အီတလီနိုင်ငံတော်သီချင်းသီဆိုစဉ် မလှောင်ပြောင်ရန် ပရိသတ်များကို ဆောက်ဂိတ်တိုက်တွန်း

ဂါရတ်ဆောက်ဂိတ်ကအင်္ဂလန်ပရိသတ်များအားယူရို၂၀၂၀ဗိုလ်လုပွဲတွင်အီတလီနိုင်ငံတော်သီချင်းသီဆိုစဉ်မလောင်ပြောင်ကြရန်တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်နည်းပြကပရိသတ်များအနေဖြင့်မှန်ကန်တဲ့အလုပ်များကိုသာလုပ်ဆောင်ရမည်ဖြစ်ပြီးပြိုင်ဘက်အသင်းကိုမလေးမစားမလုပ်သင့်ကြောင်းဆိုသွားတာလည်းဖြစ်ပါတယ်။

ယနေ့ညတွင်ကစားမယ့်ဝင်ဘာလေကွင်းမှာကစားမယ့်ယူရို၂၀၂၀ပြိုင်ပွဲကို ပရိသတ်၆၀၀၀၀ဝင်ရောက်ကြည့်ခွင့်ရရှိထားပါတယ်။

ဆောက်ဂိတ်က “ပြိုင်ဘက်အသင်းကိုအမြဲတမ်းလေးစားနေဖို့ကကျွန်တော်တို့ပရိသတ်တွေရဲ့အရေးအကြီးဆုံးအလုပ်ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံခြားသို့သွားကစားချိန်မှာနိုင်ငံတော်သီချင်းဆိုတဲ့အချိန်မှာလှောင်ပြောင်ခံရတဲ့အခါနာကျင်ရပါတယ်။ဒီလိုလုပ်တာအသင်းကိုကူညီရာလည်းမရောက်ပါဘူး။ပွဲကစားချိန်မှာလှောင်ပြောင်တာနဲ့နိုင်ငံတော်သီချင်းဆိုနေတဲ့အချိန်မှာလှောင်ပြောင်တာမတူပါဘူး”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာဒိန်းမတ်နှင့်ယူရို၂၀၂၀ဆီမီးဖိုင်နယ်ပွဲစဉ်တုန်းကဒိန်းမတ်အသင်းနိုင်ငံတော်သီချင်းသီဆိုနေစဉ်ပရိသတ်အချို့တို့ကလှောင်ပြောင်မှုကြောင့်ယူအီးအက်ဖ်အေရဲ့အရေးယူခြင်းခံထားရပါတယ်။

ZawGyi

အီတလီႏိုင္ငံေတာ္သီခ်င္းသီဆိုစဥ္ မေလွာင္ေျပာင္ရန္ ပရိသတ္မ်ားကို ေဆာက္ဂိတ္တိုက္တြန္း

ဂါရတ္ေဆာက္ဂိတ္ကအဂၤလန္ပရိသတ္မ်ားအားယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အီတလီႏိုင္ငံေတာ္သီခ်င္းသီဆိုစဥ္မေလာင္ေျပာင္ၾကရန္တိုက္တြန္းလိုက္ပါတယ္။

အဂၤလန္နည္းျပကပရိသတ္မ်ားအေနျဖင့္မွန္ကန္တဲ့အလုပ္မ်ားကိုသာလုပ္ေဆာင္ရမည္ျဖစ္ၿပီးၿပိဳင္ဘက္အသင္းကိုမေလးမစားမလုပ္သင့္ေၾကာင္းဆိုသြားတာလည္းျဖစ္ပါတယ္။

ယေန႔ညတြင္ကစားမယ့္ဝင္ဘာေလကြင္းမွာကစားမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကို ပရိသတ္၆၀၀၀၀ဝင္ေရာက္ၾကည့္ခြင့္ရရွိထားပါတယ္။

ေဆာက္ဂိတ္က “ၿပိဳင္ဘက္အသင္းကိုအၿမဲတမ္းေလးစားေနဖို႔ကကြၽန္ေတာ္တို႔ပရိသတ္ေတြရဲ႕အေရးအႀကီးဆုံးအလုပ္ျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ႏိုင္ငံျခားသို႔သြားကစားခ်ိန္မွာႏိုင္ငံေတာ္သီခ်င္းဆိုတဲ့အခ်ိန္မွာေလွာင္ေျပာင္ခံရတဲ့အခါနာက်င္ရပါတယ္။ဒီလိုလုပ္တာအသင္းကိုကူညီရာလည္းမေရာက္ပါဘူး။ပြဲကစားခ်ိန္မွာေလွာင္ေျပာင္တာနဲ႔ႏိုင္ငံေတာ္သီခ်င္းဆိုေနတဲ့အခ်ိန္မွာေလွာင္ေျပာင္တာမတူပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဒိန္းမတ္ႏွင့္ယူ႐ို၂၀၂၀ဆီမီးဖိုင္နယ္ပြဲစဥ္တုန္းကဒိန္းမတ္အသင္းႏိုင္ငံေတာ္သီခ်င္းသီဆိုေနစဥ္ပရိသတ္အခ်ိဳ႕တို႔ကေလွာင္ေျပာင္မႈေၾကာင့္ယူအီးအက္ဖ္ေအရဲ႕အေရးယူျခင္းခံထားရပါတယ္။