အီရန်ကို ကမ္ဘာ့ဖလားမှ ထုတ်ပယ်ပြီး ယူကရိန်းနှင့် အစားထိုးရန် ဖီဖာ ဖိအားပေးခံရ

ဖီဖာဟာအီရန်ကိုကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်ပြီးယူကရိန်းနှင့်အစားထိုးရန်ဖိအားပေးခြင်းခံလာရပါတယ်။

အီရန်ဟာနိုဝင်ဘာလ၂၁ရက်နေ့တွင်အင်္ဂလန်နှင့်ကာတာကမ္ဘာ့ဖလားအဖွင့်ပွဲကစားရမှာဖြစ်ပြီးအုပ်စု(ခ)ပွဲအဖြစ်အမေရိကန်၊ဝေးလ်တို့နှင့်လည်းရင်ဆိုင်ရပါမယ်။

ဒါပေမဲ့ယခုလအစောပိုင်းတုန်းကလူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ Open Stadium ကဖီဖာအနေဖြင့်အီရန်ရဲ့အမျိုးသမီးအခွင့်အရေးပိတ်ပင်မှုများအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်သင့်ကြောင်းတောင်းဆိုခဲ့ပါတယ်။

အီရန်နိုင်ငံအတွင်းတွင်အသက်၂၂နှစ်ရှိတက္ကသိုလ်ကျောင်းသူမာဆာအေမီနီမှာခေါင်းမြီးမခြုံမှုအတွက်ဖမ်းဆီးခံရပြီးနောက် အချုပ်ခန်းအတွင်းတွင်ရိုက်နှက်ခံရကာသေဆုံးသွားပြီးနောက် ဆန္ဒပြသပိတ်မှောက်မှုများဆက်တိုက်ဖြစ်ပျက်နေပါတယ်။

ဒါ့အပြင်အီရန်အစိုးရဟာလည်းယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲရာတွင် ရုရှားစစ်တပ်ကိုကူညီထောက်ပံ့မှုများပြုလုပ်နေမှုအတွက် ဝေဖန်ခံနေရပါတယ်။

အီရန်စစ်တပ်ဟာယူကရိန်းကျူးကျော်စစ်တွင်ရုရှားစစ်တပ်အောင်နိုင်ရေးအတွက် အထူးတပ်ဖွဲ့အပြင်စစ်မြေပြင်သုံးဒရုန်းများလည်းကူညီနေပါတယ်။

ဒါကြောင့်လည်းရှက်တာဒိုးနက်စ်စီအီးအိုဆာဂျီပယ်ကင်ကဖီဖာအနေဖြင့်အီရန်ကိုကမ္ဘာ့ဖလားမှထုတ်ပယ်ပြီးယူကရိန်းနှင့်အစားထိုးသင့်ကြောင်းတိုက်တွန်းလာပါတယ်။

ယူကရိန်းဟာဇွန်လတုန်းကကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်တွင်ဝေးလ်ကို၁-၀ဂိုးဖြင့်ရှုူံးနိမ့်ကာကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ပါတယ်။

ပယ်ကင်က “ဒရုန်းတွေက သူတို့(အီရန်)ထုတ်လုပ်ထားတာ။အီရန်အစိုးရကပဲပေးပို့ပေးတာ။အီရန်နည်းပြဆရာ၊လေ့ကျင့်ပြီးသားစစ်သည်တွေပေးပို့ပေးတယ်။အဲဒီဒရုန်းတွေနဲ့နေအိမ်တွေ၊ပြတိုက်တွေ၊တက္ကသိုလ်၊ရုံးအဆောက်အဦတွေ၊အားကစားကွင်းတွေတွေကိုဖျက်ဆီးတယ်။အဆိုးဆုံးကတော့ယူကရိန်းပြည်သူတွေကိုသတ်နေတာပါ။ကလေးတွေလည်းပါတယ်။ကလေးတွေဟာသူတို့နိုင်ငံအသင်းကိုကမ္ဘာ့ဖလားမှာမြင်တွေ့ရဖို့အိပ်မက်မက်နေကြတယ်။ဒီတော့ဖီဖာနဲ့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ယူကရိန်းပြည်သူတွေကိုအကြမ်းဖက်မှုမှာတိုက်ရိုက်ပါဝင်နေတဲ့အတွက်အီရန်အသင်းကိုကမ္ဘာ့ဖလားကစားခွင့်ပိတ်ပင်သင့်တယ်။လစ်လပ်တဲ့နေရာကိုလည်းယူကရိန်းကိုအစားထိုးသင့်တယ်”လို့ဆိုသွားပါတယ်။

ZawGyi

အီရန္ကို ကမာၻ႔ဖလားမွ ထုတ္ပယ္ၿပီး ယူကရိန္းႏွင့္ အစားထိုးရန္ ဖီဖာ ဖိအားေပးခံရ

ဖီဖာဟာအီရန္ကိုကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွထုတ္ပယ္ၿပီးယူကရိန္းႏွင့္အစားထိုးရန္ဖိအားေပးျခင္းခံလာရပါတယ္။

အီရန္ဟာႏိုဝင္ဘာလ၂၁ရက္ေန႔တြင္အဂၤလန္ႏွင့္ကာတာကမာၻ႔ဖလားအဖြင့္ပြဲကစားရမွာျဖစ္ၿပီးအုပ္စု(ခ)ပြဲအျဖစ္အေမရိကန္၊ေဝးလ္တို႔ႏွင့္လည္းရင္ဆိုင္ရပါမယ္။

ဒါေပမဲ့ယခုလအေစာပိုင္းတုန္းကလူ႔အခြင့္အေရးလႈပ္ရွားသူမ်ားအဖြဲ႕ Open Stadium ကဖီဖာအေနျဖင့္အီရန္ရဲ႕အမ်ိဳးသမီးအခြင့္အေရးပိတ္ပင္မႈမ်ားအတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွထုတ္ပယ္သင့္ေၾကာင္းေတာင္းဆိုခဲ့ပါတယ္။

အီရန္ႏိုင္ငံအတြင္းတြင္အသက္၂၂ႏွစ္ရွိတကၠသိုလ္ေက်ာင္းသူမာဆာေအမီနီမွာေခါင္းၿမီးမၿခဳံမႈအတြက္ဖမ္းဆီးခံရၿပီးေနာက္ အခ်ဳပ္ခန္းအတြင္းတြင္႐ိုက္ႏွက္ခံရကာေသဆုံးသြားၿပီးေနာက္ ဆႏၵျပသပိတ္ေမွာက္မႈမ်ားဆက္တိုက္ျဖစ္ပ်က္ေနပါတယ္။

ဒါ့အျပင္အီရန္အစိုးရဟာလည္းယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲရာတြင္ ႐ုရွားစစ္တပ္ကိုကူညီေထာက္ပံ့မႈမ်ားျပဳလုပ္ေနမႈအတြက္ ေဝဖန္ခံေနရပါတယ္။

အီရန္စစ္တပ္ဟာယူကရိန္းက်ဴးေက်ာ္စစ္တြင္႐ုရွားစစ္တပ္ေအာင္ႏိုင္ေရးအတြက္ အထူးတပ္ဖြဲ႕အျပင္စစ္ေျမျပင္သုံးဒ႐ုန္းမ်ားလည္းကူညီေနပါတယ္။

ဒါေၾကာင့္လည္းရွက္တာဒိုးနက္စ္စီအီးအိုဆာဂ်ီပယ္ကင္ကဖီဖာအေနျဖင့္အီရန္ကိုကမာၻ႔ဖလားမွထုတ္ပယ္ၿပီးယူကရိန္းႏွင့္အစားထိုးသင့္ေၾကာင္းတိုက္တြန္းလာပါတယ္။

ယူကရိန္းဟာဇြန္လတုန္းကကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္တြင္ေဝးလ္ကို၁-၀ဂိုးျဖင့္ရႈူံးနိမ့္ကာကမာၻ႔ဖလားေျခစစ္ပြဲက်ခဲ့ပါတယ္။

ပယ္ကင္က “ဒ႐ုန္းေတြက သူတို႔(အီရန္)ထုတ္လုပ္ထားတာ။အီရန္အစိုးရကပဲေပးပို႔ေပးတာ။အီရန္နည္းျပဆရာ၊ေလ့က်င့္ၿပီးသားစစ္သည္ေတြေပးပို႔ေပးတယ္။အဲဒီဒ႐ုန္းေတြနဲ႔ေနအိမ္ေတြ၊ျပတိုက္ေတြ၊တကၠသိုလ္၊႐ုံးအေဆာက္အဦေတြ၊အားကစားကြင္းေတြေတြကိုဖ်က္ဆီးတယ္။အဆိုးဆုံးကေတာ့ယူကရိန္းျပည္သူေတြကိုသတ္ေနတာပါ။ကေလးေတြလည္းပါတယ္။ကေလးေတြဟာသူတို႔ႏိုင္ငံအသင္းကိုကမာၻ႔ဖလားမွာျမင္ေတြ႕ရဖို႔အိပ္မက္မက္ေနၾကတယ္။ဒီေတာ့ဖီဖာနဲ႔ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ယူကရိန္းျပည္သူေတြကိုအၾကမ္းဖက္မႈမွာတိုက္႐ိုက္ပါဝင္ေနတဲ့အတြက္အီရန္အသင္းကိုကမာၻ႔ဖလားကစားခြင့္ပိတ္ပင္သင့္တယ္။လစ္လပ္တဲ့ေနရာကိုလည္းယူကရိန္းကိုအစားထိုးသင့္တယ္”လို႔ဆိုသြားပါတယ္။