အီတလီမော်ဒယ်ချီယာရာနာစတီနှင့်ချစ်ခွင့်ရရေးအစွမ်းကုန်ကြိုးပမ်းနေတဲ့နေမာ
နေမာဟာအီတလီဖက်ရှင်မယ်တစ်ဦးနှင့်ချစ်ခွင့်ရရှိရေးအစွမ်းကုန်ကြိုးစားနေကြောင်းသိရပါတယ်။ဘရာဇီးစူပါစတားဟာနာတာလီယာဘာရူလစ်ချ်နှင့်လမ်းခွဲလိုက်ပြီးနောက်အီတလီမော်ဒယ်ချီယာရာနာစတီရဲ့ အချစ်ကိုရရှိဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
နေမာဟာမကြာသေးမီတုန်းကဆိုရှယ်မီဒီယာမှာအီမီလီယာမာနက်စ်နှင့်အပြန်အလှန်Like လုပ်မှုတွေ ပြုလုပ်ပြီးနောက်ချစ်ကြိုက်နေကြကြောင်းသတင်းထွက်ခဲ့ပါသေးတယ်။
ဒါပေမယ့်တကယ်တမ်းမှာတော့မဟုတ်ပါဘူး။သူဟာဆိုရှယ်မီဒီယာကနေအသက်၂၃နှစ်ရှိမော်ဒယ်နာစတီနှင့်ချစ်ခွင့်ရရှိရေးကြိုးပမ်းနေပါတယ်။
နေမာဟာနာစတီနှင့်အပြင်မှာတွေ့ဆုံနိုင်ဖို့အတွက်နည်းလမ်းပေါင်းစုံသုံးပြီးကြိုးပမ်းနေပေမယ့်အီတလီမော်ဒယ်ဘက်ကတော့တစ်စုံတစ်ရာမတုံ့ပြန်သေးပါဘူး။
နေပယ်သူအီတလီမော်ဒယ်ဟာအင်စတာဂရမ်မှာ Followers ၁.၇သန်းကျော်ရှိပြီး အီတလီမှနာမည်ကျော် အစီအစဉ်များဖြစ်တဲ့ Dance. Dance. Dance နှင့် The Island of the Famous တို့မှာပါဝင်ခဲ့ဖူးပါတယ်။ဒါ့အပြင် နာမည်ကျော်အမှတ်တံဆိပ်များဖြစ်တဲ့ Armani ၊ Trussardi တို့နှင့်လည်း အလုပ်လုပ်ခဲ့သူပါ။
ZawGyi