
ဂါရတ်ဆောက်ဂိတ်ဟာယနေ့ညအီရန်နှင့်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင်ခြေစွမ်းပျောက်နေတဲ့ဟယ်ရီမက်ဂွိုင်းယားနှင့်ရာဟမ်းစတာလင်းတို့ကိုပွဲထွက်ကစားသမားများအသုံးပြုလာမည်ဖြစ်ပြီးအကောင်းဆုံးပုံစံရရှိနေတဲ့ဖီးလ်ဖိုဒန်ကိုအရန်ခုံတွင်ထိုင်ခိုင်းလာမည်ဖြစ်ကြောင်းသိရပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာပြီးခဲ့တဲ့နှစ်ဝင်ဘာလေယူရို၂၀၂၀ဗိုလ်လုပွဲတုန်းကအီတလီနှင့်ပွဲတွင်အသုံးပြုခဲ့တဲ့ပွဲထွက်ကစားသမား၁၁ဦးတို့မှ၉ဦးတို့ကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုလာပါမယ်။
ဆောက်ဂိတ်ဟာအဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်ကိုနံပါတ်တစ်ဂိုးသမားအဖြစ်အသုံးပြုလာမှာဖြစ်ပြီးနောက်တန်းလေးဦးတန်းတွင်လုခ်ရှော၊ဂျွန်စတုန်း၊ဟယ်ရီမက်ဂွိုင်းယား၊ကီရန်ထရစ်ပီယာတို့ကိုအသုံးပြုလာပါမယ်။
The Sun ရဲ့ဖော်ပြချက်အရအလယ်တန်းသုံးဦးတွင်ဒက်လန်းရိုက်စ်၊ဂျူ့ဘယ်လင်ဂမ်၊မေဆင်မောင့်တို့အသုံးပြုလာမှာဖြစ်ပြီးတိုက်စစ်သမားသုံးဦးတွင်စတာလင်း၊ဟယ်ရီကိန်းနှင့်ဆာကာတို့ကိုအသုံးပြုလာပါမယ်။
အစောပိုင်းတုန်းကဆောက်ဂိတ်ဟာအီရန်နှင့်အဖွင့်ပွဲစဉ်တွင်၃-၅-၂ ကစားကွက်အသုံးပြုလာမယ်လို့ယူဆရပေမဲ့လည်း၄-၃-၃ကစားကွက်ကိုသာ ဆက်လက်အသုံးပြုရန်ဆုံးဖြတ်လာခဲ့တာလည်းဖြစ်ပါတယ်။
အံ့ဩစရာကောင်းတာကတော့ယခုရာသီတွင်မန်စီးတီးနှင့်အတူပရီးမီးယားလိဂ်မှာအကောင်းဆုံးပုံစံရရှိနေတဲ့ဖီးလ်ဖိုဒန်ကိုပွဲထွက်လူစာရင်းတွင်ချန်လှပ်လာမှုဖြစ်ပါတယ်။
ZawGyi
အီရန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲတြင္ မက္ဂြိဳင္းယားႏွင့္ စတာလင္းတို႔ကို အသုံးျပဳလာမယ့္ အဂၤလန္နည္းျပေဆာက္ဂိတ္
ဂါရတ္ေဆာက္ဂိတ္ဟာယေန႔ညအီရန္ႏွင့္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္တြင္ေျခစြမ္းေပ်ာက္ေနတဲ့ဟယ္ရီမက္ဂြိဳင္းယားႏွင့္ရာဟမ္းစတာလင္းတို႔ကိုပြဲထြက္ကစားသမားမ်ားအသုံးျပဳလာမည္ျဖစ္ၿပီးအေကာင္းဆုံးပုံစံရရွိေနတဲ့ဖီးလ္ဖိုဒန္ကိုအရန္ခုံတြင္ထိုင္ခိုင္းလာမည္ျဖစ္ေၾကာင္းသိရပါတယ္။
အဂၤလန္နည္းျပေဆာက္ဂိတ္ဟာၿပီးခဲ့တဲ့ႏွစ္ဝင္ဘာေလယူ႐ို၂၀၂၀ဗိုလ္လုပြဲတုန္းကအီတလီႏွင့္ပြဲတြင္အသုံးျပဳခဲ့တဲ့ပြဲထြက္ကစားသမား၁၁ဦးတို႔မွ၉ဦးတို႔ကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳလာပါမယ္။
ေဆာက္ဂိတ္ဟာအဲဗာတန္ဂိုးသမားေဂ်ာ္ဒန္ပစ္ဖို႔ဒ္ကိုနံပါတ္တစ္ဂိုးသမားအျဖစ္အသုံးျပဳလာမွာျဖစ္ၿပီးေနာက္တန္းေလးဦးတန္းတြင္လုခ္ေရွာ၊ဂြၽန္စတုန္း၊ဟယ္ရီမက္ဂြိဳင္းယား၊ကီရန္ထရစ္ပီယာတို႔ကိုအသုံးျပဳလာပါမယ္။
The Sun ရဲ႕ေဖာ္ျပခ်က္အရအလယ္တန္းသုံးဦးတြင္ဒက္လန္း႐ိုက္စ္၊ဂ်ဴ႕ဘယ္လင္ဂမ္၊ေမဆင္ေမာင့္တို႔အသုံးျပဳလာမွာျဖစ္ၿပီးတိုက္စစ္သမားသုံးဦးတြင္စတာလင္း၊ဟယ္ရီကိန္းႏွင့္ဆာကာတို႔ကိုအသုံးျပဳလာပါမယ္။
အေစာပိုင္းတုန္းကေဆာက္ဂိတ္ဟာအီရန္ႏွင့္အဖြင့္ပြဲစဥ္တြင္၃-၅-၂ ကစားကြက္အသုံးျပဳလာမယ္လို႔ယူဆရေပမဲ့လည္း၄-၃-၃ကစားကြက္ကိုသာ ဆက္လက္အသုံးျပဳရန္ဆုံးျဖတ္လာခဲ့တာလည္းျဖစ္ပါတယ္။
အံ့ဩစရာေကာင္းတာကေတာ့ယခုရာသီတြင္မန္စီးတီးႏွင့္အတူပရီးမီးယားလိဂ္မွာအေကာင္းဆုံးပုံစံရရွိေနတဲ့ဖီးလ္ဖိုဒန္ကိုပြဲထြက္လူစာရင္းတြင္ခ်န္လွပ္လာမႈျဖစ္ပါတယ္။