အီတလီသူရဲကောင်းလိုကာတဲလ်လီအား အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် ၂ နှစ်အငှားခေါ်ယူလိုက်တဲ့ ဂျူဗင်တပ်

ဂျူဗင်တပ်ဟာအီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားမန်နူရယ်လိုကာတဲလ်လီအားစုစုပေါင်းယူရို၃၇.၅သန်းဖြင့်အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့်၂နှစ်အငှားဖြင့်ခေါ်ယူအားဖြည့်လိုက်ပါတယ်။

ဂျူဗင်တပ်ဟာလိုကာတဲလ်လီအား၂နှစ်အငှားစာချုပ်အတွက်ယူရို၂၅သန်းပေးရမှာဖြစ်ပြီးအပြီးသတ်ခေါ်ယူမည်ဆိုပါကယူရို၁၂.၅သန်းထပ်မံပေးရမှာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာဖီအိုရင်တီးနားမှအီတလီစတားဖီဒီရီကိုချီယေဆာကိုခေါ်ယူစဉ်တုန်းကလည်းလိုကာတဲလ်လီကဲ့သို့စာချုပ်မျိုးဖြင့်ပင်ခေါ်ယူခဲ့တာဖြစ်ပြီးလာမယ့်နှစ်နွေတွင်အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ပါမယ်။

လိုကာတဲလ်လီဟာယူရို၂၀၂၀ပြိုင်ပွဲတွင်အီတလီအသင်းချန်ပီယံဖြစ်အောင်အဓိကနေရာမှစွမ်းဆောင်ပေးခဲ့ပြီးတဲ့နောက်အာဆင်နယ်ရဲ့စိတ်ဝင်စားခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဂျူဗင်တပ်ကအာဆင်နယ်ထက်ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့တဲ့အပြင်ကာယကံရှင်ကိုယ်တိုင်ကလည်းဂျူဗင်တပ်သို့ပြောင်းလိုမှုကြောင့်ခေါ်ယူလိုက်နိုင်တာလည်းဖြစ်ပါတယ်။

ZawGyi





