အီတလီနှင့်ယူရိုဗိုလ်လုပွဲမတိုင်မီ ယူရိုချန်ပီယံတက်တူးထိုးလိုက်တဲ့ အင်္ဂလန်ပရိသတ်

အင်္ဂလန်ပရိသတ်တစ်ဦးဟာအင်္ဂလန်အသင်းယူရို၂၀၂၀ဖလားဆွတ်ခူးမယ်ဆိုပြီးတိကျသေချာစွာယုံကြည်ကာလက်မောင်းမှာတက်တူးထိုးလိုက်ပါတယ်။

အင်္ဂလန်ဟာဗုဒ္ဓဟူးနေ့တုန်းကဝင်ဘာလေကွင်းမှာဒိန်းမတ်ကိုအချိန်ပိုဂိုးဖြင့်အနိုင်ရရှိကာဗိုလ်လုပွဲသို့တက်ရောက်ခဲ့ကြပါတယ်။အင်္ဂလန်တစ်နိုင်ငံလုံးကနှစ်ပေါင်းများစွာနာကျင်မှုများခံစားလာရပြီးနောက်ယခုနှစ်မှာ ဘောလုံးဟာမိခင်အိမ်သို့ပြန်လာပြီလို့ယုံကြည်နေကြပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာတနင်္ဂနွေနေ့မှာအီတလီကိုအနိုင်ရရှိကာချန်ပီယံဖြစ်ပါက၅၅နှစ်အတွင်းပထမဆုံးဆုဖလားဆွတ်ခူးနိုင်မှုဖြစ်လာပါမယ်။

ဒါပေမယ့်တစ်နိုင်ငံလုံးကအင်္ဂလန်ယူရိုချန်ပီယံဖြစ်မယ်လို့ယုံကြည်နေတဲ့အချိန်မှာပိုပြီးတော့ယုံကြည်မှုလွန်ကဲနေတဲ့ပရိသတ်တစ်ဦးကလည်းရှိနေပါတယ်။

အဲဒီပရိသတ်ကတော့ကလေးနှစ်ယောက်အဖေလီဝစ်ဟိုလ်ဒန်ဖြစ်ပါတယ်။သူဟာဗိုလ်လုပွဲမကစားမီကတည်းက “Euro 2020.England Winners.Its Coming Home” ဆိုပြီးတက်တူးထိုးကာယူရိုဖလားကအင်္ဂလန်အတွက်သေချာနေပြီဆိုပြီးပြသလာပါတယ်။

လီဝစ်ကအိုးလ်ဟမ်းမှရှောမှာနေထိုင်နေသူဖြစ်ပါတယ်။အင်္ဂလန်အသင်းချန်ပီယံဖြစ်မယ်ရင် ယူရိုချန်ပီယံတက်တူးထိုးရမယ်ဆိုပြီးသူငယ်ချင်းတစ်ဦးနဲ့လောင်းကြေးထပ်ထားတာပါ။

ဒါပေမယ့်လီဝစ်ကအင်္ဂလန်ချန်ပီယံဖြစ်ပြီဆိုရင်တက်တူးထိုးလိုက်ပြီဖြစ်ပါတယ်။သူဟာဒိန်းမတ်နှင့်ပွဲကိုဘီယာသောက်ရင်းကြည့်ပြီးနောက် တက်တူးဆိုင်များနှင့်ဆက်သွယ်ကာထိုးလိုက်တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်တုန်းကကက်စတယ်ဖို့ဒ်မှဂျေမီရစ်ချက်ဆင်အမည်ရှိအင်္ဂလန်ပရိသတ်ဟာလည်း England 2018 World Cup Winners ဆိုပြီးဆေးမင်ကြောင်ထိုးခဲ့ဖူးပါတယ်။သူဟာပနားမားကိုပထမပိုင်းမှာတင်၅-၀ဂိုးဖြင့်အင်္ဂလန်အနိုင်ရနေပြီးနောက်ချန်ပီယံဖြစ်မယ်လို့ယုံကြည်ကာယင်းဆေးမင်ကြောင်ကိိုထိုးခဲ့တာပါ။ဒါပေမယ့်တကယ်တမ်းမှာတော့အင်္ဂလန်ဟာဆီမီးဖိုင်နယ်မှာခရိုအေးရှားကိုရှုံးနိမ့်ပြီးဆုဖလားနဲ့လွဲခဲ့ရဖူးပါတယ်။

ZawGyi

အီတလီႏွင့္ယူ႐ိုဗိုလ္လုပြဲမတိုင္မီ ယူ႐ိုခ်န္ပီယံတက္တူးထိုးလိုက္တဲ့ အဂၤလန္ပရိသတ္

အဂၤလန္ပရိသတ္တစ္ဦးဟာအဂၤလန္အသင္းယူ႐ို၂၀၂၀ဖလားဆြတ္ခူးမယ္ဆိုၿပီးတိက်ေသခ်ာစြာယုံၾကည္ကာလက္ေမာင္းမွာတက္တူးထိုးလိုက္ပါတယ္။

အဂၤလန္ဟာဗုဒၶဟူးေန႔တုန္းကဝင္ဘာေလကြင္းမွာဒိန္းမတ္ကိုအခ်ိန္ပိုဂိုးျဖင့္အႏိုင္ရရွိကာဗိုလ္လုပြဲသို႔တက္ေရာက္ခဲ့ၾကပါတယ္။အဂၤလန္တစ္ႏိုင္ငံလုံးကႏွစ္ေပါင္းမ်ားစြာနာက်င္မႈမ်ားခံစားလာရၿပီးေနာက္ယခုႏွစ္မွာ ေဘာလုံးဟာမိခင္အိမ္သို႔ျပန္လာၿပီလို႔ယုံၾကည္ေနၾကပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕အသင္းဟာတနဂၤေႏြေန႔မွာအီတလီကိုအႏိုင္ရရွိကာခ်န္ပီယံျဖစ္ပါက၅၅ႏွစ္အတြင္းပထမဆုံးဆုဖလားဆြတ္ခူးႏိုင္မႈျဖစ္လာပါမယ္။

ဒါေပမယ့္တစ္ႏိုင္ငံလုံးကအဂၤလန္ယူ႐ိုခ်န္ပီယံျဖစ္မယ္လို႔ယုံၾကည္ေနတဲ့အခ်ိန္မွာပိုၿပီးေတာ့ယုံၾကည္မႈလြန္ကဲေနတဲ့ပရိသတ္တစ္ဦးကလည္းရွိေနပါတယ္။

အဲဒီပရိသတ္ကေတာ့ကေလးႏွစ္ေယာက္အေဖလီဝစ္ဟိုလ္ဒန္ျဖစ္ပါတယ္။သူဟာဗိုလ္လုပြဲမကစားမီကတည္းက “Euro 2020.England Winners.Its Coming Home” ဆိုၿပီးတက္တူးထိုးကာယူ႐ိုဖလားကအဂၤလန္အတြက္ေသခ်ာေနၿပီဆိုၿပီးျပသလာပါတယ္။

လီဝစ္ကအိုးလ္ဟမ္းမွေရွာမွာေနထိုင္ေနသူျဖစ္ပါတယ္။အဂၤလန္အသင္းခ်န္ပီယံျဖစ္မယ္ရင္ ယူ႐ိုခ်န္ပီယံတက္တူးထိုးရမယ္ဆိုၿပီးသူငယ္ခ်င္းတစ္ဦးနဲ႔ေလာင္းေၾကးထပ္ထားတာပါ။

ဒါေပမယ့္လီဝစ္ကအဂၤလန္ခ်န္ပီယံျဖစ္ၿပီဆိုရင္တက္တူးထိုးလိုက္ၿပီျဖစ္ပါတယ္။သူဟာဒိန္းမတ္ႏွင့္ပြဲကိုဘီယာေသာက္ရင္းၾကည့္ၿပီးေနာက္ တက္တူးဆိုင္မ်ားႏွင့္ဆက္သြယ္ကာထိုးလိုက္တာျဖစ္ပါတယ္။

လြန္ခဲ့တဲ့သုံးႏွစ္တုန္းကကက္စတယ္ဖို႔ဒ္မွေဂ်မီရစ္ခ်က္ဆင္အမည္ရွိအဂၤလန္ပရိသတ္ဟာလည္း England 2018 World Cup Winners ဆိုၿပီးေဆးမင္ေၾကာင္ထိုးခဲ့ဖူးပါတယ္။သူဟာပနားမားကိုပထမပိုင္းမွာတင္၅-၀ဂိုးျဖင့္အဂၤလန္အႏိုင္ရေနၿပီးေနာက္ခ်န္ပီယံျဖစ္မယ္လို႔ယုံၾကည္ကာယင္းေဆးမင္ေၾကာင္ကိိုထိုးခဲ့တာပါ။ဒါေပမယ့္တကယ္တမ္းမွာေတာ့အဂၤလန္ဟာဆီမီးဖိုင္နယ္မွာခ႐ိုေအးရွားကိုရႈံးနိမ့္ၿပီးဆုဖလားနဲ႔လြဲခဲ့ရဖူးပါတယ္။