အီတလီအသင်းကို ၂၀၂၆ ခုနှစ်အထိ ကိုင်တွယ်သွားမယ့် မန်စီနီ

ရောဘတ်တိုမန်စီနီဟာအီတလီလက်ရွေးစင်အသင်းကို၂၀၂၆ခုနှစ်၊ဇွန်လအထိကိုင်တွယ်သွားရန်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။

စာချုပ်သစ်ကြောင့်ရောဘတ်တိုမန်စီနီဟာအီတလီလက်ရွေးစင်အသင်းကိုယူရိုပြိုင်ပွဲနှစ်ခု၊ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုတို့အားကြီးကြပ်ခွင့်ရရှိပါမယ်။

သူဟာလာမယ့်၂၀၂၆ခုနှစ်တွင်အမေရိကန်၊ကနေဒါ၊မက္ကဆီကိုတို့ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအထိအီတလီလက်ရွေးစင်အသင်းကိုကိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်။

အသက်၅၆နှစ်ရှိမန်စီးတီးနှင့်အင်တာမီလန်နည်းပြဟောင်းဟာ၂၀၁၈ခုနှစ်မေမှစတင်ကာအီတလီအသင်းကိုကိုင်တွယ်လာခဲ့သူဖြစ်ပြီးအီတလီအသင်းကိုပွဲ၃၀ကိုင်တွယ်ထားရာမှာ၂၁ပွဲအနိုင်ရရှိထားကာ၂ပွဲတည်းသာရှုံးနိမ့်ထားပါတယ်။သူဟာအီတလီအသင်းအတွက်ကိုင်တွယ်တဲ့ပွဲများတွင်၇၀ရာခိုင်နှုန်းအနိုင်ရရှိထားတဲ့မှတ်တမ်းပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ZawGyi

အီတလီအသင္းကို ၂၀၂၆ ခုႏွစ္အထိ ကိုင္တြယ္သြားမယ့္ မန္စီနီ

ေရာဘတ္တိုမန္စီနီဟာအီတလီလက္ေ႐ြးစင္အသင္းကို၂၀၂၆ခုႏွစ္၊ဇြန္လအထိကိုင္တြယ္သြားရန္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။

စာခ်ဳပ္သစ္ေၾကာင့္ေရာဘတ္တိုမန္စီနီဟာအီတလီလက္ေ႐ြးစင္အသင္းကိုယူ႐ိုၿပိဳင္ပြဲႏွစ္ခု၊ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုတို႔အားႀကီးၾကပ္ခြင့္ရရွိပါမယ္။

သူဟာလာမယ့္၂၀၂၆ခုႏွစ္တြင္အေမရိကန္၊ကေနဒါ၊မကၠဆီကိုတို႔ကပူးတြဲအိမ္ရွင္အျဖစ္က်င္းပမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲအထိအီတလီလက္ေ႐ြးစင္အသင္းကိုကိုင္တြယ္သြားမွာလည္းျဖစ္ပါတယ္။

အသက္၅၆ႏွစ္ရွိမန္စီးတီးႏွင့္အင္တာမီလန္နည္းျပေဟာင္းဟာ၂၀၁၈ခုႏွစ္ေမမွစတင္ကာအီတလီအသင္းကိုကိုင္တြယ္လာခဲ့သူျဖစ္ၿပီးအီတလီအသင္းကိုပြဲ၃၀ကိုင္တြယ္ထားရာမွာ၂၁ပြဲအႏိုင္ရရွိထားကာ၂ပြဲတည္းသာရႈံးနိမ့္ထားပါတယ္။သူဟာအီတလီအသင္းအတြက္ကိုင္တြယ္တဲ့ပြဲမ်ားတြင္၇၀ရာခိုင္ႏႈန္းအႏိုင္ရရွိထားတဲ့မွတ္တမ္းပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။