အီတလီသို့ နည်းပြအဖြစ် ပထမဆုံးအကြိမ်ခြေချလာတဲ့ ၂၀၀၆ ကမ္ဘာ့ဖလားဆုရှင်ကန်နဗာရိုး

Ballon d’Or ဆုရှင်ဖေဘီယိုကန်နဗာရိုးဟာစီးရီးဘီကလပ်ဘီနီဗန်တိုနည်းပြအဖြစ်ခန့်အပ်ခြင်းခံရကာအီတလီတွင်ပထမဆုံးနည်းပြအတွေ့အကြုံရယူလာတော့မှာဖြစ်ပါတယ်။

သူဟာအင်္ဂါနေ့တုန်းကထုတ်ပယ်ခြင်းခံလိုက်ရတဲ့ဖေဘီယိုကာဆာတာရဲ့နေရာတွင်အစားထိုးခန့်အပ်ခြင်းခံလိုက်ရတာဖြစ်ပါတယ်။စီးရီးဘီကလပ်ဟာဒုတိယတန်းအဖွင့်ပွဲ၆ပွဲတွင်နိုင်ပွဲ၂ပွဲတည်းသာရရှိပြီးနောက်ကာဆာတာကိုထုတ်ပယ်လိုက်တာလည်းဖြစ်ပါတယ်။

အသက်၄၉နှစ်ရှိဖေဘီယိုကန်နဗာရိုးဟာအီတလီကို၂၀၀၆ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ပေးနိုင်ခဲ့ပြီးတဲ့နောက် Ballon d’Or ဆုကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ပါးမား၊ဂျူဗင်တပ်၊ရီးရဲလ်မက်ဒရစ်၊အင်တာမီလန်တို့တွင်လည်းကစားခဲ့တဲ့ကန်နဗာရိုးဟာ၂၀၁၀ခုနှစ်တွင်ဂျူဗင်တပ်မှထွက်ခွာခဲ့ပြီးတဲ့နောက်ပထမဆုံးအကြိမ်အဖြစ်အီတလီဘောလုံးလောကသို့ခြေချလာတာလည်းဖြစ်ပါတယ်။

သူဟာကစားသမားဘဝမှအနားယူပြီးတဲ့နောက်တရုတ်နှင့်ဆော်ဒီဘောလုံးလောကတို့တွင်သာကျင်လည်လာခဲ့သူဖြစ်ပါတယ်။

တရုတ်လက်ရွေးစင်အသင်းကိုခြောက်ပတ်ကိုင်တွယ်ခဲ့ဖူးတဲ့ကန်နဗာရိုးဟာ၂၀၂၁ခုနှစ်အောက်တိုဘာလတုန်းကကွန်ကျိုးအက်ဖ်စီမှထွက်ခွာလာပြီးတဲ့နောက် ဘောလုံးလောကနှင့်အဆက်အသွယ်ပြတ်နေခဲ့သူဖြစ်ပါတယ်။

ZawGyi

အီတလီသို႔ နည္းျပအျဖစ္ ပထမဆုံးအႀကိမ္ေျခခ်လာတဲ့ ၂၀၀၆ ကမာၻ႔ဖလားဆုရွင္ကန္နဗာ႐ိုး

Ballon d’Or ဆုရွင္ေဖဘီယိုကန္နဗာ႐ိုးဟာစီးရီးဘီကလပ္ဘီနီဗန္တိုနည္းျပအျဖစ္ခန႔္အပ္ျခင္းခံရကာအီတလီတြင္ပထမဆုံးနည္းျပအေတြ႕အႀကဳံရယူလာေတာ့မွာျဖစ္ပါတယ္။

သူဟာအဂၤါေန႔တုန္းကထုတ္ပယ္ျခင္းခံလိုက္ရတဲ့ေဖဘီယိုကာဆာတာရဲ႕ေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံလိုက္ရတာျဖစ္ပါတယ္။စီးရီးဘီကလပ္ဟာဒုတိယတန္းအဖြင့္ပြဲ၆ပြဲတြင္ႏိုင္ပြဲ၂ပြဲတည္းသာရရွိၿပီးေနာက္ကာဆာတာကိုထုတ္ပယ္လိုက္တာလည္းျဖစ္ပါတယ္။

အသက္၄၉ႏွစ္ရွိေဖဘီယိုကန္နဗာ႐ိုးဟာအီတလီကို၂၀၀၆ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ေပးႏိုင္ခဲ့ၿပီးတဲ့ေနာက္ Ballon d’Or ဆုကိုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

ပါးမား၊ဂ်ဴဗင္တပ္၊ရီးရဲလ္မက္ဒရစ္၊အင္တာမီလန္တို႔တြင္လည္းကစားခဲ့တဲ့ကန္နဗာ႐ိုးဟာ၂၀၁၀ခုႏွစ္တြင္ဂ်ဴဗင္တပ္မွထြက္ခြာခဲ့ၿပီးတဲ့ေနာက္ပထမဆုံးအႀကိမ္အျဖစ္အီတလီေဘာလုံးေလာကသို႔ေျခခ်လာတာလည္းျဖစ္ပါတယ္။

သူဟာကစားသမားဘဝမွအနားယူၿပီးတဲ့ေနာက္တ႐ုတ္ႏွင့္ေဆာ္ဒီေဘာလုံးေလာကတို႔တြင္သာက်င္လည္လာခဲ့သူျဖစ္ပါတယ္။

တ႐ုတ္လက္ေ႐ြးစင္အသင္းကိုေျခာက္ပတ္ကိုင္တြယ္ခဲ့ဖူးတဲ့ကန္နဗာ႐ိုးဟာ၂၀၂၁ခုႏွစ္ေအာက္တိုဘာလတုန္းကကြန္က်ိဳးအက္ဖ္စီမွထြက္ခြာလာၿပီးတဲ့ေနာက္ ေဘာလုံးေလာကႏွင့္အဆက္အသြယ္ျပတ္ေနခဲ့သူျဖစ္ပါတယ္။