အီတလီနှင့် နေးရှင်းလိဂ်တတိယနေရာလုပွဲကို ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူလွဲမည်

ချဲလ်ဆီးတိုက်စစ်မှူးရိုမဲလူလူကာကူဟာဒဏ်ရာကြောင့်ဘယ်လ်ဂျီယံအသင်းရဲ့ယူအီးအက်ဖ်အေနေရှင်းလိဂ်လူစာရင်းမှနုတ်ထွက်ခဲ့ရပါတယ်။ကြားရက်တုန်းကပြင်သစ်ကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ဘယ်လ်ဂျီယံဟာယနေ့မှာအီတလီနှင့်နေးရှင်းလိဂ်တတိယနေရာလုပွဲယှဉ်ပြိုင်ကစားရပါမယ်။

လူကာကူဟာပြင်သစ်နှင့်ပွဲစဉ်တွင်ဂိုးသွင်းနိုင်ခဲ့ပြီးပွဲချိန်ပြည့်ကစားခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါသူဟာဒဏ်ရာရရှိခဲ့ကာဒဏ်ရာကိုဆေးကုသမှုခံယူရန်အတွက်ဘယ်လ်ဂျီယံအသင်းမှနုတ်ထွက်ပြီးအနောက်လန်ဒန်သို့ပြန်သွားခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင်အေဒင်ဟာဇက်မှာလည်းဒဏ်ရာရရှိသွားခဲ့မှုကြောင့်ဘယ်လ်ဂျီယံအသင်းမှနုတ်ထွက်ကာရီးရဲလ်မက်ဒရစ်သို့ပြန်သွားခဲ့ရပါတယ်။

လူကာကူဒဏ်ရာရရှိသွားခဲ့တဲ့သတင်းမှာလာမယ့်စနေနေ့တွင်ဒေသတွင်းပြိုင်ဘက်ဘရန့်ဖို့ဒ်နှင့်ရင်ဆိုင်ကစားရမယ့်ချဲလ်ဆီးအတွက်ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။ဒါ့အပြင်၎င်းတို့ဟာမယ်လ်မိုနှင့်ချန်ပီယံလိဂ်ပွဲလည်းကစားရန်ရှိနေပါတယ်။

ZawGyi




