အီဘရာဟီမိုဗစ်ကဲ့သို့ အံ့ဩစရာကောင်းတဲ့ Acrobatic Goal သွင်းယူပြခဲ့တဲ့ အာလင်းဟာလန်း

အာလင်းဟာလန်းဟာမနေ့ညတုန်းကဒေါ့မွန်ကယူနီဘာလင်အား၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဇလာတန်အီဘရာဟီမိုဗစ်ကဲ့သို့ကျွမ်းကျင်မှုမျိုးသူ့တွင်းလည်းရှိကြောင်းကို မယုံကြည်နိုင်စရာကောင်းတဲ့ Acrobatic Goal သွင်းယူပြခဲ့ပါတယ်။

အာလင်းဟာလန်းဟာယခုရာသီတွင်ပြိုင်ပွဲအရပ်ရပ်မှာ၇ပွဲကစားထားရာမှာ၁၁ဂိုးသွင်းယူပြီးပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကခြေစွမ်းမျိုးဆက်လက်ပြသနေတာလည်းဖြစ်ပါတယ်။

ကြားရက်တုန်းကဘီဆစ်တပ်နှင့်ပွဲမှာအနိုင်ဂိုးသွင်းခဲ့တဲ့အာလင်းဟာလန်းဟာမနေ့ညတုန်းကယူနီယံဘာလင်နှင့်၂ဂိုးစီသရေကျနေတဲ့ပွဲချိန်၈၃မိနစ်မှာနောက်တန်းကကန်တင်ပေးလိုက်တဲ့ဘောလုံးကိုဧရိယာအစပ်ကနေဆက်တိုက်ခုန်ကန်ကာဂိုးသမားကိုကျော်သွင်းယူခဲ့တာဖြစ်ပါတယ်။

ယူနီယံဘာလင်နှင့်ပွဲစဉ်မှာအာလင်းဟာလန်းဟာပွဲချိန်၂၄မိနစ်မှာလည်းခေါင်းတိုက်ကာဒေါ့မွန်အတွက်ဒုတိယဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဆဲလ်ဘတ်မှာကစားတုန်းက၆၇ပွဲမှာ၆၈ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့အာလင်းဟာလန်းဟာယခုရာသီမှာလည်းဆက်တိုက်ခြေစွမ်းပြမှုနဲ့အတူလာမယ့်နွေရာသီတွင်ထိပ်သီးကလပ်တိုင်းခေါ်ယူဖို့ကြိုးစားခြင်းခံရမယ့်ကစားသမားဖြစ်လာဖို့ရှိပါတယ်။အထူးသဖြင့်သူ့ရဲ့ဒေါ့မွန်နှင့်စာချုပ်အရသူ့ကိုပေါင်၆၃သန်းတည်းဖြင့်ခေါ်ယူနိုင်မှာဖြစ်ရာထိပ်သီးကလပ်တိုင်းကကြိုးစားလာမှာသေချာနေပါတယ်။

ZawGyi

အီဘရာဟီမိုဗစ္ကဲ့သို႔ အံ့ဩစရာေကာင္းတဲ့ Acrobatic Goal သြင္းယူျပခဲ့တဲ့ အာလင္းဟာလန္း

အာလင္းဟာလန္းဟာမေန႔ညတုန္းကေဒါ့မြန္ကယူနီဘာလင္အား၄-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာ ဇလာတန္အီဘရာဟီမိုဗစ္ကဲ့သို႔ကြၽမ္းက်င္မႈမ်ိဳးသူ႔တြင္းလည္းရွိေၾကာင္းကို မယုံၾကည္ႏိုင္စရာေကာင္းတဲ့ Acrobatic Goal သြင္းယူျပခဲ့ပါတယ္။

အာလင္းဟာလန္းဟာယခုရာသီတြင္ၿပိဳင္ပြဲအရပ္ရပ္မွာ၇ပြဲကစားထားရာမွာ၁၁ဂိုးသြင္းယူၿပီးၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကေျခစြမ္းမ်ိဳးဆက္လက္ျပသေနတာလည္းျဖစ္ပါတယ္။

ၾကားရက္တုန္းကဘီဆစ္တပ္ႏွင့္ပြဲမွာအႏိုင္ဂိုးသြင္းခဲ့တဲ့အာလင္းဟာလန္းဟာမေန႔ညတုန္းကယူနီယံဘာလင္ႏွင့္၂ဂိုးစီသေရက်ေနတဲ့ပြဲခ်ိန္၈၃မိနစ္မွာေနာက္တန္းကကန္တင္ေပးလိုက္တဲ့ေဘာလုံးကိုဧရိယာအစပ္ကေနဆက္တိုက္ခုန္ကန္ကာဂိုးသမားကိုေက်ာ္သြင္းယူခဲ့တာျဖစ္ပါတယ္။

ယူနီယံဘာလင္ႏွင့္ပြဲစဥ္မွာအာလင္းဟာလန္းဟာပြဲခ်ိန္၂၄မိနစ္မွာလည္းေခါင္းတိုက္ကာေဒါ့မြန္အတြက္ဒုတိယဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။

ဆဲလ္ဘတ္မွာကစားတုန္းက၆၇ပြဲမွာ၆၈ဂိုးအထိသြင္းယူႏိုင္ခဲ့တဲ့အာလင္းဟာလန္းဟာယခုရာသီမွာလည္းဆက္တိုက္ေျခစြမ္းျပမႈနဲ႔အတူလာမယ့္ေႏြရာသီတြင္ထိပ္သီးကလပ္တိုင္းေခၚယူဖို႔ႀကိဳးစားျခင္းခံရမယ့္ကစားသမားျဖစ္လာဖို႔ရွိပါတယ္။အထူးသျဖင့္သူ႔ရဲ႕ေဒါ့မြန္ႏွင့္စာခ်ဳပ္အရသူ႔ကိုေပါင္၆၃သန္းတည္းျဖင့္ေခၚယူႏိုင္မွာျဖစ္ရာထိပ္သီးကလပ္တိုင္းကႀကိဳးစားလာမွာေသခ်ာေနပါတယ္။