကာပရီးမီးယားလိဂ္တြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့အာဖရိကကစားသမားျဖစ္လာခဲ့ပါတယ္။သူဟာမန္ယူႏွင့္ပြဲတြင္ဟက္ထရစ္သြင္းယူၿပီးေနာက္ဒေရာ့ဘာရဲ႕၁၀၅ဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။