အီတလီကွင်းလယ်လူဗာရက်တီနှင့် ယူရိုဗိုလ်လုပွဲဒိုင်အကြား ကြီးမားတဲ့ပြဿနာရှိနေ

ယူရို၂၀၂၀ဗိုလ်လုပွဲအတွက်ဒိုင်လူကြီးခန့်ထားမှုအပေါ် မပျော်မရွှင်ဖြစ်နေတဲ့ကစားသမားတစ်ဦးရှိနေပါတယ်။အဲဒါကတော့အီတလီကွင်းလယ်ကစားသမားမာကိုဗာရက်တီဖြစ်ပါတယ်။

ဒတ်ချ်ဒိုင်လူကြီးဘီယွန်ကိုးပါးစ်ကတနင်္ဂနွေနေ့မှာဝင်ဘာလေကွင်းမှာအင်္ဂလန်နှင့်အီတလီကစားမယ့်ယူရို၂၀၂၀ဗိုလ်လုပွဲအားကြီးကြပ်ဖို့ခန့်အပ်ထားပါတယ်။

ဒတ်ချ်ဒိုင်လူကြီးနဲ့မာကိုဗာရက်တီတို့ဟာလွန်ခဲ့တဲ့နှစ်လခန့်တုန်းကမှအပြန်အလှန်ဆဲဆိုပြီးအချင်းများခဲ့ကြတာဖြစ်ပါတယ်။

မေလတုန်းကကိုးပါးစ်ဟာပီအက်စ်ဂျီနှင့်မန်စီးတီးတို့ရဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ကိုကြီးကြပ်ဖို့ခန့်အပ်ခံခဲ့ရပါတယ်။ယင်းပွဲမှာသူဟာအိန်ဂျယ်ဒီမာရီယာကို အနီကတ်ပြထုတ်ပယ်ခဲ့ပြီးပီအက်စ်ဂျီလည်းပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။

အီတီဟတ်ကွင်းမှာမန်စီးတီးကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်မာကိုဗာရက်တီကဒိုင်လူကြီးကိုးပါးစ်ရဲ့ဆုံးဖြတ်ချက်အားနှစ်ကြိမ်တိုင်တိုင်ကန့်ကွက်မှုပြုလုပ်ခဲ့ရာမှာ F ပါဝင်တဲ့စကားလုံးဖြင့်နှစ်ကြိမ်တိုင်တိုင်ဆဲဆိုပြောကြားခဲ့ကြောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင်ပီအက်စ်ဂျီမှမန်ယူအလယ်တန်းကစားသမားဟာရီရာကလည်းဒိုင်လူကြီးမှာလီယန်ဒရိုပါရီဒက်စ်ကိုလည်း ညစ်ညမ်းတဲ့အသုံးအနှုန်းဖြင့်ပြောဆိုခဲ့ကြောင်းဆိုသွားပါတယ်။

ပီအက်စ်ဂျီနည်းပြပိုချက်တီနိုဟာအထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီးကိုးပါးစ်ကိုစစ်ဆေးအရေးယူရန်ယူအီးအက်ဖ်အေကိုတောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်ကိုးပါးစ်ဟာယူရို၂၀၂၀ဒိုင်လူကြီးများစာရင်းမှာထည့်သွင်းခံခဲ့ရပြီးအုပ်စုပွဲနှစ်ပွဲနှင့်ကွာတားပွဲတစ်ပွဲကြီးကြပ်ခဲ့ရပြီးဖြစ်ပါတယ်။သူဟာဗိုလ်လုပွဲကိုလည်းကြီးကြပ်သွားဦးမှာဖြစ်ပါတယ်။

၂၀၀၆ခုနှစ်တွင်ပရော်ဖက်ရှင်နယ်ဒိုင်ဖြစ်လာတဲ့ကိုးပါးစ်ဟာယူရိုပါလိဂ်ဗိုလ်လုပွဲနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတို့ကိုလည်းကြီးကြပ်ဖူးတဲ့အပြင်ယူရိုဗိုလ်လုပွဲကိုပထမဆုံးကြီးကြပ်ခွင့်ရတဲ့ပထမဆုံးဒတ်ချ်ဒိုင်လူကြီးဖြစ်လာတော့မှာဖြစ်ပါတယ်။

သူဟာ၂၀၁၄ကမ္ဘာ့ဖလားတုန်းကအင်္ဂလန်ကိုအီတလီက၂-၁ဖြင့်အနိုင်ရရှိတဲ့ပွဲကိုကြီးကြပ်ခဲ့ဖူးပါတယ်။

သူဟာစူပါမားကက်များ၊ဆံပင်အလှပြင်ဆိုင်တို့ပိုင်ဆိုင်ကာသန်းကြွယ်သူဌေးတစ်ဦးလည်းဖြစ်ပါတယ်။

ZawGyi

အီတလီကြင္းလယ္လူဗာရက္တီႏွင့္ ယူ႐ိုဗိုလ္လုပြဲဒိုင္အၾကား ႀကီးမားတဲ့ျပႆနာရွိေန

ယူ႐ို၂၀၂၀ဗိုလ္လုပြဲအတြက္ဒိုင္လူႀကီးခန႔္ထားမႈအေပၚ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ကစားသမားတစ္ဦးရွိေနပါတယ္။အဲဒါကေတာ့အီတလီကြင္းလယ္ကစားသမားမာကိုဗာရက္တီျဖစ္ပါတယ္။

ဒတ္ခ်္ဒိုင္လူႀကီးဘီယြန္ကိုးပါးစ္ကတနဂၤေႏြေန႔မွာဝင္ဘာေလကြင္းမွာအဂၤလန္ႏွင့္အီတလီကစားမယ့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲအားႀကီးၾကပ္ဖို႔ခန႔္အပ္ထားပါတယ္။

ဒတ္ခ်္ဒိုင္လူႀကီးနဲ႔မာကိုဗာရက္တီတို႔ဟာလြန္ခဲ့တဲ့ႏွစ္လခန႔္တုန္းကမွအျပန္အလွန္ဆဲဆိုၿပီးအခ်င္းမ်ားခဲ့ၾကတာျဖစ္ပါတယ္။

ေမလတုန္းကကိုးပါးစ္ဟာပီအက္စ္ဂ်ီႏွင့္မန္စီးတီးတို႔ရဲ႕ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္ကိုႀကီးၾကပ္ဖို႔ခန႔္အပ္ခံခဲ့ရပါတယ္။ယင္းပြဲမွာသူဟာအိန္ဂ်ယ္ဒီမာရီယာကို အနီကတ္ျပထုတ္ပယ္ခဲ့ၿပီးပီအက္စ္ဂ်ီလည္းၿပိဳင္ပြဲကေနထြက္ခဲ့ရပါတယ္။

အီတီဟတ္ကြင္းမွာမန္စီးတီးကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္မာကိုဗာရက္တီကဒိုင္လူႀကီးကိုးပါးစ္ရဲ႕ဆုံးျဖတ္ခ်က္အားႏွစ္ႀကိမ္တိုင္တိုင္ကန႔္ကြက္မႈျပဳလုပ္ခဲ့ရာမွာ F ပါဝင္တဲ့စကားလုံးျဖင့္ႏွစ္ႀကိမ္တိုင္တိုင္ဆဲဆိုေျပာၾကားခဲ့ေၾကာင္းဆိုခဲ့ပါတယ္။

ဒါ့အျပင္ပီအက္စ္ဂ်ီမွမန္ယူအလယ္တန္းကစားသမားဟာရီရာကလည္းဒိုင္လူႀကီးမွာလီယန္ဒ႐ိုပါရီဒက္စ္ကိုလည္း ညစ္ညမ္းတဲ့အသုံးအႏႈန္းျဖင့္ေျပာဆိုခဲ့ေၾကာင္းဆိုသြားပါတယ္။

ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုဟာအထက္ပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးကိုးပါးစ္ကိုစစ္ေဆးအေရးယူရန္ယူအီးအက္ဖ္ေအကိုေတာင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္ကိုးပါးစ္ဟာယူ႐ို၂၀၂၀ဒိုင္လူႀကီးမ်ားစာရင္းမွာထည့္သြင္းခံခဲ့ရၿပီးအုပ္စုပြဲႏွစ္ပြဲႏွင့္ကြာတားပြဲတစ္ပြဲႀကီးၾကပ္ခဲ့ရၿပီးျဖစ္ပါတယ္။သူဟာဗိုလ္လုပြဲကိုလည္းႀကီးၾကပ္သြားဦးမွာျဖစ္ပါတယ္။

၂၀၀၆ခုႏွစ္တြင္ပေရာ္ဖက္ရွင္နယ္ဒိုင္ျဖစ္လာတဲ့ကိုးပါးစ္ဟာယူ႐ိုပါလိဂ္ဗိုလ္လုပြဲႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတို႔ကိုလည္းႀကီးၾကပ္ဖူးတဲ့အျပင္ယူ႐ိုဗိုလ္လုပြဲကိုပထမဆုံးႀကီးၾကပ္ခြင့္ရတဲ့ပထမဆုံးဒတ္ခ်္ဒိုင္လူႀကီးျဖစ္လာေတာ့မွာျဖစ္ပါတယ္။

သူဟာ၂၀၁၄ကမာၻ႔ဖလားတုန္းကအဂၤလန္ကိုအီတလီက၂-၁ျဖင့္အႏိုင္ရရွိတဲ့ပြဲကိုႀကီးၾကပ္ခဲ့ဖူးပါတယ္။

သူဟာစူပါမားကက္မ်ား၊ဆံပင္အလွျပင္ဆိုင္တို႔ပိုင္ဆိုင္ကာသန္းႂကြယ္သူေဌးတစ္ဦးလည္းျဖစ္ပါတယ္။