အီတလီသူရဲကောင်းချီရယ်လီနီကို တစ်နှစ်စာချုပ်သစ်ချုပ်ဆိုရန် အသင့်ဖြစ်နေပြီဖြစ်တဲ့ ဂျူဗင်တပ်

ဂျူဗင်တပ်ဟာပြီးခဲ့တဲ့လအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ဂျော်ဂျီယိုချီရယ်လီနီအား စာချုပ်သက်တမ်းတိုးချုပ်ဆိုရန်အသင့်ဖြစ်နေကြောင်းသိရပါတယ်။

အသက်၃၆နှစ်ရှိချီရယ်လီနီဟာဂျူဗင်တပ်အသင်းတွင်၁၇နှစ်ကြာကစားလာခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့ဇွန်လ၃၀ရက်နေ့မှာဂျူဗင်တပ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူလည်းဖြစ်ပါတယ်။

အစောပိုင်းတုန်းကချီရယ်လီနီရဲ့အေးဂျင့်လစ်ပီကယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်းဂျူဗင်တပ်နှင့်စာချုပ်သက်တမ်းတိုးရေးဆွေးနွေးနရန်စီစဉ်ထားခဲ့သော်လည်းယခုတိုင်ဂျူဗင်တပ်ထံမှတစ်စုံတစ်ရာကမ်းလှမ်းမှုမရရှိသေးကြောင်းဖွင့်ဟခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့ဂျူဗင်တပ်ဟာချီရယ်လီနီကိုတစ်နှစ်စာချုပ်သက်တမ်းတိုးရေးကမ်းလှမ်းရန်အသင့်ဖြစ်နေပြီဖြစ်ပါတယ်။သို့ရာတွင်ချီရယ်လီနီအနေဖြင့်စာချုပ်သစ်ချုပ်ဆိုရန်အတွက်လုပ်ခလျှော့ချယူရမှာလည်းဖြစ်ပါတယ်။

ချီရယ်လီနီဟာအသက်၃၆နှစ်အရွယ်သို့ရောက်နေပြီဖြစ်ပေမယ့်လည်းယူရို၂၀၂၀ပြိုင်ပွဲတွင်ဂျူဗင်တပ်နှင့်အီတလီကစားဖော်ဘိုနုချီနှင့်တွဲဖက်ကာအကောင်းဆုံးကစားသွားခဲ့ပြီးယူရိုချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

အီတလီသူရဲေကာင္းခ်ီရယ္လီနီကို တစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ အသင့္ျဖစ္ေနၿပီျဖစ္တဲ့ ခ်ီရယ္လီနီ

ဂ်ဴဗင္တပ္ဟာၿပီးခဲ့တဲ့လအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့တဲ့ေဂ်ာ္ဂ်ီယိုခ်ီရယ္လီနီအား စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုရန္အသင့္ျဖစ္ေနေၾကာင္းသိရပါတယ္။

အသက္၃၆ႏွစ္ရွိခ်ီရယ္လီနီဟာဂ်ဴဗင္တပ္အသင္းတြင္၁၇ႏွစ္ၾကာကစားလာခဲ့သူျဖစ္ၿပီးၿပီးခဲ့တဲ့ဇြန္လ၃၀ရက္ေန႔မွာဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့သူလည္းျဖစ္ပါတယ္။

အေစာပိုင္းတုန္းကခ်ီရယ္လီနီရဲ႕ေအးဂ်င့္လစ္ပီကယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္းဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သက္တမ္းတိုးေရးေဆြးေႏြးနရန္စီစဥ္ထားခဲ့ေသာ္လည္းယခုတိုင္ဂ်ဴဗင္တပ္ထံမွတစ္စုံတစ္ရာကမ္းလွမ္းမႈမရရွိေသးေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့ဂ်ဴဗင္တပ္ဟာခ်ီရယ္လီနီကိုတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးေရးကမ္းလွမ္းရန္အသင့္ျဖစ္ေနၿပီျဖစ္ပါတယ္။သို႔ရာတြင္ခ်ီရယ္လီနီအေနျဖင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္လုပ္ခေလွ်ာ့ခ်ယူရမွာလည္းျဖစ္ပါတယ္။

ခ်ီရယ္လီနီဟာအသက္၃၆ႏွစ္အ႐ြယ္သို႔ေရာက္ေနၿပီျဖစ္ေပမယ့္လည္းယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဂ်ဴဗင္တပ္ႏွင့္အီတလီကစားေဖာ္ဘိုႏုခ်ီႏွင့္တြဲဖက္ကာအေကာင္းဆုံးကစားသြားခဲ့ၿပီးယူ႐ိုခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။