
မန်စီးတီးစူပါစတားဂျက်ဂရဲလ်လစ်ရှ်ဟာကိုယ်ပိုင်ဟယ်လီကော်ပတာကွင်းပါဝင်တဲ့ဇိမ်ခံအိမ်ကြီးတစ်လုံးကိုပေါင်၆သန်းသုံးစွဲပြီးဝယ်ယူလိုက်ပြီဖြစ်ပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဝယ်ယူလိုက်တဲ့နေအိမ်မှာဧက၂၀ကျယ်ဝန်းအိပ်ခန်း၇ခန်း၊ငါးမျှားကန်၊တင်းနစ်ကွင်း၊ဂေါက်ကွင်း၊အသီးအနှံစိုက်ခင်း၊ဘောလုံးကွင်းတစ်ကွင်းလည်းပါဝင်ပါတယ်။
ဒါ့အပြင်အသက်၂၇နှစ်ရှိအင်္ဂလန်စတားရဲ့နေအိမ်တွင်ရေကူးကန်၊အားကစားခန်းမအပြင်အပန်းဖြေအနားယူနိုင်မဲ့အရာများစွာပါဝင်ပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်အနေဖြင့်သူဝါသနာပါတဲ့ DJ စမ်းသပ်လေ့ကျင့်နိုင်မယ့်ဧရိယာလည်းပါဝင်သလို သူ့အနေဖြင့်သူငယ်ချင်းများကိုဖိတ်ခေါ်ကာပါတီပွဲများပြုလုပ်နိုင်ပါသေးတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဝယ်ယူလိုက်တဲ့နေအိမ်မှာ ခြံဝန်းတစ်ခုလုံးမီးထွန်းထားတဲ့အပြင်လုံခြုံရေးကင်မရာများလည်းအပြည့်အစုံတပ်ဆင်ထားရာအနောက်မြောက်ပိုင်းတွင်လုံခြုံရေးအကောင်းဆုံးအိမ်များထဲမှတစ်လုံးထဲမှာလည်းပါဝင်ပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဟာယင်းနေအိမ်ကိုယခုနှစ်အစောပိုင်းတုန်းကငွေသားချည်းသက်သက်ပေးကာဝယ်ယူခဲ့ပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းကဗီလာမှမန်စီးတီးသို့ပြောင်းလာပြီးနောက် မန်ချက်စတာရှိတိုက်ခန်းတစ်ခန်းကိုငှားရမ်းကာချစ်သူဆာရှာအတ်ဝုဒ်နှင့်အတူနေထိုင်လာခဲ့တာဖြစ်ပါတယ်။
ZawGyi
အီတီဟတ္ကြင္းထက္ ပိုမိုႀကီးမားၿပီး သန္းႂကြယ္သူေဌးမ်ားသုံးတဲ့စနစ္မ်ား ပါဝင္တဲ့ ဂ်က္ဂရဲလ္လစ္ရွ္ေပါင္ ၆ သန္းတန္အိမ္သစ္
မန္စီးတီးစူပါစတားဂ်က္ဂရဲလ္လစ္ရွ္ဟာကိုယ္ပိုင္ဟယ္လီေကာ္ပတာကြင္းပါဝင္တဲ့ဇိမ္ခံအိမ္ႀကီးတစ္လုံးကိုေပါင္၆သန္းသုံးစြဲၿပီးဝယ္ယူလိုက္ၿပီျဖစ္ပါတယ္။
ဂ်က္ဂရဲလ္လစ္ရွ္ဝယ္ယူလိုက္တဲ့ေနအိမ္မွာဧက၂၀က်ယ္ဝန္းအိပ္ခန္း၇ခန္း၊ငါးမွ်ားကန္၊တင္းနစ္ကြင္း၊ေဂါက္ကြင္း၊အသီးအႏွံစိုက္ခင္း၊ေဘာလုံးကြင္းတစ္ကြင္းလည္းပါဝင္ပါတယ္။
ဒါ့အျပင္အသက္၂၇ႏွစ္ရွိအဂၤလန္စတားရဲ႕ေနအိမ္တြင္ေရကူးကန္၊အားကစားခန္းမအျပင္အပန္းေျဖအနားယူႏိုင္မဲ့အရာမ်ားစြာပါဝင္ပါတယ္။
ဂ်က္ဂရဲလ္လစ္ရွ္အေနျဖင့္သူဝါသနာပါတဲ့ DJ စမ္းသပ္ေလ့က်င့္ႏိုင္မယ့္ဧရိယာလည္းပါဝင္သလို သူ႔အေနျဖင့္သူငယ္ခ်င္းမ်ားကိုဖိတ္ေခၚကာပါတီပြဲမ်ားျပဳလုပ္ႏိုင္ပါေသးတယ္။
ဂ်က္ဂရဲလ္လစ္ရွ္ဝယ္ယူလိုက္တဲ့ေနအိမ္မွာ ၿခံဝန္းတစ္ခုလုံးမီးထြန္းထားတဲ့အျပင္လုံၿခဳံေရးကင္မရာမ်ားလည္းအျပည့္အစုံတပ္ဆင္ထားရာအေနာက္ေျမာက္ပိုင္းတြင္လုံၿခဳံေရးအေကာင္းဆုံးအိမ္မ်ားထဲမွတစ္လုံးထဲမွာလည္းပါဝင္ပါတယ္။
ဂ်က္ဂရဲလ္လစ္ရွ္ဟာယင္းေနအိမ္ကိုယခုႏွစ္အေစာပိုင္းတုန္းကေငြသားခ်ည္းသက္သက္ေပးကာဝယ္ယူခဲ့ပါတယ္။
ဂ်က္ဂရဲလ္လစ္ရွ္ဟာၿပီးခဲ့တဲ့ႏွစ္ဩဂုတ္လတုန္းကဗီလာမွမန္စီးတီးသို႔ေျပာင္းလာၿပီးေနာက္ မန္ခ်က္စတာရွိတိုက္ခန္းတစ္ခန္းကိုငွားရမ္းကာခ်စ္သူဆာရွာအတ္ဝုဒ္ႏွင့္အတူေနထိုင္လာခဲ့တာျဖစ္ပါတယ္။