အီတလီဘောလုံးအဖွဲ့ချုပ်က အင်တာအတွက် ကစားခွင့်ပိတ်ပင်ထားမှုကြောင့် အေဂျက်စ်သို့ ပြန်ရန် အဲရစ်ဆင်စဉ်းစားနေ

ခရစ္စတီယန်အဲရစ်ဆင်ဟာအင်တာမီလန်အတွက်ကစားခွင့်တားဆီးပိတ်ပင်ခြင်းခံထားရမှုကြောင့်အသင်းဟောင်းအေဂျက်စ်သို့ပြန်လည်ပြောင်းရွှေ့ကစားရန်စဉ်းစားနေကြောင်းသိရပါတယ်။

အသက်၃၀နှစ်ရှိဒိန်းမတ်လက်ရွေးစင်ဟာယူရို၂၀၂၀ပြိုင်ပွဲအဖွင့်ပွဲအဖြစ်ဖင်လန်နှင့်ကစားစဉ်နှလုံးရပ်ကာမေ့လဲကျခဲ့ပြီးဆေးရုံသို့အရေးပေါ်တက်ရောက်ခဲ့သူဖြစ်ပါတယ်။သူဟာဆေးရုံတွင်ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနှလုံးခုန်စက်တပ်ဆင်ခဲ့ရပါတယ်။

ဒါပေမယ့်အီတလီဘောလုံးအဖွဲ့ချုပ်ကအီတလီပရော်ဖက်ရှင်နယ်ဘောလုံးအဆင့်တွင်နှလုံးခုန်စက်တပ်ဆင်ထားသူကိုဘောလုံးကစားခွင့်ပိတ်ပင်ထားရာအဲရစ်ဆင်မှာအင်တာမီလန်အတွက်ကစားနိုင်ခြင်းမရှိပါဘူး။

အဲရစ်ဆင်ဟာနွေရာသီကတည်းကအင်တာမီလန်နှင့်အတူလေ့ကျင့်ခန်းအတူဆင်းနေခဲ့တာဖြစ်ပြီးကြံ့ခိုင်မှုပိုင်းတင်သာမကစိတ်ဓာတ်ပိုင်းတွင်လည်းအကောင်းဆုံးအနေအထားတွင်ရှိနေပါတယ်။

ဒါကြောင့်လည်းသူဟာ၂၀၁၀ခုနှစ်မှ၂၀၁၃ခုနှစ်အထိကစားခဲ့ဖူးတဲ့အသင်းဟောင်းအေဂျက်စ်သို့ပြောင်းရန်စဉ်းစားနေပါတယ်။

နယ်သာလန်တွင်နှလုံးခုန်စက်တပ်ဆင်ထားတဲ့ကစားသမားကိုလည်းဘောလုံးကစားခွင့်ပေးရာအဲရစ်ဆင်မှာအသင်းဟောင်းသို့ပြောင်းလိုနေပါတယ်။အေဂျက်စ်စတားဒါလေးဘလိုင်းမှာလည်းနှလုံးခုန်စက်ဖြင့်ဘောလုံးကစားနေပါတယ်။

ဘလိုင်းဟာပြီးခဲ့တဲ့နှစ်တုန်းကပွဲတစ်ပွဲတွင်နှလုံးခုန်စက်အလုပ်မလုပ်မှုကြောင့်ကွင်းအတွင်းလဲကျခဲ့သော်လည်းချက်ချင်းပြန်လည်ကောင်းမွန်ကာ ဆေးရုံသို့ပင်သွားရန်မလိုခဲ့ပါဘူး။

အင်တာမီလန်ဘက်ကလည်းခရစ္စတီယန်အဲရစ်ဆင်ကိုဘောလုံးကစားနိုင်မယ့်အသင်းတစ်သင်းသင်းသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပေးရန်အသင့်ရှိနေပါတယ်။

ZawGyi

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္က အင္တာအတြက္ ကစားခြင့္ပိတ္ပင္ထားမႈေၾကာင့္ ေအဂ်က္စ္သို႔ ျပန္ရန္ အဲရစ္ဆင္စဥ္းစားေန

ခရစၥတီယန္အဲရစ္ဆင္ဟာအင္တာမီလန္အတြက္ကစားခြင့္တားဆီးပိတ္ပင္ျခင္းခံထားရမႈေၾကာင့္အသင္းေဟာင္းေအဂ်က္စ္သို႔ျပန္လည္ေျပာင္းေ႐ႊ႕ကစားရန္စဥ္းစားေနေၾကာင္းသိရပါတယ္။

အသက္၃၀ႏွစ္ရွိဒိန္းမတ္လက္ေ႐ြးစင္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအဖြင့္ပြဲအျဖစ္ဖင္လန္ႏွင့္ကစားစဥ္ႏွလုံးရပ္ကာေမ့လဲက်ခဲ့ၿပီးေဆး႐ုံသို႔အေရးေပၚတက္ေရာက္ခဲ့သူျဖစ္ပါတယ္။သူဟာေဆး႐ုံတြင္ခြဲစိတ္ကုသမႈခံယူခဲ့ရၿပီးႏွလုံးခုန္စက္တပ္ဆင္ခဲ့ရပါတယ္။

ဒါေပမယ့္အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ကအီတလီပေရာ္ဖက္ရွင္နယ္ေဘာလုံးအဆင့္တြင္ႏွလုံးခုန္စက္တပ္ဆင္ထားသူကိုေဘာလုံးကစားခြင့္ပိတ္ပင္ထားရာအဲရစ္ဆင္မွာအင္တာမီလန္အတြက္ကစားႏိုင္ျခင္းမရွိပါဘူး။

အဲရစ္ဆင္ဟာေႏြရာသီကတည္းကအင္တာမီလန္ႏွင့္အတူေလ့က်င့္ခန္းအတူဆင္းေနခဲ့တာျဖစ္ၿပီးႀကံ့ခိုင္မႈပိုင္းတင္သာမကစိတ္ဓာတ္ပိုင္းတြင္လည္းအေကာင္းဆုံးအေနအထားတြင္ရွိေနပါတယ္။

ဒါေၾကာင့္လည္းသူဟာ၂၀၁၀ခုႏွစ္မွ၂၀၁၃ခုႏွစ္အထိကစားခဲ့ဖူးတဲ့အသင္းေဟာင္းေအဂ်က္စ္သို႔ေျပာင္းရန္စဥ္းစားေနပါတယ္။

နယ္သာလန္တြင္ႏွလုံးခုန္စက္တပ္ဆင္ထားတဲ့ကစားသမားကိုလည္းေဘာလုံးကစားခြင့္ေပးရာအဲရစ္ဆင္မွာအသင္းေဟာင္းသို႔ေျပာင္းလိုေနပါတယ္။ေအဂ်က္စ္စတားဒါေလးဘလိုင္းမွာလည္းႏွလုံးခုန္စက္ျဖင့္ေဘာလုံးကစားေနပါတယ္။

ဘလိုင္းဟာၿပီးခဲ့တဲ့ႏွစ္တုန္းကပြဲတစ္ပြဲတြင္ႏွလုံးခုန္စက္အလုပ္မလုပ္မႈေၾကာင့္ကြင္းအတြင္းလဲက်ခဲ့ေသာ္လည္းခ်က္ခ်င္းျပန္လည္ေကာင္းမြန္ကာ ေဆး႐ုံသို႔ပင္သြားရန္မလိုခဲ့ပါဘူး။

အင္တာမီလန္ဘက္ကလည္းခရစၥတီယန္အဲရစ္ဆင္ကိုေဘာလုံးကစားႏိုင္မယ့္အသင္းတစ္သင္းသင္းသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာခြင့္ေပးရန္အသင့္ရွိေနပါတယ္။