အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထုတ်ပယ်ရန် ဖီဖာ တောင်းဆိုခံနေရ

လူ့အခွင့်အရေးအုပ်စုတစ်ခုဟာယခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှအီရန်အသင်းကိုထုတ်ပယ်ရန်ဖီဖာကိုတောင်းဆိုနေပါတယ်။၎င်းတို့ဟာအီရန်မှာနိုင်ငံတွင်းရှိဘောလုံးပွဲများကိုအမျိုးသမီးများအားဝင်ရောက်ကြည့်ရှုခွင့်မပေးမှုနှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်ရန်တောင်းဆိုလာတာဖြစ်ပါတယ်။

အီရန်အာဏာပိုင်တို့ဟာအီရန်အမျိုးသမီးများအားဘောလုံးပွဲများသို့ဝင်ရောက်ကြည့်ရှုခွင့်မပေးမှုနှင့်အတူယခုကဲ့သို့ တောင်းဆိုခြင်းခံလာရတာဖြစ်ပါတယ်။

တဖက်တွင်အီရန်အာဏာပိုင်တို့ဟာ၁၉၇၉ခုနှစ်နောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းလိဂ်ပွဲတစ်ပွဲကိုအမျိုးသမီးများအားဝင်ရောက်ကြည့်ခွင့်ပေးထားပြီးဖြစ်ပါတယ်။ယင်းသို့ပွဲတစ်ပွဲတည်းကိုခွင့်ပြုလာပြီးနောက် ကွင်းအားလုံးတံခါးဖွင့်လာစေရေးအတွက်ဆက်လက်တောင်းဆိုမှုပြုလုပ်လာကြတာဖြစ်ပါတယ်။

တဖက်တွင်အီရန်အမျိုးသမီးများဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့သွားရောက်ပြီး ကမ္ဘာ့ဖလားပွဲများကိုကွင်းသို့ကိုယ်တိုင်တက်ရောက်ကြည့်ရှုပါက ပြန်ရောက်လာချိန်တွင်အရေးယူခြင်းခံရမည်ကိုစိုးရိမ်နေကြပါတယ်။

ဖီဖာရဲ့နိုင်ငံတကာစည်းမျဉ်းအရဘောလုံးပွဲများကိုအမျိုးသမီးများကိုလည်းဝင်ရောက်ကြည့်ရှုခွင့်ပေးရရာ ဖီဖာအနေဖြင့်အီရန်ကိုကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်သင့်ကြောင်း Open Stadium အမည်ရှိလူ့အခွင့်အရေးအုပ်စုတစ်ခုကတောင်းဆိုလာပါတယ်။

တကယ်တော့အီရန်တွင်အမျိုးသမီးများကိုအားကစားပွဲများသို့ဝင်ရောက်ကြည့်ခွင့်တရားဝင်ပိတ်ပင်မထားပါဘူး။ဒါပေမဲ့တကယ်တမ်းဝင်ရောက်ကြည့်ရှုရန်ကြိုးပမ်းမယ်ဆိုရင်လည်းကွင်းအတွင်းဝင်ခွင့်မပြုပါဘူး။

တဖက်တွင်အီရန်အာဏာပိုင်တို့ဟာခေါင်းဆောင်းမဆောင်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့အသက်၂၂နှစ်အရွယ်မာရှာအေမီနီမှာအချုပ်ခန်းအတွင်းတွင်သေဆုံးမှုဖြစ်ပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဖိအားပေးခြင်းခံခဲ့ရပါတယ်။

အီရန်လက်ရွေးစင်အသင်းသားများဟာလည်း နိုင်ငံတကာခြေစမ်းပွဲတွင် နိုင်ငံတော်သီချင်းသီဆိုစဉ် လက်ရွေးစင်အသင်းဝတ်စုံကိုအနက်ရောင်ဂျက်ကက်ဖြင့်ဖုံးလွှမ်းကာအီရန်အမျိုးသမီးအခွင့်အရေးအတွက်တောင်းဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိအချိန်မှာဖီဖာနှင့်အီရန်တို့က Open Stadium ရဲ့တောင်းဆိုမှုအပေါ်တစုံတရာတုံ့ပြန်ခြင်းမရှိပါဘူး။

အီရန်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်၊အမေရိကန်၊ဝေးလ်တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။

ZawGyi

အီရန္ကို ကမာၻ႔ဖလားၿပိဳင္ပြဲမွ ထုတ္ပယ္ရန္ ဖီဖာ ေတာင္းဆိုခံေနရ

လူ႔အခြင့္အေရးအုပ္စုတစ္ခုဟာယခုႏွစ္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွအီရန္အသင္းကိုထုတ္ပယ္ရန္ဖီဖာကိုေတာင္းဆိုေနပါတယ္။၎တို႔ဟာအီရန္မွာႏိုင္ငံတြင္းရွိေဘာလုံးပြဲမ်ားကိုအမ်ိဳးသမီးမ်ားအားဝင္ေရာက္ၾကည့္ရႈခြင့္မေပးမႈႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲမွထုတ္ပယ္ရန္ေတာင္းဆိုလာတာျဖစ္ပါတယ္။

အီရန္အာဏာပိုင္တို႔ဟာအီရန္အမ်ိဳးသမီးမ်ားအားေဘာလုံးပြဲမ်ားသို႔ဝင္ေရာက္ၾကည့္ရႈခြင့္မေပးမႈႏွင့္အတူယခုကဲ့သို႔ ေတာင္းဆိုျခင္းခံလာရတာျဖစ္ပါတယ္။

တဖက္တြင္အီရန္အာဏာပိုင္တို႔ဟာ၁၉၇၉ခုႏွစ္ေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ ျပည္တြင္းလိဂ္ပြဲတစ္ပြဲကိုအမ်ိဳးသမီးမ်ားအားဝင္ေရာက္ၾကည့္ခြင့္ေပးထားၿပီးျဖစ္ပါတယ္။ယင္းသို႔ပြဲတစ္ပြဲတည္းကိုခြင့္ျပဳလာၿပီးေနာက္ ကြင္းအားလုံးတံခါးဖြင့္လာေစေရးအတြက္ဆက္လက္ေတာင္းဆိုမႈျပဳလုပ္လာၾကတာျဖစ္ပါတယ္။

တဖက္တြင္အီရန္အမ်ိဳးသမီးမ်ားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲသို႔သြားေရာက္ၿပီး ကမာၻ႔ဖလားပြဲမ်ားကိုကြင္းသို႔ကိုယ္တိုင္တက္ေရာက္ၾကည့္ရႈပါက ျပန္ေရာက္လာခ်ိန္တြင္အေရးယူျခင္းခံရမည္ကိုစိုးရိမ္ေနၾကပါတယ္။

ဖီဖာရဲ႕ႏိုင္ငံတကာစည္းမ်ဥ္းအရေဘာလုံးပြဲမ်ားကိုအမ်ိဳးသမီးမ်ားကိုလည္းဝင္ေရာက္ၾကည့္ရႈခြင့္ေပးရရာ ဖီဖာအေနျဖင့္အီရန္ကိုကမာၻ႔ဖလားၿပိဳင္ပြဲမွထုတ္ပယ္သင့္ေၾကာင္း Open Stadium အမည္ရွိလူ႔အခြင့္အေရးအုပ္စုတစ္ခုကေတာင္းဆိုလာပါတယ္။

တကယ္ေတာ့အီရန္တြင္အမ်ိဳးသမီးမ်ားကိုအားကစားပြဲမ်ားသို႔ဝင္ေရာက္ၾကည့္ခြင့္တရားဝင္ပိတ္ပင္မထားပါဘူး။ဒါေပမဲ့တကယ္တမ္းဝင္ေရာက္ၾကည့္ရႈရန္ႀကိဳးပမ္းမယ္ဆိုရင္လည္းကြင္းအတြင္းဝင္ခြင့္မျပဳပါဘူး။

တဖက္တြင္အီရန္အာဏာပိုင္တို႔ဟာေခါင္းေဆာင္းမေဆာင္းမႈေၾကာင့္ ဖမ္းဆီးထိန္းသိမ္းထားတဲ့အသက္၂၂ႏွစ္အ႐ြယ္မာရွာေအမီနီမွာအခ်ဳပ္ခန္းအတြင္းတြင္ေသဆုံးမႈျဖစ္ၿပီးေနာက္ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ဖိအားေပးျခင္းခံခဲ့ရပါတယ္။

အီရန္လက္ေ႐ြးစင္အသင္းသားမ်ားဟာလည္း ႏိုင္ငံတကာေျခစမ္းပြဲတြင္ ႏိုင္ငံေတာ္သီခ်င္းသီဆိုစဥ္ လက္ေ႐ြးစင္အသင္းဝတ္စုံကိုအနက္ေရာင္ဂ်က္ကက္ျဖင့္ဖုံးလႊမ္းကာအီရန္အမ်ိဳးသမီးအခြင့္အေရးအတြက္ေတာင္းဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။

လက္ရွိအခ်ိန္မွာဖီဖာႏွင့္အီရန္တို႔က Open Stadium ရဲ႕ေတာင္းဆိုမႈအေပၚတစုံတရာတုံ႔ျပန္ျခင္းမရွိပါဘူး။

အီရန္ဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္၊အေမရိကန္၊ေဝးလ္တို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။