အီတလီသူရဲကောင်းချီယေးဆာကို ပေါင် ၈၅ သန်းဖြင့် ချဲလ်ဆီးတရားဝင်ကမ်းလှမ်း

ချဲလ်ဆီးဟာဂျူဗင်တပ်ရဲ့ယူရို၂၀၂၀အီတလီသူရဲကောင်းဖီဒီရီကိုချီယေးဆာကိုပြောင်းရွှေ့ကြေးပေါင်၈၅သန်းဖြင့်တရားဝင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့်စီးရီးအေထိပ်သီးဟာသူတို့ရဲ့စူပါစတားကစားသမားကိုရောင်းချရန်ငြင်းဆိုနေပြီးအပြောင်းအရွှေ့အတွက်ချဲလ််ဆီးနှင့်ဆွေးနွေးမှုပြုလုပ်ရန်ငြင်းဆိုထားပါတယ်။

အသက်၂၃နှစ်ရှိချီယေးဆာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဂျူဗင်တပ်နှင့်အတူခြေစွမ်းပြကစားခဲ့တဲ့အပြင်တနင်္ဂနွေနေ့တုန်းကအီတလီကိုယူရို၂၀၂၀ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

တောင်ပံတိုက်စစ်သမားဟာဖီအိုရင်တီးနားမှဂျူဗင်တပ်သို့နှစ်ရာသီအငှားဖြင့်လာရောက်ကစားနေသူဖြစ်ပြီးလာမယ့်ဘောလုံးရာသီမှာအငှားစာချုပ်ကုန်ဆုံးပါမယ်။

ဒါပေမယ့်ဂျူဗင်တပ်ဟာချီယေးဆာကို၂နှစ်အငှားဖြင့်ခေါ်ယူစဉ်ကတည်းကပေါင်၄၃သန်းဖြင့်အပြီးသတ်ခေါ်ယူမယ့်အချက်ကိုထည့်သွင်းထားရာဂျူဗင်တပ်အပိုင်ကစားသမားကဲ့သို့ဖြစ်နေပါတယ်။

ချဲလ်ဆီးဟာလာမယ့်ပရီးမီးယားလိဂ်ဘောလုံးရာသီမှာချန်ပီယံဆုအတွက်စိန်ခေါ်နိုင်ရန်အတွက်ထိပ်တန်းတိုက်စစ်သမားများခေါ်ယူအားဖြည့်ရန်စီစဉ်နေပြီးဒေါ့မွန်တိုက်စစ်မှူးဟာလန်းနှင့်ဘာစီလိုနာတိုက်စစ်သမားဂရက်ဇ်မန်းတို့ကိုခေါ်ယူရန်လုပ်ဆောင်နေပါတယ်။

ZawGyi

အီတလီသူရဲေကာင္းခ်ီေယးဆာကို ေပါင္ ၈၅ သန္းျဖင့္ ခ်ဲလ္ဆီးတရားဝင္ကမ္းလွမ္း

ခ်ဲလ္ဆီးဟာဂ်ဴဗင္တပ္ရဲ႕ယူ႐ို၂၀၂၀အီတလီသူရဲေကာင္းဖီဒီရီကိုခ်ီေယးဆာကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၈၅သန္းျဖင့္တရားဝင္ကမ္းလွမ္းလိုက္ၿပီျဖစ္ပါတယ္။

ဒါေပမယ့္စီးရီးေအထိပ္သီးဟာသူတို႔ရဲ႕စူပါစတားကစားသမားကိုေရာင္းခ်ရန္ျငင္းဆိုေနၿပီးအေျပာင္းအေ႐ႊ႕အတြက္ခ်ဲလ္္ဆီးႏွင့္ေဆြးေႏြးမႈျပဳလုပ္ရန္ျငင္းဆိုထားပါတယ္။

အသက္၂၃ႏွစ္ရွိခ်ီေယးဆာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဂ်ဴဗင္တပ္ႏွင့္အတူေျခစြမ္းျပကစားခဲ့တဲ့အျပင္တနဂၤေႏြေန႔တုန္းကအီတလီကိုယူ႐ို၂၀၂၀ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

ေတာင္ပံတိုက္စစ္သမားဟာဖီအိုရင္တီးနားမွဂ်ဴဗင္တပ္သို႔ႏွစ္ရာသီအငွားျဖင့္လာေရာက္ကစားေနသူျဖစ္ၿပီးလာမယ့္ေဘာလုံးရာသီမွာအငွားစာခ်ဳပ္ကုန္ဆုံးပါမယ္။

ဒါေပမယ့္ဂ်ဴဗင္တပ္ဟာခ်ီေယးဆာကို၂ႏွစ္အငွားျဖင့္ေခၚယူစဥ္ကတည္းကေပါင္၄၃သန္းျဖင့္အၿပီးသတ္ေခၚယူမယ့္အခ်က္ကိုထည့္သြင္းထားရာဂ်ဴဗင္တပ္အပိုင္ကစားသမားကဲ့သို႔ျဖစ္ေနပါတယ္။

ခ်ဲလ္ဆီးဟာလာမယ့္ပရီးမီးယားလိဂ္ေဘာလုံးရာသီမွာခ်န္ပီယံဆုအတြက္စိန္ေခၚႏိုင္ရန္အတြက္ထိပ္တန္းတိုက္စစ္သမားမ်ားေခၚယူအားျဖည့္ရန္စီစဥ္ေနၿပီးေဒါ့မြန္တိုက္စစ္မႉးဟာလန္းႏွင့္ဘာစီလိုနာတိုက္စစ္သမားဂရက္ဇ္မန္းတို႔ကိုေခၚယူရန္လုပ္ေဆာင္ေနပါတယ္။