အီတလီစံချိန်ကို လိုက်မီရန် မန်စီနီနီးစပ်နေပြီ

ရောဘတ်တိုမန်စီနီဟာအီတလီအသင်းအား၂၄ပွဲဆက်ရှုံးပွဲမရှိအောင်စွမ်းဆောင်နိုင်ပြီးနောက်၁၉၃၀ခုနှစ်များတုန်းကဗစ်တိုရီယိုပေါ့ဇိုတင်ထားတဲ့ရှုံးပွဲမရှိစံချိန်ကိုလိုက်မီရန်နီးစပ်လာပြီဖြစ်ပါတယ်။

အီတလီအသင်းဟာမနေ့ညတုန်းကဘူလ်ဂေးရီးယားကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက်၂၄ပွဲဆက်တိုက်ရှုံးပွဲမရှိမှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။မန်စီနီရဲ့အီတလီဟာရှုံးပွဲမရှိမှတ်တမ်း၂၄ပွဲတွင်၁၉ပွဲအထိအနိုင်ရယူထားပါတယ်။

အီတလီဟာဗုဒ္ဓဟူးနေ့မှာလစ်သူယေးနီးယားနှင့်ရင်ဆိုင်ရမှာဖြစ်ပြီးယင်းပွဲတွင်မရှုံးနိမ့်ပါကမန်စီနီမှာမာဆယ်လိုလစ်ပီတင်ထားတဲ့၂၅ပွဲဆက်ရှုံးပွဲမရှိစံချိန်ကိုလိုက်မီပါမယ်။လစ်ပီဟာ၂၀၀၄မှ၂၀၀၆ခုနှစ်အတွင်းတွင်၂၅ပွဲဆက်ရှုံးပွဲမရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်မန်စီနီအနေဖြင့်ပေါ့ဇိုရဲ့စံချိန်ကိုလိုက်မီတော့များစွာကြိုးပမ်းရပါဦးမယ်။ပေါ့ဇိုဟာ၁၉၉၀ခုနှစ်များတုန်းကအီတလီအားပွဲ၃၀ဆက်ရှုံးပွဲမရှိမှတ်တမ်းရယူကာအီတလီလက်ရွေးစင်အသင်းသမိုင်းတွင်ရှုံးပွဲမရှိအများဆုံးမှတ်တမ်းတင်ထားပါတယ်။

မန်စီနီရဲ့အီတလီအသင်းဟာရှုံးပွဲမရှိ၂၄ပွဲမှတ်တမ်းရေးထိုးထားရာတွင်၁၇ပွဲအထိဂိုးမပေးထားရတဲ့အပြင်နောက်ဆုံး၁၄ပွဲမှာ၃ဂိုးတည်းသာပေးထားရပါတယ်။

ZawGyi

အီတလီစံခ်ိန္ကို လိုက္မီရန္ မန္စီနီနီးစပ္ေနၿပီ

ေရာဘတ္တိုမန္စီနီဟာအီတလီအသင္းအား၂၄ပြဲဆက္ရႈံးပြဲမရွိေအာင္စြမ္းေဆာင္ႏိုင္ၿပီးေနာက္၁၉၃၀ခုႏွစ္မ်ားတုန္းကဗစ္တိုရီယိုေပါ့ဇိုတင္ထားတဲ့ရႈံးပြဲမရွိစံခ်ိန္ကိုလိုက္မီရန္နီးစပ္လာၿပီျဖစ္ပါတယ္။

အီတလီအသင္းဟာမေန႔ညတုန္းကဘူလ္ေဂးရီးယားကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးေနာက္၂၄ပြဲဆက္တိုက္ရႈံးပြဲမရွိမွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။မန္စီနီရဲ႕အီတလီဟာရႈံးပြဲမရွိမွတ္တမ္း၂၄ပြဲတြင္၁၉ပြဲအထိအႏိုင္ရယူထားပါတယ္။

အီတလီဟာဗုဒၶဟူးေန႔မွာလစ္သူေယးနီးယားႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးယင္းပြဲတြင္မရႈံးနိမ့္ပါကမန္စီနီမွာမာဆယ္လိုလစ္ပီတင္ထားတဲ့၂၅ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္ကိုလိုက္မီပါမယ္။လစ္ပီဟာ၂၀၀၄မွ၂၀၀၆ခုႏွစ္အတြင္းတြင္၂၅ပြဲဆက္ရႈံးပြဲမရွိေအာင္စြမ္းေဆာင္ထားႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္မန္စီနီအေနျဖင့္ေပါ့ဇိုရဲ႕စံခ်ိန္ကိုလိုက္မီေတာ့မ်ားစြာႀကိဳးပမ္းရပါဦးမယ္။ေပါ့ဇိုဟာ၁၉၉၀ခုႏွစ္မ်ားတုန္းကအီတလီအားပြဲ၃၀ဆက္ရႈံးပြဲမရွိမွတ္တမ္းရယူကာအီတလီလက္ေ႐ြးစင္အသင္းသမိုင္းတြင္ရႈံးပြဲမရွိအမ်ားဆုံးမွတ္တမ္းတင္ထားပါတယ္။

မန္စီနီရဲ႕အီတလီအသင္းဟာရႈံးပြဲမရွိ၂၄ပြဲမွတ္တမ္းေရးထိုးထားရာတြင္၁၇ပြဲအထိဂိုးမေပးထားရတဲ့အျပင္ေနာက္ဆုံး၁၄ပြဲမွာ၃ဂိုးတည္းသာေပးထားရပါတယ္။