အီဂျစ်အိုလံပစ်အသင်းတွင် ဆာလက်ပါဝင်လာရန် မသေမချာဖြစ်လာ

အီဂျစ်ကအိုလံပစ်လူစာရင်းတွင်မိုဟာမက်ဆာလက်ကိုရွေးချယ်လာပါကလည်းလီဗာပူးနှင့်ကာယကံရှင်တို့ကသဘောတူညီခြင်းမရှိပါကရွေးချယ်သွားမည်မဟုတ်ကြောင်းသိရပါတယ်။

တိုကျိုအိုလံပစ်ပြိုင်ပွဲကိုဇူလိုင်လ၂၃ရက်နေ့မှဩဂုတ်လ၈ရက်နေ့အထိကျင်းပသွားမည်ဖြစ်ရာမိုဟာမက် ဆာလက်မှာ၂၀၂၁-၂၂ပရီးမီးယားလိဂ်ရာသီအစပွဲစဉ်များကိုလွဲချော်ပါမယ်။

အစောပိုင်းတုန်းကအီဂျစ်ယူ-၂၃နည်းပြရှောကီဂါရစ်ဘ်ကဆာလက်မှာအသက်၂၃နှစ်အထက်ကစားသမား သုံးဦးထဲမှတစ်ဦးဖြစ်လာမယ်လို့ပြောကြားထားပါတယ်။

ဒါပေမယ့်ယခုအခါရှောကီဂါရစ်ဘ်က “အိုလံပစ်အသင်းမှာဆာလက်ပါဝင်မှုကကျွန်တော်တို့ရဲ့ရွေးချယ်မှု တစ်ခုတည်းနဲ့တင်မလုံလောက်ပါဘူး။ကျွန်တော်တို့ကရွေးချယ်တယ်ဆိုပေမယ့်သူ့ကလပ်ဘက်ကဆုံးဖြတ်ချက်ကိုလည်းစောင့်ရပါမယ်”လို့ပြောကြားထားပါတယ်။

ZawGyi

အီဂ်စ္အိုလံပစ္အသင္းတြင္ ဆာလက္ပါဝင္လာရန္ မေသမခ်ာျဖစ္လာ

အီဂ်စ္ကအိုလံပစ္လူစာရင္းတြင္မိုဟာမက္ဆာလက္ကိုေ႐ြးခ်ယ္လာပါကလည္းလီဗာပူးႏွင့္ကာယကံရွင္တို႔ကသေဘာတူညီျခင္းမရွိပါကေ႐ြးခ်ယ္သြားမည္မဟုတ္ေၾကာင္းသိရပါတယ္။

တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲကိုဇူလိုင္လ၂၃ရက္ေန႔မွဩဂုတ္လ၈ရက္ေန႔အထိက်င္းပသြားမည္ျဖစ္ရာမိုဟာမက္ ဆာလက္မွာ၂၀၂၁-၂၂ပရီးမီးယားလိဂ္ရာသီအစပြဲစဥ္မ်ားကိုလြဲေခ်ာ္ပါမယ္။

အေစာပိုင္းတုန္းကအီဂ်စ္ယူ-၂၃နည္းျပေရွာကီဂါရစ္ဘ္ကဆာလက္မွာအသက္၂၃ႏွစ္အထက္ကစားသမား သုံးဦးထဲမွတစ္ဦးျဖစ္လာမယ္လို႔ေျပာၾကားထားပါတယ္။

ဒါေပမယ့္ယခုအခါေရွာကီဂါရစ္ဘ္က “အိုလံပစ္အသင္းမွာဆာလက္ပါဝင္မႈကကြၽန္ေတာ္တို႔ရဲ႕ေ႐ြးခ်ယ္မႈ တစ္ခုတည္းနဲ႔တင္မလုံေလာက္ပါဘူး။ကြၽန္ေတာ္တို႔ကေ႐ြးခ်ယ္တယ္ဆိုေပမယ့္သူ႔ကလပ္ဘက္ကဆုံးျဖတ္ခ်က္ကိုလည္းေစာင့္ရပါမယ္”လို႔ေျပာၾကားထားပါတယ္။