အီမီလီယာနိုဆာလာရဲ့ညီမဖြစ်သူ အဆုံးစီရင်ရန်ကြိုးပမ်း

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ဘောလုံးသမားအီမီလီယာနိုဆာလာရဲ့ညီမဖြစ်သူရိုမီနာဆာလာဟာအစ်ကိုဖြစ်သူလေယာဉ်ပျက်ကျသေဆုံးပြီး၂နှစ်ကျော်အကြာမှာကိုယ့်ကိုယ်ကိုအဆုံးစီရင်ရန်ကြိုးပမ်းခဲ့ပြီးဆေးရုံတွင်အရေးပေါ်ကုသမှုခံယူနေရပါတယ်။

အသက်၂၉နှစ်ရှိရိုမီနာဆာလာဟာ၂၀၁၉ခုနှစ်၊ဇန်နဝါရီလမှစတင်ကာမိသားစုရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်လုပ်ဆောင်လာသူဖြစ်ပြီးအာဂျင်တီးနားနိုင်ငံ၊ဆန်တာဖီရှိဟိုဆေးမာရီယာကူလ်လန်ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေရပါတယ်။

အီမီလီယာနိုဆာလာဟာ၂၀၁၉ခုနှစ်၊ဇန်နဝါရီလတုန်းကနန့်တက်စ်မှကာဒစ်ဖ်သို့ပြောင်းပြီးနောက်အပြောင်းအရွှေ့အပြီးသတ်ရန်လေယာဉ်ဖြင့်ကာဒစ်ဖ်သို့လာစဉ်လေယာဉ်ပျက်ကျပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျပြီးရက်အနည်းငယ်အကြာမှာဆာလာရဲ့အလောင်းကိုတွေ့ရပြီးလေယာဉ်ပိုင်လော့ဒေးဗစ်အိုင်ဘော့ဆင်ရဲ့အလောင်းကိုတော့မတွေ့ရပါဘူး။

ZawGyi

အီမီလီယာႏိုဆာလာရဲ႕ညီမျဖစ္သူ အဆုံးစီရင္ရန္ႀကိဳးပမ္း

ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ေဘာလုံးသမားအီမီလီယာႏိုဆာလာရဲ႕ညီမျဖစ္သူ႐ိုမီနာဆာလာဟာအစ္ကိုျဖစ္သူေလယာဥ္ပ်က္က်ေသဆုံးၿပီး၂ႏွစ္ေက်ာ္အၾကာမွာကိုယ့္ကိုယ္ကိုအဆုံးစီရင္ရန္ႀကိဳးပမ္းခဲ့ၿပီးေဆး႐ုံတြင္အေရးေပၚကုသမႈခံယူေနရပါတယ္။

အသက္၂၉ႏွစ္ရွိ႐ိုမီနာဆာလာဟာ၂၀၁၉ခုႏွစ္၊ဇန္နဝါရီလမွစတင္ကာမိသားစုရဲ႕ေျပာေရးဆိုခြင့္ရွိသူအျဖစ္လုပ္ေဆာင္လာသူျဖစ္ၿပီးအာဂ်င္တီးနားႏိုင္ငံ၊ဆန္တာဖီရွိဟိုေဆးမာရီယာကူလ္လန္ေဆး႐ုံတြင္တက္ေရာက္ကုသမႈခံယူေနရပါတယ္။

အီမီလီယာႏိုဆာလာဟာ၂၀၁၉ခုႏွစ္၊ဇန္နဝါရီလတုန္းကနန႔္တက္စ္မွကာဒစ္ဖ္သို႔ေျပာင္းၿပီးေနာက္အေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္ေလယာဥ္ျဖင့္ကာဒစ္ဖ္သို႔လာစဥ္ေလယာဥ္ပ်က္က်ၿပီးေသဆုံးခဲ့တာျဖစ္ပါတယ္။

ေလယာဥ္ပ်က္က်ၿပီးႏွစ္ပတ္အၾကာမွာဆာလာရဲ႕အေလာင္းကိုေတြ႕ရၿပီးေလယာဥ္ပိုင္ေလာ့ေဒးဗစ္အိုင္ေဘာ့ဆင္ရဲ႕အေလာင္းကိုေတာ့မေတြ႕ရပါဘူး။