
အကြားအမြင်ရကုလားအုတ်တစ်ကောင်ဟာအင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲနှင့်ပတ်သက်ပြီးဟောကိန်းထုတ်မှုပြုလုပ်လာပါတယ်။
အကြားအမြင်ရကုလားအုတ်ကာမယ်လာကအီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင်အင်္ဂလန်တို့ ပြတ်ပြတ်သားသားအနိုင်ရမယ်လို့ဟောကိန်းထုတ်လာတာဖြစ်ပါတယ်။
အကြားအမြင်ရကုလားအုတ်ကာမယ်လာကို အသက်၅၂နှစ်ရှိဂျန်နီနှင့်ဗာနွန်မိုးတို့ကပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပိုင်ရှင်တို့ရဲ့ပြောကြားမှုအရကုလားအုတ်မလေးကာမယ်လာရဲ့အင်္ဂလန်ပွဲကိုဟောကိန်းထုတ်မှုတစ်ကြိမ်တစ်ခါမှ လွဲချော်ခဲ့ဖူးခြင်းမရှိကြောင်းဆိုထားပါတယ်။
ကာမယ်လာကို အီရန်အလံနှင့်အင်္ဂလန်အသင်းလံနှစ်ကြားတွင်ရပ်စေပြီး ဘယ်အသင်းအနိုင်ရမယ်ဆိုတာ အလံတိုင်ရှိတဲ့ဘက်သို့သွားစေကာ ဟောကိန်းထုတ်စေခဲ့တာဖြစ်ပါတယ်။ကာမယ်လာဟာအင်္ဂလန်အလံရှိရာဘက်သို့သွားကာအင်္ဂလန်အနိုင်ရမယ်လို့ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။
ကုလားအုတ်များကကမ္ဘာ့ဖလားကျင်းပရာကာတာနိုင်ငံရဲ့နာမည်ကျော်တိရစ္ဆာန်ဖြစ်ပါတယ်။ကာတာနိုင်ငံတွင်နာမည်ကျော်ကုလားအုတ်ပြိုင်ပွဲလည်းရှိပါတယ်။
ဒါ့အပြင်အကြားအမြင်ရကုလားအုတ်ဟာယနေ့ညကမ္ဘာ့ဖလားအိမ်ရှင်ကာတာနှင့်အီကွေဒေါပွဲကိုလည်းဟောကိန်းထုတ်ခဲ့ပါတယ်။ကာမယ်လာကကမ္ဘာ့ဖလားအဖွင့်ပွဲတွင်အီကွေဒေါအနိုင်ရမယ်လို့ဟောကိန်းထုတ်သွားပါတယ်။
ZawGyi
အီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် အင်္ဂလန်အနိုင်ရမယ်လို့ အကြားအမြင်ရ ကုလားအုတ်ဟောကိန်းထုတ်လာ