အီတလီရဲ့မယုံကြည်နိုင်စရာ ၃၇ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို အဆုံးသတ်လိုက်တဲ့ စပိန်

အီတလီအသင်းရဲ့၃၇ပွဲဆက်ရှုံးပွဲမရှိစံချိန်ဟာမနေ့ညတုန်းကဆန်စီရိုကွင်းမှာကစားတဲ့ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဆီမီးဖိုင်နယ်မှာစပိန်ကိုရှုံးနိမ့်ပြီးအဆုံးသတ်သွားခဲ့ပါတယ်။

ရောဘတ်တိုမန်စီနီရဲ့အီတလီအသင်းဟာပွဲအစ၁၇မှာတင်ဖာရန်တောရက်စ်ရဲ့ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပါတယ်။ပထမပိုင်းပြီးခါနီးပွဲချိန်၄၂မိနစ်မှာဘိုနုချီအနီကတ်ပြထုတ်ပယ်ခံရချိန်မှာတော့အီတလီအသင်းရဲ့အခြေအနေပိုမိုဆိုးရွားသွားခဲ့ပါတယ်။ပထမပိုင်းပြီးခါနီးမှာဖာရန်တောရက်စ်ကပင်စပိန်အတွက်ဒုတိယဂိုးသွင်းခဲ့ပါတယ်။

တစ်ယောက်အလျှော့နဲ့ကစားရတဲ့အပြင်နှစ်ဂိုးပေးထားတဲ့အီတလီဟာဒုတိယပိုင်းပြီးခါနီး၇မိနစ်အလိုမှာပယ်လီဂရီနီရဲ့ဂိုးဖြင့်နှစ်သိမ့်ဂိုးရခဲ့ပါတယ်။စပိန်ဟာတစ်ယောက်အသာနဲ့ကစားခဲ့ရမှုနဲ့အတူပွဲကိုသက်တောင့်သက်သာနဲ့ထိန်းကျောင်းကစားသွားခဲ့ပါတယ်။

ယူရို၂၀၂၀ချန်ပီယံအီတလီအသင်းဟာစပိန်ကိုမရှုံးနိမ့်မီ ဘရာဇီးအသင်းရဲ့၁၉၉၃ခုနှစ်မှ၁၉၉၆ခုနှစ်အထိ၃၆ပွဲဆက်ရှုံးပွဲမရှိစံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။

စပိန်အသင်းဟာလည်း၂၀၀၇ခုနှစ်မှ၂၀၀၉ခုနှစ်အထိ၂၉ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားလေးကြိမ်ရအီတလီဟာ၃၇ပွဲရှုံးပွဲမရှိစံချိန်တင်ခဲ့ရာမှာရဂိုး၉၃ဂိုးအထိရှိခဲ့ပြီးပေးဂိုး၁၂ဂိုးတည်းသာရှိခဲ့ပါတယ်။

ZawGyi

အီတလီရဲ႕မယုံၾကည္ႏိုင္စရာ ၃၇ ပြဲဆက္ ရႈံးပြဲမရွိ မွတ္တမ္းကို အဆုံးသတ္လိုက္တဲ့ စပိန္

အီတလီအသင္းရဲ႕၃၇ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္ဟာမေန႔ညတုန္းကဆန္စီ႐ိုကြင္းမွာကစားတဲ့ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ဆီမီးဖိုင္နယ္မွာစပိန္ကိုရႈံးနိမ့္ၿပီးအဆုံးသတ္သြားခဲ့ပါတယ္။

ေရာဘတ္တိုမန္စီနီရဲ႕အီတလီအသင္းဟာပြဲအစ၁၇မွာတင္ဖာရန္ေတာရက္စ္ရဲ႕ဂိုးေၾကာင့္ ေနာက္ကလိုက္ကစားခဲ့ရပါတယ္။ပထမပိုင္းၿပီးခါနီးပြဲခ်ိန္၄၂မိနစ္မွာဘိုႏုခ်ီအနီကတ္ျပထုတ္ပယ္ခံရခ်ိန္မွာေတာ့အီတလီအသင္းရဲ႕အေျခအေနပိုမိုဆိုး႐ြားသြားခဲ့ပါတယ္။ပထမပိုင္းၿပီးခါနီးမွာဖာရန္ေတာရက္စ္ကပင္စပိန္အတြက္ဒုတိယဂိုးသြင္းခဲ့ပါတယ္။

တစ္ေယာက္အေလွ်ာ့နဲ႔ကစားရတဲ့အျပင္ႏွစ္ဂိုးေပးထားတဲ့အီတလီဟာဒုတိယပိုင္းၿပီးခါနီး၇မိနစ္အလိုမွာပယ္လီဂရီနီရဲ႕ဂိုးျဖင့္ႏွစ္သိမ့္ဂိုးရခဲ့ပါတယ္။စပိန္ဟာတစ္ေယာက္အသာနဲ႔ကစားခဲ့ရမႈနဲ႔အတူပြဲကိုသက္ေတာင့္သက္သာနဲ႔ထိန္းေက်ာင္းကစားသြားခဲ့ပါတယ္။

ယူ႐ို၂၀၂၀ခ်န္ပီယံအီတလီအသင္းဟာစပိန္ကိုမရႈံးနိမ့္မီ ဘရာဇီးအသင္းရဲ႕၁၉၉၃ခုႏွစ္မွ၁၉၉၆ခုႏွစ္အထိ၃၆ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္ကို႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။

စပိန္အသင္းဟာလည္း၂၀၀၇ခုႏွစ္မွ၂၀၀၉ခုႏွစ္အထိ၂၉ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္တင္ခဲ့ပါတယ္။

ကမာၻ႔ဖလားေလးႀကိမ္ရအီတလီဟာ၃၇ပြဲရႈံးပြဲမရွိစံခ်ိန္တင္ခဲ့ရာမွာရဂိုး၉၃ဂိုးအထိရွိခဲ့ၿပီးေပးဂိုး၁၂ဂိုးတည္းသာရွိခဲ့ပါတယ္။