အီဗရာဟီမိုဗစ်ရဲ့ကြမ်းတမ်းစွာပုခုံးဖြင့်အတိုက်ခံရပြီးနောက် အက်ဇ်ပီလီကူတာတုံ့ပြန်လာ

ဆီဇာအက်ဇ်ပီလီကူတာဟာတနင်္ဂနွေနေ့တုန်းကကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ပုခုံးဖြင့်အသားလွတ်ခွန်အားသုံးတိုက်ခြင်းခံခဲ့ရပေမယ့်ဇလာတန်အီဘရာဟီမိုဗစ်အပေါ်တွင်ပင်တစ်စုံတစ်ရာစိတ်ခံစားချက်မရှိပါဘူး။

အသက်၄၀နှစ်ရှိဆွီဒင်တိုက်စစ်မှူးဟာတနင်္ဂနွေနေ့တုန်းကပွဲစဉ်တွင်ဂိုးမရှိသရေကျနေချိန်မှာဆွီဒင်ကထောင့်ကန်ဘောကန်စဉ်ချဲလ်ဆီးအသင်းခေါင်းဆောင်ကိုပုခုံးဖြင့်တိုက်ခဲ့တာဖြစ်ပါတယ်။

အက်ဇ်ပီလီကူတာဟာအီဘရာဟီမိုဗစ်ရဲ့ပုခုံးဖြင့်အားသုံးအတိုက်ခံရမှုကြောင့်ကွင်းမြက်ခင်းမှာလဲကျသွားခဲ့ပါတယ်။

ယင်းပွဲတွင်စပိန်ကဆွီဒင်ကိုမိုရာတာရဲ့ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့မှုနဲ့အတူအက်ဇ်ပီလီကူတာဟာလည်းအီဘရာဟီမိုဗစ်အပေါ်စိတ်တစ်စုံတစ်ရာကွက်ခြင်းမရှိပါဘူး။

အထက်ပါအငြင်းပွားဖွယ်ရာဖြစ်ရပ်အပေါ်အက်ဇ်ပီလီကူတာက “အားလုံးအဆင်ပြေပါတယ်”လို့ပြောကြားခဲ့ပြီးဒဏ်ရာလည်းတစ်စုံတစ်ရာမရကြောင်းဆိုသွားပါတယ်။

အထက်ပါအဖြစ်အပျက်နှင့်ပတ်သက်ပြီးအီဘရာဟီမိုဗစ်ဘက်ကတော့တစ်စုံတစ်ရာမတုံ့ပြန်သေးပါဘူး။အီဘရာဟီမိုဗစ်ဟာယင်းဖြစ်ရပ်ကြောင့်အဝါကတ်ပြသခြင်းခံရမှုနဲ့အတူ ဆွီဒင်ရဲ့ပလေးအော့ဖ်ပွဲကိုလွဲချော်တော့မှာဖြစ်ပါတယ်။

ZawGyi

အီဗရာဟီမိုဗစ်ရဲ့ကြမ်းတမ်းစွာပုခုံးဖြင့်အတိုက်ခံရပြီးနောက် အက်ဇ်ပီလီကူတာတုံ့ပြန်လာ





