အီဂျစ်အိုလံပစ်အသင်းတွင် ဆာလက်ပါဝင်ရန်သေချာနေမှုနှင့်အတူ လီဗာပူးရဲ့ရာသီအစပွဲစဉ်များကိုလွဲချော်မည်

အီဂျစ်အိုလံပစ်အသင်းကလာမယ့်နွေရာသီတွင်ကျင်းပမယ့်တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်မိုဟာမက်ဆာလက်အားရွေးချယ်သွားမည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာလာပါတယ်။ဒါကြောင့်မိုဟာမက်ဆာလက်ကဟာလီဗာပူးရဲ့၂၀၂၁-၂၂ဘောလုံးရာသီအစပွဲစဉ်များကိုလွဲချော်ရန်သေချာနေပြီဖြစ်ပါတယ်။

တိုကျိုအိုလံပစ်ပြိုင်ပွဲကိုဇူလိုင်လ၂၃ရက်နေ့မှဩဂုတ်လ၈ရက်နေ့အထိကျင်းပသွားပါမယ်။

အိုလံပစ်ပြိုင်ပွဲဝင်ဘောလုံးအသင်းတိုင်းဟာအသက်၂၃နှစ်နှင့်အထက်ကစားသမားသုံးဦးရွေးချယ်ခွင့်ရှိနေပြီးမိုဟာမက်ဆာလက်ကိုအားပြုကစားရန်ရည်မှန်းထားပါတယ်။

အစောပိုင်းတုန်းကအီဂျစ်ယူ-၂၃အသင်းနည်းပြဂါရစ်ဘ်ကမိုဟာမက်ဆာလက်အားလီဗာပူးအသင်းနှင့်သဘောတူညီမှုရရှိမှသာလျှင်ရွေးချယ်သွားမှာဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့ဂါရစ်ဘ်ကလာမယ့်အိုလံပစ်ပြိုင်ပွဲအတွက်မိုဟာမက်ဆာလက်ကိုရွေးချယ်သွားမှာဖြစ်ကြောင်းတရားဝင်ပြောကြားလာခဲ့ပြီဖြစ်ပါတယ်။အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဟာမိုဟာမက်ဆာလက်ကိုရွေးချယ်ရေးအတွက်အားကစားဝန်ကြီးဌာနနှင့်ဆွေးနွေးမှုပြုလုပ်ပြီးလည်းဖြစ်ပါတယ်။

ZawGyi

အီဂ်စ္အိုလံပစ္အသင္းတြင္ ဆာလက္ပါဝင္ရန္ေသခ်ာေနမႈႏွင့္အတူ လီဗာပူးရဲ႕ရာသီအစပြဲစဥ္မ်ားကိုလြဲေခ်ာ္မည္

အီဂ်စ္အိုလံပစ္အသင္းကလာမယ့္ေႏြရာသီတြင္က်င္းပမယ့္တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲတြင္မိုဟာမက္ဆာလက္အားေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္းတရားဝင္ထုတ္ျပန္ေၾကညာလာပါတယ္။ဒါေၾကာင့္မိုဟာမက္ဆာလက္ကဟာလီဗာပူးရဲ႕၂၀၂၁-၂၂ေဘာလုံးရာသီအစပြဲစဥ္မ်ားကိုလြဲေခ်ာ္ရန္ေသခ်ာေနၿပီျဖစ္ပါတယ္။

တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲကိုဇူလိုင္လ၂၃ရက္ေန႔မွဩဂုတ္လ၈ရက္ေန႔အထိက်င္းပသြားပါမယ္။

အိုလံပစ္ၿပိဳင္ပြဲဝင္ေဘာလုံးအသင္းတိုင္းဟာအသက္၂၃ႏွစ္ႏွင့္အထက္ကစားသမားသုံးဦးေ႐ြးခ်ယ္ခြင့္ရွိေနၿပီးမိုဟာမက္ဆာလက္ကိုအားျပဳကစားရန္ရည္မွန္းထားပါတယ္။

အေစာပိုင္းတုန္းကအီဂ်စ္ယူ-၂၃အသင္းနည္းျပဂါရစ္ဘ္ကမိုဟာမက္ဆာလက္အားလီဗာပူးအသင္းႏွင့္သေဘာတူညီမႈရရွိမွသာလွ်င္ေ႐ြးခ်ယ္သြားမွာျဖစ္ေၾကာင္းေျပာၾကားသြားခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့ဂါရစ္ဘ္ကလာမယ့္အိုလံပစ္ၿပိဳင္ပြဲအတြက္မိုဟာမက္ဆာလက္ကိုေ႐ြးခ်ယ္သြားမွာျဖစ္ေၾကာင္းတရားဝင္ေျပာၾကားလာခဲ့ၿပီျဖစ္ပါတယ္။အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာမိုဟာမက္ဆာလက္ကိုေ႐ြးခ်ယ္ေရးအတြက္အားကစားဝန္ႀကီးဌာနႏွင့္ေဆြးေႏြးမႈျပဳလုပ္ၿပီးလည္းျဖစ္ပါတယ္။