
လီယွန်နယ်မက်ဆီမှာပူပင်စိုးရိမ်ကြောက်လန့်စရာတွေသိပ်များများစားစားမရှိပါဘူး။ဒါပေမဲ့အာဂျင်တီးနားစူပါစတားဟာဘာစီလိုနာသို့ဇလာတန်အီဘရာဟီမိုဗစ်ရောက်လာတုန်းကတော့အကြီးအကျယ်စိုးရိမ်ကြောက်လန့်ခဲ့တာတော့အမှန်ပါပဲ။
မက်ဆီဟာမကြာသေးမီတုန်းကအာဂျင်တီးနားကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်ခဲ့ပြီးနောက် GOAT ကစားသမားအဖြစ်အုတ်မြစ်ခိုင်မာချနိုင်ခဲ့ပါတယ်။
ဖီဖာတရားဝင်ဆိုရှယ်မီဒီယာကမက်ဆီကို GOAT အဖြစ်တင်စားပို့စ်တင်ခဲ့ပေမဲ့ ခရစ္စတီယာနိုရော်နယ်ဒိုပရိသတ်တွေရဲ့တုံ့ပြန်မှုကြောင့်ပို့စ်ကိုဖျက်ပစ်ခဲ့ရပါတယ်။
ဒါပေမဲ့ Ballon d’Or ဆုကိုခုနှစ်ကြိမ်ရရှိထားတဲ့မက်ဆီဟာဘာစီလိုနာသို့အီဘရာဟီမိုဗစ်ရောက်လာတုန်းကတော့ သူ့ကိုယ်သူယုံကြည်မှုအလွန်နည်းခဲ့တာတော့သိသာနေပါတယ်။
အီဘရာဟီမိုဗစ်ဟာဘာစီလိုနာမှာအချိန်မြင့်ခဲ့ခြင်းမရှိသလို ပြဿနာများနှင့်အဆုံးသတ်ခဲ့ရပါတယ်။ဒါပေမဲ့မက်ဆီဟာအီဘရာဟီမိုဗစ်ရောက်လာတုန်းကသူ့နေရာအတွက်အလွန်စိုးရိမ်ကာနည်းပြဂွါဒီယိုလာကိုမက်ဆေ့ချ်ပို့ခဲ့ပါတယ်။
၂၀၀၈-၀၉ရာသီမှာဖလားသုံးလုံးဆွတ်ခူးပြီးနောက်ဂွါဒီယိုလာဟာဆင်မြူရယ်အီတိုးကိုအလိုက်ပေးပြီးအင်တာမီလန်မှဇလာတန်အီဘရာဟီမိုဗစ်ကိုခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့ဆွီဒင်တိုက်စစ်သမားဟာစပိန်မှာတစ်ရာသီတည်းသာကစားခဲ့ပြီးအေစီမီလန်သို့ပြောင်းခဲ့ပါတယ်။
ဆီဘာစတီယန်ဖက်စ်နှင့်အဲလက်စ်ဂျူလတ်တို့ရေးသားတဲ့ ‘The Messi Mystery’ ဆိုတဲ့စာအုပ်တွင် အီဘရာဟီမိုဗစ်ရောက်လာပြီးနောက်မက်ဆီက “ဒီအသင်းမှာကျုပ်အရင်လိုအရေးပါသေးတယ်လို့မြင်နေတယ်။ဒီတော့”ဆိုပြီးရေးသားကာ ဂွါဒီယိုလာထံမက်ဆေ့ပို့ခဲ့ပါတယ်။
ယင်းရာသီတွင်ဂွါဒီယိုလာဟာမက်ဆီကိုဗဟိုတိုက်စစ်သို့ပြောင်းကစားစေပြီးအီဘရာဟီမိုဗစ်ကိုတောင်ပံသို့ပြောင်းကစားစေခဲ့ပါတယ်။မက်ဆီဟာပြိုင်ပွဲအရပ်ရပ်တွင်၅၃ပွဲကစားရာမှာ၄၇ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။
အီဘရာဟီမိုဗစ်ကတော့ ပြိုင်ပွဲအရပ်ရပ်တွင်၄၅ပွဲကစားရာမှာ၂၁ဂိုးတည်းသာသွင်းနိုင်ခဲ့ပါတယ်။
ZawGyi
အီဘရာဟီမိုဗစ္ ဘာစီလိုနာေရာက္လာတုန္းက အႀကီးအက်ယ္စိုးရိမ္ကာ ဂြါဒီယိုလာကို ခ်က္ခ်င္းမက္ေဆ့ခ်္ပို႔ခဲ့တဲ့ မက္ဆီ
လီယြန္နယ္မက္ဆီမွာပူပင္စိုးရိမ္ေၾကာက္လန႔္စရာေတြသိပ္မ်ားမ်ားစားစားမရွိပါဘူး။ဒါေပမဲ့အာဂ်င္တီးနားစူပါစတားဟာဘာစီလိုနာသို႔ဇလာတန္အီဘရာဟီမိုဗစ္ေရာက္လာတုန္းကေတာ့အႀကီးအက်ယ္စိုးရိမ္ေၾကာက္လန႔္ခဲ့တာေတာ့အမွန္ပါပဲ။
မက္ဆီဟာမၾကာေသးမီတုန္းကအာဂ်င္တီးနားကိုကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ GOAT ကစားသမားအျဖစ္အုတ္ျမစ္ခိုင္မာခ်ႏိုင္ခဲ့ပါတယ္။
ဖီဖာတရားဝင္ဆိုရွယ္မီဒီယာကမက္ဆီကို GOAT အျဖစ္တင္စားပို႔စ္တင္ခဲ့ေပမဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုပရိသတ္ေတြရဲ႕တုံ႔ျပန္မႈေၾကာင့္ပို႔စ္ကိုဖ်က္ပစ္ခဲ့ရပါတယ္။
ဒါေပမဲ့ Ballon d’Or ဆုကိုခုႏွစ္ႀကိမ္ရရွိထားတဲ့မက္ဆီဟာဘာစီလိုနာသို႔အီဘရာဟီမိုဗစ္ေရာက္လာတုန္းကေတာ့ သူ႔ကိုယ္သူယုံၾကည္မႈအလြန္နည္းခဲ့တာေတာ့သိသာေနပါတယ္။
အီဘရာဟီမိုဗစ္ဟာဘာစီလိုနာမွာအခ်ိန္ျမင့္ခဲ့ျခင္းမရွိသလို ျပႆနာမ်ားႏွင့္အဆုံးသတ္ခဲ့ရပါတယ္။ဒါေပမဲ့မက္ဆီဟာအီဘရာဟီမိုဗစ္ေရာက္လာတုန္းကသူ႔ေနရာအတြက္အလြန္စိုးရိမ္ကာနည္းျပဂြါဒီယိုလာကိုမက္ေဆ့ခ်္ပို႔ခဲ့ပါတယ္။
၂၀၀၈-၀၉ရာသီမွာဖလားသုံးလုံးဆြတ္ခူးၿပီးေနာက္ဂြါဒီယိုလာဟာဆင္ျမဴရယ္အီတိုးကိုအလိုက္ေပးၿပီးအင္တာမီလန္မွဇလာတန္အီဘရာဟီမိုဗစ္ကိုေခၚယူခဲ့ပါတယ္။ဒါေပမဲ့ဆြီဒင္တိုက္စစ္သမားဟာစပိန္မွာတစ္ရာသီတည္းသာကစားခဲ့ၿပီးေအစီမီလန္သို႔ေျပာင္းခဲ့ပါတယ္။
ဆီဘာစတီယန္ဖက္စ္ႏွင့္အဲလက္စ္ဂ်ဴလတ္တို႔ေရးသားတဲ့ ‘The Messi Mystery’ ဆိုတဲ့စာအုပ္တြင္ အီဘရာဟီမိုဗစ္ေရာက္လာၿပီးေနာက္မက္ဆီက “ဒီအသင္းမွာက်ဳပ္အရင္လိုအေရးပါေသးတယ္လို႔ျမင္ေနတယ္။ဒီေတာ့”ဆိုၿပီးေရးသားကာ ဂြါဒီယိုလာထံမက္ေဆ့ပို႔ခဲ့ပါတယ္။
ယင္းရာသီတြင္ဂြါဒီယိုလာဟာမက္ဆီကိုဗဟိုတိုက္စစ္သို႔ေျပာင္းကစားေစၿပီးအီဘရာဟီမိုဗစ္ကိုေတာင္ပံသို႔ေျပာင္းကစားေစခဲ့ပါတယ္။မက္ဆီဟာၿပိဳင္ပြဲအရပ္ရပ္တြင္၅၃ပြဲကစားရာမွာ၄၇ဂိုးအထိသြင္းႏိုင္ခဲ့ပါတယ္။
အီဘရာဟီမိုဗစ္ကေတာ့ ၿပိဳင္ပြဲအရပ္ရပ္တြင္၄၅ပြဲကစားရာမွာ၂၁ဂိုးတည္းသာသြင္းႏိုင္ခဲ့ပါတယ္။